Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Night Market အပြင် အစားအသောက်မျိုးစုံကို ၀ယ်ယူစားသောက်နိုင်မယ့် Food Court ကို ပြည်သူ့ရင်ပြင်တွင် လှစ်မည်ဖြစ်ကြောင်း

စမ်းချောင်းမြို့ နယ်၊ ပြည်သူ့ရင်ပြင်ရှိ ဓမ္မစေတီလမ်းဝင်ပေါက်နားတွင် Night Market အပြင် အစားအသောက်မျိုးစုံကို ၀ယ်ယူစားသောက်နိုင်မည့်

Food Court ကြီးကို အောက်တိုဘာလ ပထမအပတ်တွင် စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း Sanchaung Food Town – SFT ထံမှ သတင်းရရှိပါတယ်။

 

ယင်း Food Court ကြီးတွင် အစားအသောက်မျိုးစုံကို တစ်နေရာတည်းတွင် စုံစုံလင်လင် ရောင်းချပေးမယ့် ဆိုင်ခန်းများအပြင် ဟင်းချက်ပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများကို အမြဲတမ်းပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း Sanchaung Food Town-SFT မှ ပိုင်ရှင်ဖြစ်သူ ကိုအောင်မြတ်က ပြောကြားခဲ့ပါတယ်။

 

ဒီ Food Court မှာဆိုရင် လူငယ်တွေအတွက် ရှိုးပွဲတွေအပြင် အစားအသောက် ဟင်းချက်ပြိုင်ပွဲ၊ Free Style Rap ရွတ်ပြိုင်ပွဲအပြင် အခြားပြိုင်ပွဲတွေကို ဆုကြေးကောင်းကောင်းပေးပြီး တစ်ပတ်တစ်ခါ ကျင်းပပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

အစားအသောက်ဆိုင်တွေမှာ ၀ိတ်တာတွေ ထိုင်ခုံတွေ သန့်ရှင်းရေးတွေအစ အစ်ကိုတို့စိစဉ်ပေး ထားကြောင်း ပြောကြားခဲ့ပါတယ်။

 

Food Court တွင် ထူးခြားသည့် အစီအစဉ်တစ်ခုအနေဖြင့် ပြည်သူ့ရင်ပြင်ထဲရှိ လေယာဉ်ပျံကြီးအပေါ်သို့ တက်ရောက်ကာ ဓာတ်ပုံရိုက်ကူးနိုင်သည့် အစီအစဉ်ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဓာတ်ပုံများကို ဒရုန်းဖြင့် ရိုက်ကူးပေးသွားမည်ဖြစ်ကြောင်း ကိုအောင်မြတ်က ပြောကြားခဲ့ပါတယ်။

 

ယင်း  Food Courtကြီးကို စမ်းချောင်းမြို့ နယ်၊ ပြည်သူ့ရင်ပြင်၊ ဓမ္မစေတီလမ်းဝင်ပေါက် လေယာဉ်ကြီး နှစ်စင်းနောက်နားရှိ မြေဧက ၁ ဧကခွဲခန့်ကို သဘာဝကမ္ဘာကုမ္ပဏီထံမှ ငါးနှစ်စာချုပ်ဖြင့် ငှားရမ်းကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆိုင်ကြီးတစ်ဆိုင်နှင့် ဆိုင်အလတ် ၁၆ ဆိုင်၊ ၉ ခန်းတွဲနှင့် ၆ ခန်းတွဲဆိုင်ခန်း ၂၅ ဆိုင်၊ ဆိုင်အသေး ၄၅ ဆိုင် ၄၅ ခန်း စုစုပေါင်း ၈၇ ဆိုင်ကို ဖွင့်လှစ်ရန် စီစဉ်ထားကာ နံနက် ၇ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


Source: Pyi Myanmar Journal

Read times
Rate this item
(0 votes)