Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Pizza Hut Myanmar မှ CHEESY BITES Shal မီနူးသစ်ကို မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲအမီ မိတ်ဆက်

၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ထင်ရှားတဲ့ ပီဇာစားသောက်ဆိုင်ဖြစ်တဲ့ Pizza Hut Myanmar မှ

ကမ္ဘာတစ်ဝန်းတွင် ထင်ရှားတဲ့ မီနူးတစ်ခုဖြစ်သော Cheesy Bites Pizza အား မြန်မာနိုင်ငံမှ စားသုံးသူများအတွက် ထူးခြားကောင်းမွန်တဲ့ CHEESY BITES Shal မီနူးသစ်အား ရန်ကုန်မြို့ ၆ မိုင်ခွဲ ပြည်လမ်း Marketplace by City Mart ရှိ Pizza Hut ဆိုင်ခွဲတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

Cheesy Bites Pizza သည် Pizza Hut ၏ ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော်ကြား လူကြိုက်များတဲ့ မီနူး တစ်ခုဖြစ်ပြီး ပီဇာ၏ ပတ်ပတ်လည်တွင် Cheese ဖြင့် ပြုလုပ်ထားသော တစ်ကိုက်စာ အလုံးလေးများအား ထူခြားပြီး အရသာရှိသော Cheesy Cheddar Bites, Crispy Sesame Bites နှင့် Sweet Honey Bites စသည် ဖြင့် အရသာ ၃ မျိုး ထည့်သွင်းဖန်တီးထားသဖြင့် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အတူတကွ ပျော်ရွှင်ကြည်နူးစွာဖြင့် မျှဝေစားသုံးနိုင်ပါတယ်။

 pizza hut

Cheesy Bites Pizza တစ်ချပ်၏ ဈေးနှုန်းမှာ ကျပ် ၁၇၀၀၀ ဖြစ်ပြီး Set အလိုက် မှာယူစားသုံးလိုအပါက Set 1 အဖြစ် Cheese Bites Pizza + Garlic Bread (၄) ခု + Pepsi (၂) ခွက်တို့ကို ကျပ် ၁၈၀၀၀ နှုန်းဖြင့် လည်းကောင်း၊ Set 2 အဖြစ် Cheese Bites Pizza + Garlic Bread (၆) ခု + Pepsi (၄) ခွက်+ Black Pepper Chicken Spaghtee (၁) တို့ကို ကျပ် ၂၂၀၀၀ နှုန်းဖြင့်လည်းကောင်း မှာယူသုံးဆောင်နိုင်ကြောင်း သိရပါတယ်။

 

အထူးပရိုမိုးရှင်းအနေဖြင့် CHEESY BITES Shal စားသုံးပြီးနောက် ထပ်မံမှာယူလိုသူများအနေဖြင့် Cheese Bites ပီဇာ တစ်ခုလျှင် ကျပ် ၁၂၀၀၀ နှုန်း၊ အခြားပုံမှန် ပီဇာတစ်ခုလျှင် ကျပ် ၁၀၀၀၀ နှုန်း၊ နှစ်သက်ရာ အရသာ ကြက်တောင်ပံ (၈) ခုကို ကျပ် ၅၀၀၀ နှုန်း၊ ကြက်သားနှင့် မှိုစွပ်ပြုတ်ကို ကျပ် ၂၀၀၀ နှုန်းနှင့် မည်သည့် အအေးကိုမဆို ကျပ် ၁၃၀၀ နှုန်း စသည်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

CHEESY BITES Shal စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် စားသုံးသူများအတွက် အပိုလက်ဆောင် ကူပွန်များ ပေးအပ်သွားမည်ဖြစ်ပြီး ကူပွန် (၁) ဆိုလျှင် Cheese Bites A La Carte (တစ်ခုစီ) အတွက် ၁၀% အထူးလျှော့ဈေး၊ ကူပွန် (၂) ဆိုလျှင် ကြက်တောင်ပံ (၆) ခု၊ ကူပွန် (၃) ဆိုလျှင် ကြက်သားနှင့် မှိုစွပ်ပြုတ်နှင့် Garlic Bread (4) ခု တို့ ရရှိမှာဖြစ်ပါတယ်။

 

CHEESY BITES Shal မီနူးသစ် စတင်ထွက်ရှိသည့် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးရှိ Pizza Hut ဆိုင်ခွဲများအားလုံးတွင် ပထမဆုံး လာရောက်ဝယ်ယူစားသုံးသူ အယောက် (၃၀) ကို Cheese Bites Pizza တစ်ချပ်လျှင် ကျပ် ၃၀၀၀ နှုန်း အထူးဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 10:55
Rate this item
(1 Vote)