Restaurants
မြန်မာနိုင်ငံ၏ ပထမဆုံး အချိုပွဲသီးသန့် စားသောက်ဆိုင်တန်း ဖွင့်လှစ်
မြန်မာနိုင်ငံ၏ ပထမဆုံး အချိုပွဲသီးသန့် စားသောက်ဆိုင်တန်း The Central Sweets ကို ရန်ကုန်မြို့ ၊ ကံဘဲ့လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်တွင် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
ထို The Central Sweets သည် Marga Landmark မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဘက်စုံသုံးအိမ်ယာစီမံကိန်းများ အနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရပါတယ်။
"ဒီစားသောက်ဆိုင်တန်းမှာ လူကြိုက်များတဲ့အချိုပွဲအရောင်းဆိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖွင့်လှစ်ထားတဲ့အပြင် ဓာတ်ပုံရိုက်ဖို့အတွက်လည်း တခြားနေရာတွေနဲ့မတူဘဲ လှပတဲ့ နောက်ခံဒီဇိုင်းအပြင်အဆင်တွေကိုလည်း ပြင်ဆင်ထားတာကြောင့် ရန်ကုန်မြို့ က လူငယ်တွေအတွက် စုရပ်နေရာတစ်ခုဖြစ်လာမှာ အသေအချာပါပဲ" ဟု Marga Landmark မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ပါတယ်။
The Central Sweets တွင် Yogurt Land, တင့်တင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ၊ နတ်သုဒ္ဓါနှင့် CaCa Fresh Drinks & Coffee အစရှိသည့် မြန်မာနိုင်ငံ၏ နာမည်ကြီးအချိုပွဲအရောင်းဆိုင်များကို ဖွင့်လှစ်ထားပြီး တောင်ကိုရီးယားမှ အဆင့်မြင့်ရေခဲမုန့် အရောင်းဆိုင် တစ်ခုဖြစ်သော Remicone ၏ အရှေ့ တောင်အာရှဒေသအတွက် ပထမဆုံးအရောင်းဆိုင်ကိုလည်း ဖွင့်လှစ်ထား ကြောင်း သိရပါတယ်။
The Central Sweets တည်ရှိရာနေရာတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဈေးဝယ်လျှောက်လမ်းကိုလည်း လာမည့်နှစ်အတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရပါတယ်။
Source: Pyimyanmar