Restaurants



ဘီလ်ဂိတ်က ဘီယာလုပ်ငန်းတွင် ဒေါ်လာ တစ်ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံ

ဘီလ်ဂိတ်က ဘီယာလုပ်ငန်းတွင် ဒေါ်လာ တစ်ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်ဖြစ်ခဲ့ဖူးသူ Microsoft Corp ပူးတွဲ ထူထောင်သူ  ဘီလျံနာ ဘီလ်ဂိတ်က ဘီယာလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပါသည်။

ကမ္ဘာ့ထိပ်တန်း ဘီယာလုပ်ငန်း ဒတ်ခ်ျကုမ္ပဏီ Heineken Holding NV ၏ အစုရှယ်ယာများကို ဂိတ်က ကန်ဒေါ်လာ ၁ ဘီလီယံဖိုး နီးပါး ဝယ်ယူခဲ့ပါသည်။

အတိအကျ ဆိုရလျှင် Heineken ရှယ်ယာအစု ၁၀.၈ သန်းကို ကန်ဒေါ်လာ ၉၃၉.၈၇ သန်းဖြင့်  ဝယ်ယူထားပါသည်။

ဘီလ်ဂိတ်သည် Heineken Holding ၏ ရှယ်ယာ ၃.၈% ကို ဝယ်ယူခဲ့ရာ၌ ရှယ်ယာ ၆.၆၅ သန်းကို သူ့အနေဖြင့် ဝယ်ယူခဲ့ပြီး ၄.၁၈ သန်းကို သူထူထောင်ထားသည့် Bill & Melinda Gates Foundation Trust အနေဖြင့် ဝယ်ယူခဲ့သည်။

.

မက္ကဆီကိုနိုင်ငံမှ FEMSA (Fomento Económico Mexicano, S.A.B. de C.V.) သည် နိုင်ငံစုံ အဖျော်ယမကာနှင့် လက်လီစတိုးဆိုင် ရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး မက္ကဆီကိုနိုင်ငံ မွန်တာရီမြို့တွင် ရုံးစိုက်သည်။

FEMSA သည် Heineken တွင် ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး ရှယ်ယာအများအပြား ထုတ်ရောင်းချသည်ကို ဘီလ်ဂိတ်က ဝယ်ယူခဲ့ပါသည်။

.

ဘီလ်ဂိတ်သည် ၂၀၀၇ ခုနှစ်တွင် FEMSA ၏ ရှယ်ယာများ ကန်ဒေါ်လာ ၃၉၂ သန်းဖိုး ဝယ်ယူခဲ့ပါသည်။

၂၀၁၀ ခုနှစ်တွင် FEMSA က ၎င်း၏ ဘီယာချက်သည့် လုပ်ငန်းကဏ္ဍကို Heineken ထံ ရောင်းချခဲ့ပါသည်။ သို့ဖြစ်ရာ ဘီလ်ဂိတ်က Heineken ထံမှာလည်း ရင်းနှီးမြှုပ်နှံမှု ပြုပါသည်။

.

ဘီလ်ဂိတ်သည် ဘီယာကဏ္ဍတွင် အကြီးအကျယ်  ရင်းနှီးမြုပ်နှံမှုများ ရှိနေသော်လည်း ဘီယာ မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိပါသည်။

.

"ကျွန်တော်က ဘီယာ များများစားစား သောက်တဲ့သူ မဟုတ်ဘူး" ဟု သူက ပြောပါသည်။

.

ဘီယာ အသောက်များသူများကြား ရောက်ရှိနေသည့်အခါ လူမှုရေး ဝင်ဆန့်ရန်အတွက် ဘီယာ အတူသောက်ကြရသည့်အခါ ‌အပေါ့စားဘီယာကိုသာ ရွေးချယ်သောက်သုံးပါသည်။ ဘီယာတကယ်ကြိုက်သည့်သူများကို ဘီလ်ဂိတ်က သူဘီယာ မသောက်သည့်အတွက် တောင်းပန်စကား ပြောပြီး ဘီယာသောက်ဖို့ ငြင်းလေ့ ရှိပါသည်။

Source finance yahoo 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 15 June 2023 07:06
Rate this item
(0 votes)