Restaurants



ခွန်အားဖြည့်အချိုရည် ခါရာဘောင် ဘီယာလုပ်ငန်း ချဲ့ထွင်

ခွန်အားဖြည့်အချိုရည် ခါရာဘောင် ဘီယာလုပ်ငန်း ချဲ့ထွင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Carabao Group မှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် Carabao Dang အဖျော်ယမကာသည် ထိုင်းနိုင်ငံတွင် ဒုတိယ ရေပန်းအစားဆုံး ခွန်အားဖြည့် အချိုရည် ဖြစ်သည်။

 

photo_2023-11-11_12-07-21.jpg

 

 

ဘီယာသောက်သုံးသူများသည် မတူကွဲပြားသော အရသာများကို ရှာဖွေနေကြသောကြောင့် တမူထူးခြားသော ဘီယာများဖြင့် ဘီယာဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် အချိန်တန်ပြီဖြစ်ကြောင်း ခါရာဘောင်၏ စီအီးအိုက ပြောကြားသည်။

ဘီယာ သောက်သုံးသူများ အရသာကြိုက်နှစ်သက်ပုံ  ပြောင်းလဲခြင်းနှင့် အစိုးရက ဘီယာ ထုတ်လုပ်မှုများအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းတို့သည် ဘီယာစျေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်း ဖြစ်နေသည်။

သို့ဖြစ်ရာ ခါရာဘောင်က ဘီယာလုပ်ငန်းကဏ္ဍကို ချဲ့ထွင်ကာ ထိုင်းနိုင်ငံ၏ အဓိက ဘီယာအမှတ်တံဆိပ်နှစ်ခုဖြစ်သည့် Singha နှင့် Chang တို့ကို ဘီယာ အမျိုးအမည် အသစ်များဖြင့် ယှဉ်ပြိုင်ရောင်းချသွားမည် ဖြစ်သည်။ 

 

 

photo_2023-11-11_12-02-48.jpg

 

Carabao ၏ ရေကျွဲ လိုဂိုသည် Chang ၏ ဆင်နှစ်‌ေကာင်နှင့် Singha ၏ ဒဏ္ဍာရီဆန်သော ရွှေခြင်္သေ့တို့ကို ဈေးကွက်ထဲမှာ တိုက်ပွဲဆင်နွှဲမည် ဖြစ်သည်။

 

 

photo_2023-11-11_12-02-18.jpg

 

“ခါရာဘောင်ကို ထိုင်းနိုင်ငံရဲ့ တတိယအကြီးဆုံး ဘီယာကုမ္ပဏီအဖြစ် လူသိများလာမှာပါ” ဟု ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ Sathien Setthasit က ပြောကြားသည်။

 

  

 

ကုမ္ပဏီသည် နောက်နှစ် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဘီယာဈေးကွက်၏ ၁၀% ကို သိမ်းပိုက်ရန် ရည်မှန်းထားသည်။ သုံးနှစ်မှ ငါးနှစ်အတွင်းမှာ ၂၀% သို့ တိုးစေရန် ရည်မှန်းထားသည်။ 

 

Carabao သည် ထိုင်းနိုင်ငံအလယ်ပိုင်း ချိုင်းနတ်ပြည်နယ်ရှိ လုပ်ငန်းစုပိုင် စက်ရုံတွင် ဘီယာချက်လုပ်ရန် စက်ပစ္စည်းကိရိယာများ တပ်ဆင်ရန်အတွက် ဘတ် ၆ ဘီလီယံ (ကန်ဒေါ်လာ ၁၆၇ သန်း) အထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

 

ကနဦးတွင် ဘီယာအမျိုးမျိုး တစ်နှစ်လျှင် လီတာသန်း ၂၀၀ အထိ ထုတ်လုပ်နိုင်ရန် စီစဉ်ထားသည်။ ဈေးကွက်ထဲ ရောင်းအားအပေါ် မူတည်ပြီး တစ်နှစ်လျှင် လီတာ သန်း ၄၀၀ အထိ တိုးမြှင့်မည် ဖြစ်သည်။

လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း နှစ်စဉ် ဘီယာအရောင်းဝင်ငွေ ဘတ် ၄၀ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားသည်။

 

 Carabao Group သည် ဘီယာလုပ်ငန်းကဏ္ဍ လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။ ကုမ္ပဏီ စက်ရုံမှ ထုတ်လုပ်သည့် ဘီယာကို ရောင်းချသည့် စားသောက်ဆိုင် Tawandang ရှိသည်။ ဝီစကီနှင့် အခြားအရက်များ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းခွဲလည်း ရှိသည်။

“ဘီယာဟာ ထိုင်းအဖျော်ယမကာဈေးကွက်ရဲ့ အကြီးဆုံးအပိုင်းကို ရယူထားတာကြောင့် လုပ်ငန်း ကြီးထွားချင်တယ်ဆိုရင် ဘီယာကို စလုပ်မှ ဖြစ်မယ်” ဟု Sathien က ဆိုသည်။

 

ထိုင်းနိုင်ငံ၏ ဘီယာဈေးကွက်သည် ၂၀၂၇ ခုနှစ်တွင် ဒေါ်လာ ၁၀.၄ ဘီလီယံအထိ ကြီးထွားလာမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၂ ခုနှစ်ထက် ၂၃% ပိုများမည်။ 

 

ထိုင်းဘီယာစျေးကွက်ကို Boon Rawd Brewery နှင့် TCC Group  လုပ်ငန်းစုကြီးနှစ်ခုက လွှမ်းမိုးထားသည်မှာ ကြာမြင့်စွာ ကတည်းက ဖြစ်သည်။

 

Singha ဘီယာ ထုတ်လုပ်သည့်  Boon Rawd ကို ၁၉၃၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

 

Chang ဘီယာ ထုတ်လုပ်သည့် TCC သည် ၁၉၉၅ ခုနှစ်တွင် ဈေးကွက်ထဲ စတင်ဝင်ရောက်ခဲ့သည်။

TCC က သက်သာသည့် ဈေးနှုန်းများဖြင့် တိုက်ပွဲ ဆင်နွှဲသည်။

Boon Rawd က ဈေးအနိမ့် ဘီယာအမှတ်တံဆိပ် Leo စတင် ထုတ်လုပ်ပြီး တန်ပြန်တိုက်ခိုက်သည်။

 

၂၀၂၀ ပြည့်နှစ်တွင် ထိုင်းဘီယာ ဈေးကွက်ထဲမှာ ရရှိထားသော ဈေးကွက်ဝေစု အသီးသီးကို ကြည့်လျှင် Boon Rawd က ၅၇%၊ TCC ၏ လက်အောက်ခံ Thai Beverage က ၃၄% ရရှိထားသည်။

 

၎င်းကုမ္ပဏီ နှစ်ခု ဆက်လက် ကြီးစိုးထားနိုင်စေရန် ထိုင်းအစိုးရ၏ ချုပ်ခြယ်မှုများက အထောက်အကူ ပြုပေးခဲ့သည်။ ဗုဒ္ဓဘာသာ ထိုင်းနိုင်ငံတွင် အရက်သောက်သုံးမှုအပေါ်  ဆန့်ကျင်မှုကို သဘောတူသောအားဖြင့် အစိုးရက အရင်းအနှီး ပမာဏနှင့် တနှစ်တာ ထုတ်လုပ်သည့် ပမာဏတို့ကို ကန့်သတ်ထားသည်။ ဘီယာဈေးကွက်ထဲ လုပ်ငန်းအသစ် ဝင်ရောက်ဖို့ ခက်ခဲနေစေသည်။ 

 

Move Forward နိုင်ငံရေးပါတီက ကုမ္ပဏီစုကြီးများ ကြီးစိုးထားနိုင်အောင် ကာကွယ်ပေးရာ ရောက်နေသည်ဟု ဝေဖန်သည်။ အစိုးရ၏ တားမြစ်ကန့်သတ်ချက်များ ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဖြေလျော့ပေးခဲ့သည်။

သို့ဖြစ်ရာ Carabao Group က ခွန်အားဖြည့် အချိုရည် အမည် Carabao ဖြင့်လည်း ဘီယာ စတင်ထုတ်လုပ်သည်။ 

ကုမ္ပဏီ၏ စားသောက်ဆိုင်အမည် Tawandang ဖြင့်လည်း ဘီယာ စတင်ထုတ်လုပ်သည်။  

 

ဈေးအနိမ့်ဘီယာကို ပုလင်းကြီး တပုလင်း ဘတ် ၆၀ ဖြင့် ဈေးဖွင့်သည်။ ပြိုင်ဘက်တို့ ရောင်းချနေသည့် ဈေးနှုန်းနှင့် အတူတူပင် ဖြစ်သည်။

 

ThaiBev နှင့် Boon Rawd တို့က ခါရာဘောင် ဘီယာဈေးကွက်ထဲ ဝင်ရောက်လာခြင်းကို ကြိုဆိုစကား ပြောကြားခဲ့ကြသည်။

ThaiBev စီအီးအို Thapana Sirivadhanabhakdi က သောက်သုံးသူတွေအတွက် ဝမ်းမြောက်ဖွယ်ဟု ပြောကြားသည်။

 

"စျေးကွက်ပြန်လည်အားကောင်းလာစေရန် စေ့ဆော်မှုကောင်း တစ်ခု" ဟု Boon Rawd က မှတ်ချက်ပြုသည်။

 

ဘီယာဈေးကွက်ထဲ အသစ်ဝင်လာသူအဖို့ အမှတ်တံဆိပ် လူသိများအောင် ကြော်ငြာခွင့် မရချေ။ 

အရက် ကြော်ငြာများ၊ အရက်နှင့်ပတ်သက်သည့် ကြော်ငြာများကို ပိတ်ပင်ထားသည်။

 

Thai Beverage နှင့် Boon Rawd တို့သည် ဘီယာ အမှတ်တံဆိပ်ကို တဖက်လှည့်ဖြင့် ကြော်ငြာကြသည်။ ဘီယာအမှတ်တံဆိပ် လိုဂိုပါသော ကာဘွန်နိတ်အချိုရည် ထုတ်လုပ်ပြီး ၎င်းအချိုရည်ဖြင့် လိုဂိုကို ကြော်ငြာသည်။

 

 Source Asia nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 11 November 2023 12:11
Rate this item
(0 votes)