Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ဆိုင်လုပ်ငန်းကဏ္ဍ ၆၀%ခန့်အထိ ပိတ်သိမ်းရန်စီစဉ်နေ

ရန်ကုန်တိုင်းဒေကြီးအတွင်းရှိမြို့နယ်များတွင် Stay home ကြေညာချက်များထုတ်ပြန်ထားသဖြင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့်ပါဆယ်စနစ်ဖြင့်သာရောင်းချနေရသည့်အတွက်

အရှုံးပေါ်ကာ စားသောက်ဆိုင် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိပိတ်သိမ်းနိုင်ပြီး အလုပ်လက်မဲ့များများပြားလာနိုင်ကြောင်းစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းကပြောပါတယ်။

"ဆိုင်တွေကပိတ်ထားရတာများတယ်။ပါဆယ်ကအဆင်မှမပြေတာ။တချို့Brandရှိတဲ့ဆိုင်တွေတောင်ငါးဆိုင်ရှိရင်နှစ်ဆိုင်လောက်ဘဲကျန်တော့တယ်။ထပ်ပိတ်သွားမဲ့ဆိုင်တွေအများကြီးရှိတယ်။ပထမလှိုင်းကကောက်ထားခဲ့တဲ့စာရင်းအရဆို ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ပိတ်သွားဖို့ရှိတယ်။အခုမှာကိုဆိုင်တော်တော်များများက ဝန်ထမ်းအရင် ၁၀ ယောက်ရှိရင်အခုက ၃ ယောက်နဲ့ဘဲလည်ပတ်နေတာ။ဆိုင်တွေက zero income မဟုတ်ဘူး။အနှုတ်ကိုပြနေတာ။ဆိုင်ငှားခတွေ ဝန်ထမ်းလစာတွေရှိတယ်။ ဒီအတိုင်းဆက်သွားရင်တစ်လ နှစ်လအတွင်းအပြီးပိတ်သွားဖို့ဆိုင်တွေအများကြီးရှိနေပြီ။စီးပွားရေးကတော့တော်တော်လေးအခြေအနေဆိုးနေပါပြီ"လို့ဦးနေလင်းကပြောပါတယ်။
လဖ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်ပြန်လည်ခွင့်ပြုရန်နှင့် အခွန်စည်းကြပ်မှုများလျှော့ပေါ့ပေးရေးအတွက် သက်ဆိုင်အစိုးရဌာနများသို့ နိုဝင်ဘာလကစာပို့တင်ပြထားသော်လည်း ယခုအချိန်အထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း၎င်းကပြောပါတယ်။
"Covid နဲ့အတူယှဉ်တွဲနေထိုင်ရမယ်ဆိုတဲ့အခြေအနေမှာစည်းကမ်းမလိုက်နာရင် ဆိုင်ကမှမဟုတ်ဘူး။တခြားနေရာတွေကလည်းကူးနိုင်တာဘဲ။ပိတ်တဲ့ဆိုင်ကပိတ် ဖွင့်တဲ့ဆိုင်ကဖွင့်ဖြစ်နေမဲ့အစား။ပိတ်ရင်လည်အကုန်ပိတ် ဖွင့်ရင်လည်းစည်းမျဉ်းဥပဒေတွေနဲ့အညီစည်းကြပ်အရေးယူပြီး ဖွင့်ခိုင်းရင်အဆင်ပြေမှာပါ။အခုကဖွင့်တဲ့ဆိုင်ကဖွင့်ပိတ်တဲ့ဆိုင်ကပိတ်ဆိုတော့ ဆိုင်တွေအချင်းချင်းကြားလည်းမကျေမနပ်တွေဖြစ်လာကြရပြီ"လို့ဦးနေလင်းကပြောပါတယ်။
COVID-19 ရောဂါသည် ရာသီတုပ်ကွေးကဲ့သို့ ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားနေမည်ဖြစ်ရာ COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာဆက်လက်လိုက်နာပြီး COVID-19 နှင့်အတူ ယှဉ်တွဲ၍ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ၂၂ ရက်တွင် ထုတ်ပြန်ကြေညာထားပါတယ်။

MyanmarLabourNews

Read 2611 times
Rate this item
(0 votes)