Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ချစ်ခင်ရသူတွေနဲ့အေးအေးဆေးဆေး Chillနိုင်မယ့် နေရာလေး Malar Myaing Restaurant & Cafe

မိသားစုတွေ သူငယ်ချင်းတွေ အေးအေးဆေးဆေး တွေ့ဆုံစားသောက်နိုင်မယ့် နေရာကောင်းကောင်းလေးတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့

ပြည်သာယာ၊ဘောက်ထော် ထဲက Malar Myaing Cafe & Restaurant လေးရှိပါတယ်။

 45643879 2108286652568824 7090140786854985728 n

ချစ်စရာကောင်းပြီးမြင်တာနဲ့ Relax ဖြစ်စေမယ့် ဆိုင်အပြင်အဆင် မိသားစုဝင်တစ်ယောက်ချင်းစီ ရဲ့မတူညီတဲ့အကြိုက်တွေတိုင်း ကိုဖြည့်စွမ်းနိုင်မယ့် စုံလင်လှတဲ့ Menuတွေ ပြီးတော့ Breakfast ပါရောင်းချပါသေးတယ်။

 45671262 2108286042568885 7961038619794210816 o

အားလုံးအကြိုက်တွေ့စေမယ့် အရှေ့တိုင်းအစားအသောက်မျိုးစုံ၊ စစ်မှန်တဲ့အရသာကိုခံစားသွားရစေမယ့် Coffee နဲ့ Drinks တွေကိုလည်း ချိုသာတဲ့ ဈေးနှုန်းတွေနဲ့ ရနိုင်ပါတယ်။  ရနိုင်တဲ့ဟင်းလျာများကတော့ ကြက်၊ ၀က် ဟင်းလျာများ၊ အဆာပြေအစားအစာများ၊ ထမင်းနှင့်ခေါက်ဆွဲကြော်များ၊ ဟင်းချိုပွဲများ၊ အရွက်ကြော်များ၊ အသုပ်များ၊ ပင်လယ်စာများ အစရှိသဖြင့်လည်း ရနိုင်ပါတယ်။

 45820056 2108282459235910 6598787616135446528 o

ရန်ကုန်မြို့ထဲက ဆိုင်တွေအများကြီးထဲမှာမှ ကျယ်ဝန်းအေးချမ်းပြီး မာလာမြိုင်ဆိုတဲ့ အမည်လေးအတိုင်း စိမ်းလန်းတဲ့ မြင်ကွင်းလေးတွေနဲ့ မိသားစုတွေအတွက် အဆင်ပြေမယ့်နေရာ၊ ကားပါကင်အတွက်လည်း ထည့်စဉ်းစားစရာမလိုတဲ့ နေရာတစ်ခုကို ရှာနေတယ်ဆိုရင်တော့ Malar Myaing Cafe & Restaurant ကို လမ်းညွှန်ပေးလိုက်ပါတယ်။

 


အမှတ် (3/C) ၊ မာလာမြိုင်လမ်း ၊ ၁၆ရပ်ကွက် ၊ ဘောက်ထော်၊ ပြည်သာယာ၊ ရန်ကင်း။  ပြည်သာယာလမ်း၊ ရန်ကင်း က ဝင်လာရင် မာလာမြိုင်လမ်းအဆုံး မြသီတာလမ်းထောင့်မှာ ရှိပါတယ်။ ကျိုက္ကဆံ SuperOne က နေ ၃ မိနစ်လောက် ကားလေးမောင်းလာရင်ရောက်ပြီ။

 

သာယာရွှေပြည် အိမ်ရာအနီး၊ ဘောက်ထော် ILBC အနီးမှာမို့ ဖေဖေ မေမေ တို့ ကလေးကျောင်းကြိုရင်း အေးအေးဆေးဆေးအနားယူနိုင်ပါတယ်။ My Dream Hotel၊ Power Palace Hotel နဲ့ Hotel Pyi Thar Yar တို့နဲ့လည်းနီးပါတယ်။

 

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၆ မှ ည ၁၀ အထိ ဖြစ်ပြီး နံနက်စာကိုတော့ မနက် ၆ နာရီမှ မနက် ၁၀:၃၀ထိ တည်ခင်း သုံးဆောင်နိုင်ပါတယ်။ ဖုန်းနံပါတ်ကတော့ 09 255 561 457, 09 255 5658 ဆက်သွယ်မှာယူနိုင်ပါတယ်။

Read times Last modified on Wednesday, 14 November 2018 14:33
Rate this item
(0 votes)