Restaurants



လျှပ်စစ်ရထားဖြင့် စားပွဲထိုးသည့် စားသောက်ဆိုင်

လျှပ်စစ်ရထားဖြင့် စားပွဲထိုးသည့် စားသောက်ဆိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဆိုင်ဂုံရှိ စားသောက်ဆိုင်တစ်ဆိုင်သည် လျှပ်စစ်ရထားဖြင့် စားပွဲများထံ အစားအသောက်များ ပို့ဆောင်ရန် ဆန်းသစ်သောနည်းလမ်းကို တီထွင်သုံးစွဲပါသည်။

Train Restaurant ကို ဖွင့်လှစ်ခဲ့သည်မှာ လွန်ခဲ့သည့် ၃ လခန့်က ဖြစ်ပါသည်။ 

 

photo_2023-03-11_23-32-29.jpg

 

ဆိုင်ပိုင်ရှင်အမျိုးသမီး ငုယင်သီသီးက သူမသည် လွန်ခဲ့သော တစ်နှစ်ခန့်က ချက်သမ္မတနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ရထားစားသောက်ဆိုင်လုပ်ငန်း မော်ဒယ်အကြောင်း လေ့လာခဲ့ကြောင်း ပြောကြားခဲ့သည်။ "ဒါက ပျော်စရာကောင်းတဲ့ စီးပွားရေးပုံစံတစ်ခုလို့ ကျွန်မ ထင်တယ်၊ ဒါကြောင့် မော်ဒယ်ရထားတစ်စီးဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ ဗီယက်နမ်ကို ပြန်ပို့ဖို့ ဗီယက်နမ်ဒေါင် သန်း ၅၀၀ ($ 21,704) အကုန်အကျခံခဲ့ပါတယ်" ဟု အသက် ၄၁ နှစ်ရှိသူ ငုယင်သီသီးက ပြောကြားသည်။

 

 photo_2023-03-11_23-32-46.jpg

 

စားသောက်ဆိုင် အလယ်တွင် လှည့်ပတ်နေသော လျှပ်စစ်ရထားပေါ်တွင် ဟင်းလျာများ တင်ပေးထားသည်။ စားပွဲများသည် ရထားခေတ္တရပ်သည့် ဘူတာများ ဖြစ်သည်။ ၁၅ မှ ၂၀ စက္ကန့်ကြာ ရပ်နားမည် ဖြစ်သည်။ မှာထားသည့် ဟင်းလျာကို မှာထားသူက ရထားထံမှ ရယူရမည် ဖြစ်သည်။ 

စားသောက်ဆိုင်သည် ၁၂၀ စတုရန်းမီတာ ကျယ်ဝန်းပြီး အလယ်ဗဟိုရှိ စားပွဲရှည်ပေါ်တွင် လျှပ်စစ်ရထားတစ်စင်း တပ်ဆင်ထားသည်။

 

photo_2023-03-11_23-32-24.jpg

 

လျှပ်စစ်ရထား ပြေးဆွဲသည့် စားပွဲရှည်သည် အမြင့်တစ်မီတာနီးပါး ရှိသည်။  အနံ ၁.၅ မီတာနှင့် အရှည် ၁၅ မီတာနီးပါးရှိသည်။

ဥရောပမှ မှာယူသဖြင့် စားပွဲပေါ် မြင်ကွင်းတစ်ခုကို ရုပ်လုံးကြွ အလှဆင်ထားသည်မှာ ဥရောပဆန်သည်။ စက်သုံးဆီဆိုင်၊ ဘုရားကျောင်း၊ အိမ်ကြီးရခိုင် အစရှိသည်တို့ ရှိနေသည်။ လာရောက်စားသောက်ကြသူတို့သည် စားပွဲရှည်နဘေး ကပ်လျက် နေရာချထားသည့် စားပွဲများတွင် ထိုင်ကြရသည်။ လျှပ်စစ်ရထားလာလျှင်  ဟင်းလျာကို ယူဖို့ လက်လှမ်းမီနေစေသည်။

လူ ၅၀ ဦးအထိ နေရာစီစဉ်ထားသည်။

 

 

photo_2023-03-11_23-32-41.jpg

 

ငုယင်သီသီးက ကန်လန့်ကာ နောက်ကွယ်မှ  မီးဖိုချောင်တွင် အစားအစာကို ပြင်ဆင်သည်။ ထို့နောက် လျှပ်စစ်ရထားပေါ် တင်ပေးလိုက်မည် ဖြစ်သည်။

 

photo_2023-03-11_23-32-32.jpg

 

"စားပွဲပေါ်မှာ ရထားပတ်လမ်း ပြင်ဆင်ရတာ မခက်ဘူး။ အခက်ခဲဆုံးက လျှပ်စစ်ရထား သွားမယ့် အမြန်နှုန်း မှန်ကန်ဖို့၊ ရပ်စေချင်တဲ့ စားပွဲမှာ ရပ်ဖို့၊ စားပွဲမှားပြီး မရပ်ဖို့ စတာတွေအတွက် ဆော့ဖ်ဝဲ ဖန်တီးရတဲ့အပိုင်း ဖြစ်ပါတယ်။ စမ်းသုံးကြည့်ပြီး လွဲချော်တာတွေကို ပရိုဂရမ်ရေးတဲ့သူက ပြင်ပေးရတယ်။ အကြိမ်ကြိမ် စမ်းကြည့်ပြီး လွဲချော်တာတွေ အကြိမ်ကြိမ် ပြင်ပေးရတယ်" ဟု ငုယင်သီသီးက ပြောပြသည်။

 

photo_2023-03-11_23-32-36.jpg

 

ယခုအခါ လျှပ်စစ်ရထား ၅ စင်း သုံးစွဲလျက် ရှိသည်။ ဆိုင်မှာ လူပြည့်နေချိန်တွင်သာ ၅ စင်းစလုံး သုံးစွဲသည်။ များသောအားဖြင့် ၂ စင်း၊ ၃ စင်းကိုသာ သုံးစွဲသည်။ 

လျှပ်စစ်ရထားသည် အလေးချိန် ၄ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သည်။

ရထားအမြန်နှုန်းကို အက်ပ်ဖြင့် အတိုးအလျှော့ လုပ်နိုင်သည်။ 

ရထားများသည် ရှေ့သို့သာ သွားနိုင်သည်။ နောက်ပြန်ဆုတ်ခြင်း မပြုနိုင်ပေ။

 

photo_2023-03-11_23-32-50.jpg

 

စားသောက်ထားသော ပန်းကန်များကို မီးဖိုချောင်သို့ ပြန်ပို့ရန်အတွက်လည်း ရထားများကို အသုံးပြုသည်။

ရနိုင်သော အစားအစာ အမျိုး ၂၀ ရှိပြီး စားပွဲထိုး တစ်ဦးက တာဝန်ယူ မှာကြားပေးသည်။ ကျသင့်ငွေလည်း သူက သိမ်းပေးသည်။ 

ဟင်းလျာဈေးနှုန်းများမှာ ‌ဗီယက်နမ်ဒေါင် ၂၉,၀၀၀ မှ ၆၉,၀၀၀ (ကန်ဒေါ်လာ ၁.၂၂ မှ ၂.၉၁ အထိ) ဖြစ်ပါသည်။

 

 

photo_2023-03-11_23-32-55.jpg

 

ဆိုင်မှာ လာစေားကြသူ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ပါသည်။

နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဖွင့်သည်။

 

photo_2023-03-11_23-33-01.jpg

 

Source  VnExpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 11 March 2023 23:37
Rate this item
(0 votes)