Restaurants



အွန်လိုင်းတွင် နာမည်ကြီးနေသည့် အိုင်ဆိုပိုဒါ ခေါက်ဆွဲပြုတ်

အွန်လိုင်းတွင် နာမည်ကြီးနေသည့် အိုင်ဆိုပိုဒါ ခေါက်ဆွဲပြုတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်ဝမ်မှ ထိုင်ပေမြို့ရှိ Ramen Boy ခေါက်ဆွဲပြုတ်ဆိုင်သည် သာမန်ခေါက်ဆွဲပြုတ်တစ်ပွဲကို ပင်လယ်ရေအောက် သတ္တဝါ အိုင်ဆိုပိုဒါ တစ်ကောင်နှင့်အတူ ရောင်းချသည်။

ခေါက်ဆွဲပြုတ် ပန်းကန်လုံးကို ကျောခွံမာ ရေသတ္တဝါ အိုင်ဆိုပိုဒါ တစ်ကောင်ဖြင့် ဖုံးအုပ်ပြီး တည်ခင်းသည်။

အကန့်အသတ်ဖြင့်သာ ရောင်းချသည်။ Ramen Boy ဆိုင်တွင် စာရင်းဝင် စားနေကျ ဖောက်သည်များအတွက်သာ ဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းထားရန်လည်း လိုအပ်သည်။ အိုင်ဆိုပိုဒါ ခေါက်ဆွဲပြုတ်တစ်ပွဲ တိုင်ဝမ်ဒေါ်လာသစ် ၁,၄၈၀ (၄၈ ကန်ဒေါ်လာ) ကျသင့်ပါသည်။

 

အိုင်ဆိုပိုဒါကို ထိုင်ဝမ်မှ ကောင်ရွှန်းမြို့ အနောက်တောင်ဘက်တွင် တည်ရှိသော  Pratas Islands (Dongsha Islands) အနီးတွင် ဖမ်းဆီးရရှိသည်။

 

 photo_2023-05-31_09-33-15.jpg

အရသာမှာ ကဏန်း၊ ကျောက်ပုစွန်၊ ပုစွန်ထုပ်ကြီး အရသာမျိုး ဖြစ်သည်။ အဝါရောင်ဂလင်းများမှာ ဂဏန်းဥ အရသာမျိုး ဖြစ်သည်။

 

photo_2023-05-31_09-33-06.jpg

 

 

ပင်လယ်အိုင်ဆိုပိုဒါသည် ကုန်းမြေတွင် တွေ့ရသော သစ်ဆွေးပိုး ကဲ့သို့ပင် ကရပ်စတေးဆီး မျိုးပေါင်းတွင် အပါအဝင် ဖြစ်ပြီး မျိုးစဉ်မှာ အိုင်ဆိုပိုဒါ isopod ဖြစ်သည်။ အိုင်ဆိုပိုဒါ အများစုမှာ ကျောရိုးမဲ့ ကျောခွံမာ ရေသတ္တဝါများ ဖြစ်သည်။

အိုင်ဆိုပိုဒါမျိုးစဉ်တို့သည် ခြေအစုံများ ၇ စုံ ပါရှိပြီး ခြေအားလုံး တူနေကြသည်။ ခေါင်း၌ အမွေးအမျှင်များလည်း ရှိပြီး အမြင်သန်သော မျက်စိတစ်စုံလည်း ရှိသည်။ 

 

photo_2023-05-31_09-33-11.jpg

 

ဝမ်းပိုက်တွင် အပြားချပ်ကလေးများ အကန့်ကန့်ပါသည်။ အလျား တစ်ပေနီးပါးအထိ ကြီးထွားသည်။ ပင်လယ်ရေအောက် မီတာ ၁၇၀ မှ ၂၁၄၀ အထိတွင် နေထိုင်ကျက်စားကြသည်။ အသားစားနို့တိုက်သတ္တဝါများ ဖြစ်သည်။ ရေသတ္တဝါအသေ ကောင်များကို စားသောက်သည်။ ပင်လယ်သခွား၊ တီပိုး ကဲ့သို့သော နှေးကွေးသည့် ရေနေသတ္တဝါများကိုလည်း စားသောက်သည်။

 

 

 

 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 31 May 2023 09:41
Rate this item
(0 votes)