Restaurants



ဗီယက်နမ်ကော်ဖီ တင်ပို့မှု နှစ်ဆတက်

ဗီယက်နမ်ကော်ဖီ တင်ပို့မှု နှစ်ဆတက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၃၀,၀၀၀ တင်ပို့ခဲ့ပြီး ဒေါ်လာ ၆၂၃ သန်း ရရှိခဲ့သည်။ 

ယမန်နှစ် ဇန်နဝါရီလထက် တန်ချိန် ပမာဏ ၆၁.၆ ရာခိုင်နှုန်း ပိုများခဲ့ပြီး စုစုပေါင်းတန်ဖိုး  ၁၀၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ အချက်အလက် ထုတ်ပြန်သည်။

ကော်ဖီစိုက်ခင်းများတွင် ကော်ဖီဝယ်ယူသည့် ဈေးနှုန်းများ မြင့်တက်နေသည်။ တစ်ကီလိုဂရမ်လျှင် ဒေါင် ၇၈,၂၀၀ - ၇၉,၄၀၀ ($3.2-3.25) ပေါက်ဈေး ဖြစ်ပေါ်နေသည်။ 

တစ်ကီလိုဂရမ်လျှင် ဒေါင် ၈၀,၀၀၀ ကို ကျော်လွန်သည်အထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ် နှစ်သစ်ကူး "တက်" ပွဲတော်မတိုင်ခင် ကုန်သည်များက အဝယ်များခဲ့သောကြောင့် ဖြစ်သည်။ ပြည်ပတင်ပို့သူများကလည်း ယမန်နှစ်က ပစ္စည်းပြတ်လပ်ခဲ့သဖြင့် ယခုနှစ်တွင် ပိုပိုသာသာ ဝယ်ယူကြခြင်းကြောင့် ဝယ်လိုအား မြင့်တက်ပြီး ဈေးတက်သည်။

 

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ကော်ဖီ တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့ပါသည်။

၂၀၂၂ ခုနှစ်ထက် တန်ချိန်ပမာဏ ၈.၇% လျော့နည်းခဲ့သော်လည်း စုစုပေါင်းတန်ဖိုး ၄.၆% ပိုများခဲ့ပြီး ကန်ဒေါ်လာ ၄.၂၄ ဘီလီယံ ရရှိခဲ့ပါသည်။

 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)