Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ဆိုင်အတွက် လက်စွဲကျမ်းသစ် Covid-19 Playbook

ဆိုင်ထဲရောက်သောအခါ မတ်စ် ချွတ်လျှင် ထည့်သိမ်းထားရန် အိတ်ပေးထားသည်။ ဆိုင်ထဲရောက်သောအခါ မတ်စ် ချွတ်လျှင် ထည့်သိမ်းထားရန် အိတ်ပေးထားသည်။

Coronavirus ကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းရှိ စားသောက်ဆိုင်များတွင်

မဖြစ်မနေရုပ်ပိုင်းဆိုင်ရာဝေးကွာသော လုပ်ဆောင်မှုများ ပြုလုပ်ကြရသည်။ စားသောက်ဆိုင်များတွင် အများစုတို့သည် အမြတ်အစွန်းနည်းပါးစွာဖြင့် လုပ်ဆောင်နေသောကြောင့် Coronavirus ကူးစက်ရောဂါအတွက် ချမှတ်ပြဌာန်းထားသော အစီအမံများကြောင့် ထောင်သောင်းချီသော စားသောက်ဆိုင်များ လုပ်ငန်းရပ်ဆိုင်းသွားသည်။ စားသောက်ဆိုင်လောက စီးပွားရေးမှ မထွက်မဖြစ် ထွက်လိုက်ကြရသည်။
သို့သော် ဤကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကာလအတွင်း စားသောက်ဆိုင်များအတွက်အဖိုးတန်သောအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ သိုးမည်းစားသောက်ဆိုင်များ Black Sheep Restaurants မှ ထုတ်ဝေလိုက်သော Covid-19 Playbook အမည်ရှိ စားသောက်ဆိုင် လက်စွဲကျမ်းသစ် ဖြစ်သည်။ စာမျက်နှာ ၁၇ မျက်နှာသာ ပါသည်။
အောက်ပါလင့်တွင် PDF ကို ရယူနိုင်ပါသည်။
ပုံကို ထိပါ။



သိုးမည်းစားသောက်ဆိုင်များ Black Sheep Restaurants များ အုပ်စုသည် ဟောင်ကောင်တွင် နာမည်ရ ဆိုင်များအပါအဝင် ဆိုင်ပေါင်း ၂၅ ခုကို နေရာအနှံ့အပြားတွင် ဖွင့်လှစ်ထားသည်။
စားသောက်ဆိုင်အုပ်စုကို ပူးပေါင်းထူထောင်သူများ ဖြစ်ကြသည့် Asim Hussain နှင့် Christopher Mark တို့သည် တရုတ်ပြည်မကြီ းနယ်စပ်တလျှောက် ကိုဗစ် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေအခါ မည်သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။


ဇန်နဝါရီလတွင် ဆိုင်များမှ ဦးဆောင်သူများ အစည်းအဝေးထိုင်ကြပြီး ရှေ့ဆက်လုပ်ကိုင်မည့် အစီအစဉ်များကို မြေပုံထုတ်ကြသည်။ ဆိုင်များတွင် ကျင့်သုံးသော ပုံမှန်လုပ်ထုံးလုပ်နည်းများ ( standard operating procedures- SOP) ကို အစမှအဆုံး ပြန်လည် ရေးဆွဲသည်။ ထို့နောက် လုပ်ငန်းအတွင်း သုံးစွဲရန် ဖြန့်ဝေသည်။
မကြာခင်မှာပင် စားသောက်ဆိုင် လုပ်ငန်းကဏ္ဍအတွင်းမှ စားသောက်ဆိုင်များက အဆိုပါ လက်စွဲစာအုပ်ကို စိတ်ဝင်တစား ရှိကြသည်ကို သိရပြီး အများသုံးအဖြစ် ဖြန့်ဝေရန် ဆုံးဖြတ်ခဲ့ကြပြီး Black Sheep Restaurants ၏ ဝက်ဆိုက်တွင် Covid-19 Playbook ကို အခမဲ့ ရယူနိုင်ရန် တင်ပေးထားလိုက်သည်။
Covid-19 Playbook ပါအချက်များ အားလုံးကို လိုက်နာဆောင်ရွက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် မိမိလုပ်ကိုင်နေသော ဆိုင်အခြေအနေအရ မလုပ်နိုင်သည်များ ရှိနေလျှင် လုပ်နိုင်ဖို့ နည်းလမ်း ရှာသင့်သည်။ လောလောဆယ်တွင် လုပ်နိုင်သမျှသော အချက်များကို လိုက်နာသင့်သည်။ ဆိုင်မှာ လာစားသူတို့ စိတ်ချလက်ချ စိတ်အေးလက်အေး ရှိလျှင် ဆိုင်မှာ လာစားဖို့ တွန့်ဆုတ်မိကြတော့မည် မဟုတ်သည့်အပြင် ပြိုင်ဘက်တို့ထက် ပိုစိတ်ချရသော ဆိုင်တစ်ဆိုင်အဖြစ် ရွေးချယ်ကြမည် ဖြစ်သည်။

 

စားေသာက္ဆိုင္အတြက္ လက္စြဲက်မ္းသစ္ Covid-19 Playbook
Coronavirus ကူးစက္ေရာဂါေၾကာင့္ ကမာၻတစ္ဝွမ္းရွိ စားေသာက္ဆိုင္မ်ားတြင္ မျဖစ္မေန႐ုပ္ပိုင္းဆိုင္ရာေဝးကြာေသာ လုပ္ေဆာင္မႈမ်ား ျပဳလုပ္ၾကရသည္။ စားေသာက္ဆိုင္မ်ားတြင္ အမ်ားစုတို႔သည္ အျမတ္အစြန္းနည္းပါးစြာျဖင့္ လုပ္ေဆာင္ေနေသာေၾကာင့္ Coronavirus ကူးစက္ေရာဂါအတြက္ ခ်မွတ္ျပဌာန္းထားေသာ အစီအမံမ်ားေၾကာင့္ ေထာင္ေသာင္းခ်ီေသာ စားေသာက္ဆိုင္မ်ား လုပ္ငန္းရပ္ဆိုင္းသြားသည္။ စားေသာက္ဆိုင္ေလာက စီးပြားေရးမွ မထြက္မျဖစ္ ထြက္လိုက္ၾကရသည္။
သို႔ေသာ္ ဤကမာၻလုံးဆိုင္ရာအက်ပ္အတည္းကာလအတြင္း စားေသာက္ဆိုင္မ်ားအတြက္အဖိုးတန္ေသာအရာတစ္ခု ထြက္ေပၚလာခဲ့သည္။ ယင္းမွာ သိုးမည္းစားေသာက္ဆိုင္မ်ား Black Sheep Restaurants မွ ထုတ္ေဝလိုက္ေသာ Covid-19 Playbook အမည္ရွိ စားေသာက္ဆိုင္ လက္စြဲက်မ္းသစ္ ျဖစ္သည္။ စာမ်က္ႏွာ ၁၇ မ်က္ႏွာသာ ပါသည္။
ေအာက္ပါလင့္တြင္ PDF ကို ရယူႏိုင္ပါသည္။
ပုံကို ထိပါ။

 

 

သိုးမည္းစားေသာက္ဆိုင္မ်ား Black Sheep Restaurants မ်ား အုပ္စုသည္ ေဟာင္ေကာင္တြင္ နာမည္ရ ဆိုင္မ်ားအပါအဝင္ ဆိုင္ေပါင္း ၂၅ ခုကို ေနရာအႏွံ႔အျပားတြင္ ဖြင့္လွစ္ထားသည္။
စားေသာက္ဆိုင္အုပ္စုကို ပူးေပါင္းထူေထာင္သူမ်ား ျဖစ္ၾကသည့္ Asim Hussain ႏွင့္ Christopher Mark တို႔သည္ တ႐ုတ္ျပည္မႀကီ းနယ္စပ္တေလွ်ာက္ ကိုဗစ္ ဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔ေနအခါ မည္သို႔ ရင္ဆိုင္ရမည္ကို ေဆြးေႏြးတိုင္ပင္ခဲ့ၾကသည္။


ဇန္နဝါရီလတြင္ ဆိုင္မ်ားမွ ဦးေဆာင္သူမ်ား အစည္းအေဝးထိုင္ၾကၿပီး ေရွ႕ဆက္လုပ္ကိုင္မည့္ အစီအစဥ္မ်ားကို ေျမပုံထုတ္ၾကသည္။ ဆိုင္မ်ားတြင္ က်င့္သုံးေသာ ပုံမွန္လုပ္ထုံးလုပ္နည္းမ်ား ( standard operating procedures- SOP) ကို အစမွအဆုံး ျပန္လည္ ေရးဆြဲသည္။ ထို႔ေနာက္ လုပ္ငန္းအတြင္း သုံးစြဲရန္ ျဖန႔္ေဝသည္။
မၾကာခင္မွာပင္ စားေသာက္ဆိုင္ လုပ္ငန္းက႑အတြင္းမွ စားေသာက္ဆိုင္မ်ားက အဆိုပါ လက္စြဲစာအုပ္ကို စိတ္ဝင္တစား ရွိၾကသည္ကို သိရၿပီး အမ်ားသုံးအျဖစ္ ျဖန႔္ေဝရန္ ဆုံးျဖတ္ခဲ့ၾကၿပီး Black Sheep Restaurants ၏ ဝက္ဆိုက္တြင္ Covid-19 Playbook ကို အခမဲ့ ရယူႏိုင္ရန္ တင္ေပးထားလိုက္သည္။
Covid-19 Playbook ပါအခ်က္မ်ား အားလုံးကို လိုက္နာေဆာင္႐ြက္ႏိုင္လွ်င္ အေကာင္းဆုံးျဖစ္သည္။ သို႔ေသာ္ မိမိလုပ္ကိုင္ေနေသာ ဆိုင္အေျခအေနအရ မလုပ္ႏိုင္သည္မ်ား ရွိေနလွ်င္ လုပ္ႏိုင္ဖို႔ နည္းလမ္း ရွာသင့္သည္။ ေလာေလာဆယ္တြင္ လုပ္ႏိုင္သမွ်ေသာ အခ်က္မ်ားကို လိုက္နာသင့္သည္။ ဆိုင္မွာ လာစားသူတို႔ စိတ္ခ်လက္ခ် စိတ္ေအးလက္ေအး ရွိလွ်င္ ဆိုင္မွာ လာစားဖို႔ တြန႔္ဆုတ္မိၾကေတာ့မည္ မဟုတ္သည့္အျပင္ ၿပိဳင္ဘက္တို႔ထက္ ပိုစိတ္ခ်ရေသာ ဆိုင္တစ္ဆိုင္အျဖစ္ ေ႐ြးခ်ယ္ၾကမည္ ျဖစ္သည္။

Read times
Rate this item
(0 votes)