Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


စိတ်ကြိုက်ပင်လယ်စာ

စိတ်ကြိုက်ပင်လယ်စာဆိုင်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်တွင်

ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ကျော်တိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ စိတ်ကြိုက်ပင်လယ်စာ စားသုံးသူတွေများလာတဲ့အတွက် ဆိုင်ကြီးချဲ့ဖို့ ပြင်ဆင် နေကြောင်းလည်းသိရပါတယ်။

ဆိုင်အပြင်အဆင်ကလည်း သန့်ရှင်းသပ်ယပ်ပြီး ပင်လယ်စာများမှာလည်း လတ်ဆတ်ပြီး စုံလင်လှပါတယ်။ ပင်လယ်စာစားချင်သူများ ပင်လယ်ကမ်းခြေထိသွားစရာမလိုဘဲ ဒီစိတ်ကြိုက်ပင်လယ်စာဆိုင်မှာပဲ မှာယူသုံး ဆောင်လို့ရပါတယ်။

ဆိုင်တွင် အထူးဟင်းလျာအဖြစ် Boiling Sea Food, ပုစွန်မီးတောက်အစပ်ချက်နှင့် ပင်လယ်စာမျိုးစုံပေါင်းတို့သည် ဆိုင်၏ အထူးဟင်းလျာများဖြစ်ပါတယ်။ ထို့အပြင် ကျောက်ပုစွန်၊ ဂဏန်းလက်မနှင့် ဂုံးစိမ်းတို့သည်လည်း ဆိုင်၏ လူကြိုက်များသော ဟင်းလျာများဖြစ်ပါတယ်။

ဆိုင်တွင် သောက်စရာများကတော့ အချိုရည်အစုံ၊ သစ်သီးဖျော်ရည်၊ ဘီယာနှင့် ၀ိုင်တို့ကိုလည်း တွဲဖက်မှာယူ သုံးဆောင်နိုင်ပါတယ်။

ဈေးနှုန်းတွေကတော့ ၂၅၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ ရှိတဲ့အတွက် မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနှင့် သွားရောက်စားသောက်ကြတာများပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီမှ ည ၁၀နာရီခွဲအထိ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

အမှတ် ၁၈၇၊ ဗဟိုလမ်းနှင့် ရွှေလောင်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း ၀၉-၂၆၀၈၀၀၅၀၀

Read times Last modified on Thursday, 13 September 2018 16:59
Rate this item
(3 votes)