Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


BreadTalk မှ ခရစ်စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကာလကို ဂုဏ်ပြုတဲ့အနေနဲ့ Chocolate Series မုန့်အသစ် များနှင့် မိတ်ဆက်

ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်ကာလ နီးကပ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် စားသုံးသူများကို ရည်ရွယ်ပြီး BreadTalk Myanmar မှ

အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ရောင်းချသွားမယ့် တီထွင် ဆန်းသစ်ထားတဲ့ ချောကလက် ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အစာသွပ်မုန့်တွေကို စတင်မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

 bt

‘Chocolate Series’ လို့ အမည်ပေးထားတဲ့ အရသာ ထူးခြားကောင်းမွန်တဲ့ ချောကလက်မုန့်တွေကို BreadTalk ရဲ့ ဆိုင်ခွဲတွေဖြစ်တဲ့ Junction City နဲ့ Junction Square အနီးရှိ Crystal Tower ဆိုင်ခွဲတွေမှာ ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၇ ခုနှစ်ကနေ ဇန်န၀ါရီလ ၂၅ ရက်၊ ၂၁၀၈ ခုနှစ် အထိသာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 BT3

Chocolate Series မုန့်တွေကို BreadTalk ရဲ့ ကိုယ်ပိုင်ထိပ်တန်း စားဖိုမှူးတွေက ကမ္ဘာ့အဆင့်မီ ချောကလက်တွေ ထုတ်လုပ်ရာမှာ နာမည်ကျော်ကြားတဲ့ ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းထားတဲ့ အရည်အသွေးမြင့် ချောကလက် အမျိုးမျိုးနဲ့သာ ဖန်တီးပြုလုပ်ထားတာလို့ သိရပါတယ်။

 

“ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကာလ ရောက်လာပြီဆိုတော့ မြန်မာနိုင်ငံက စားသုံးသူတွေနဲ့ ချောကလက် ချစ်သူတွေအတွက် BreadTalk က Chocolate Series ကို မိတ်ဆက်ဖို့ အကောင်းဆုံး အချိန်ပဲဖြစ် ပါတယ်။

 

ချောကလက်ဆိုတာ လူတိုင်း စွဲမက်စွာ စားသုံးလေ့ရှိတဲ့ အစားအစာတစ်ခုဖြစ်ပြီး သူ့ကို ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အစာသွပ်မုန့်တွေမှာ ထည့်ပေးလိုက်တဲ့အခါ အသက်အရွယ်မရွေး ပျော်ရွှင်ကျေနပ်စွာ စားသုံးကြတာကို တွေ့ရပါတယ်။

 

စားသုံးသူတွေ၊ အထူးသဖြင့် ချောကလက်ကို ကြိုက်နှစ်သက်တဲ့သူတွေ အားလုံးကို ကျွန်မတို့ရဲ့ အရေအတွက် ကန့်သတ်ပြီး ရောင်းချသွားမယ့် Chocolate Series မုန့်တွေကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ ကျွန်မတို့ရဲ့ ချောကလက်ကိတ်တွေက မိသားစုတွေနဲ့ သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ အကောင်းဆုံးဖြစ်မှာပါ” လို့ BreadTalk Myanmar မှ Marketing Manager ဒေါ်ဆုမြတ်နိုးက ပြောပါတယ်။

 

ချိုဆိမ့်မွှေးပျံ့တဲ့ ချောကလက် အဖြူနှင့်အမည်းတို့ ရောစပ်ထားတဲ့ ချစ်စဖွယ် Cocoa Teddy ကို ၁,၅၀၀ ကျပ်နဲ့ လည်းကောင်း၊ ပေါင်မုန့်သား အချိုနဲ့ ဖုံးလွှမ်းပေးထားပြီး ကိုယ်ပိုင်ပြုလုပ် ဖန်တီးထားတဲ့ ချောကလက်ခရင်မ်ချိစ်ကို ၁,၅၀၀ ကျပ်နဲ့ လည်းကောင်း ချောကလက်ချစ်သူတွေ အကြိုက်တွေစေမယ့် နူးညံ့ပြီး ပေါင်ဒါမှုန့်လေးတွေ ဖြူးထားတဲ့ ပေါင်မုန့်သားမှာ ချောကလက် အဆီအနှစ် အပြည့်ထည့်ပြီး ဖန်တီးပြုလုပ်ထားတဲ့ Choc Aleck ကို (၁,၅၀၀ ကျပ်)နဲ့ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။

 

ဝယ်ယူ အားပေးသူတွေအတွက် အထူးအစီအစဉ်အနေနဲ့ Cocoa Teddy၊ C

BT2

hocolate Cream Cheese နဲ့ Choc Aleck သုံးမျိုး ၀ယ်ယူရင် ၃,၉၀၀ ကျပ်နဲ့ ရောင်းချ ပေးသွားမှာပဲ ဖြစ်ပါတယ်။


နူးညံ့တဲ့ ခေါင်းအုံးပေါင်မုန့်ပေါ်မှာ ချောကလက်အနှစ်အပြည့် ဖုံးအုပ်ထားတဲ့ Chocolate Ganache (၁,၄၀၀ ကျပ်)နဲ့ ချောကလက်တုံးလေးတွေနဲ့ လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ ပေါင်မုန့်လုံး Chocolate Toast (၃,၉၀၀ ကျပ်) ကိုလည်း ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ချောကလက် ချစ်သူတွေအတွက် နူးညံ့တဲ့ ချောကလက်ချီဖွန် ကိတ်သားကို အတွင်းမှာ ချောကလက်အနှစ်နဲ့ ပြုလုပ်ထားတဲ့ Chocolate Heaven၊ ချော့ကလက်အနှစ်တွေနဲ့ ဖုံးအုပ်ထားပြီး ကိတ်ပေါ်မှာ ချယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ အသီးလေးတွေ၊ ချောကလက် macaroon လေးတွေကိုပါ ထည့်ပေးထားတဲ့ Boston Chocolate၊ နဲ့ ချောကလက်မွမွလေး တစ်ကိုက်စာ စားလိုက်ချိန်တွင် လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး အရသာကိုပါ ခံစားရမယ့် Chocolatae Soufflé စတဲ့ ကိတ်အမျိုးအစား ၃ မျိုးကို တစ်မျိုးလျှင် ၃၉,၈၀၀ ကျပ်နဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အထူးအစီအစဉ်အနေနဲ့ Chocolate Series ကိတ် ၃ မျိုးမှ တစ်မျိုးဝယ်ယူသူတိုင်းကို ၃,၀၀၀ ကျပ်တန် BreadTalk မှ မေတ္တာလက်ဆောင် ဈေးဝယ်ကတ် ရရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:44
Rate this item
(1 Vote)