Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


YKKO Duet Challenge Bowl 2019 ပြိုင်ပွဲကြီး

ဇူလိုင် (၂၇) နှင့် (၂၈) ရက်နေ့ မြောက်ဥက္ကာပဆိုင်ခွဲမှာ ​​နေ့လည်​ (၁၁)နာရီက​နေ ည​နေ (၇)နာရီထိ YKKO Duet Challenge Bowl 2019 ပြိုင်ပွဲကြီးစမှာနော်။

 

ဘာလီကိုသွားဖို့ ဖိုင်နယ်ထိ တက်သွားမယ့် စံချိန်ချိုး အတွဲဖြစ်ဖို့ လာပြိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

 

Challenge Bowl ကြေးအိုးပွဲကြီးတစ်ပွဲကို နှစ်ယောက်အတူတူစားပြီး (၅) မိနစ်အတွင်းအကုန်စားနိုင်ရင်တော့ (၀) ကျပ်၊ မကုန်ခဲ့ရင်တော့ (၅၅၀၀ ကျပ် Tax ပါအပါအဝင်) ပေးရမှာပါ။

 

ပြိုင်ပွဲကြီးကျင်းပပေးမယ့် ဆိုင်တွေကတော့ -


⭐️- ဇူလိုင်လ (၂၇)ရက် နှင့် (၂၈)ရက်နေ့မှာ YKKO မြောက်ဥက္ကလာပဆိုင်ခွဲ


⭐️- ဇူလိုင်လ (၂၉)ရက် နှင့် (၃၀)ရက်နေ့မှာ YKKO ဝါးတန်းလမ်းဆိုင်ခွဲ


⭐️- ဇူလိုင်လ (၃၁)ရက် နှင့် သြဂုတ်လ (၁)ရက်နေ့မှာ YKKO ပြည်သူရင်ပြင်ဆိုင်ခွဲ


⭐️- သြဂုတ်လ (၂)ရက် နှင့် (၃)ရက်နေ့မှာ YKKO မြန်မာပလာဇာဆိုင်ခွဲ


⭐️- သြဂုတ်လ (၄)ရက် နှင့် (၅)ရက်နေ့မှာ YKKO တောင်မြင်းပြိုင်ကွင်းဆိုင်ခွဲ

 

ငါးဆိုင်တိတိ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့သူတွေထဲက မိနစ်အနည်းဆုံး အတွဲ (၈) တွဲကို သြဂုတ်လ (၉)ရက်နေ့ မြန်မာပလာဇာမှာ ဖိုင်နယ်ပွဲကြီးကျင်းပကာ ဆုများပေးအပ်သွားမှာပါ။

 

Duet Challenge Bowl မှာ ချစ်ချစ်နဲ့အတူတူစားမလား၊ သူငယ်ချင်းနဲ့စားမလား၊ ဖေဖေမေမေတို့နဲ့အတူတူစားမလား ဘယ်လိုပဲလာစားစား နှစ်ယောက်တွဲပြိုင်ပြီး ဘာလီခရီးစဉ်ကိုအတူတူသွားကြရအောင်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Saturday, 27 July 2019 10:33
Rate this item
(0 votes)