Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


TRY FAST FOOD RESTAURANT ဆိုင်သစ်ဖွင့်လှစ်ခြင်း

ပထမဆုံး TRY FAST FOOD RESTAURANT ဆိုင်ခွဲကိုတော့ လမ်းသစ်လမ်း၊ လမ်းမတော်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါတယ်။

ယနေ့ဖွင့်လှစ်လိုက်တဲ့ TRY Fast Food Restaurant ဆိုင်ခွဲကို လှည်းတန်းလမ်းမ၊ ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပါတယ်။

 

23635440 1915233915158952 1268733691 n

ဆိုင်နေရာကျဉ်းသော်လည်း ထိုင်ခုံလေးများကို သပ်သပ်ရပ်ရပ်နှင့် နေရာဆန့်အောင် ပြုလုပ်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

 

အပြင်လာရောက်သုံးဆောင်တဲ့ Customer များကို စိတ်အေးချမ်းသာပြီး အဆင်ပြေပြေ သုံးဆောင်နိုင်ရန်အတွက် Air-con လေးဖွင့်ထားပြီး တံခါးပိတ်ပေးထားတဲ့အတွက် TRY အစားအစာများကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

23667188 1915251675157176 534042159 n

 

TRY’s menu တွေထဲမှာ အဓိကအစားအစာကတော့ ကြက်ကြော်၊ ဂဏန်းပျော့ကြွပ်ကြော်၊ ငါးကြွပ်ကြော်၊ ချင်းရနံ့ကြက်ကြော်နှင့် ချင်းရနံ့ကြက်တုံးကြော်တို့ ကို ရနိုင်ပါတယ်။

23718336 1915251691823841 1196384686 n

 

Side Dish အစားအစာများကတော့ အာလူးကတ်သလိပ်၊ အာလူးထမင်းဟင်း၊ ဆီထမင်း၊ လက်ဖက်ထမင်း၊ ကော်ပြန့်ကြွပ်ရွကြော်တို့ ရနိုင်ပါတယ်။

 

တွဲဖက်အသုပ်စုံများကတော့ ဘူးသီးပျိုလေးသုပ်၊ ကော်ပြန့်ကြွပ်ရွသုပ်၊ ခရမ်းချဉ်သီးချက်ကြီးသုပ်၊ နှစ်တစ်ရာဘဲဥသုပ်၊ စိမ်းခွာရွက်သုပ်၊ မောရှမ်းလက်ဖက်သုပ်တို့ ရနိုင်ပါတယ်။

23635527 1915251678490509 1567860168 n

 

အချိုပွဲများကတော့ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ငှက်ပျောပေါင်း တို့ရနိုင်ပြီး သောက်စရာအနေနဲ့ကတော့ Pepsi, 7 up, Marina, Milk Tea, Milk Coffee, Cappuccino, Latte, Milo Dinosaur တို့ရနိုင်ပါတယ်။

 

ဈေးနှုန်းများကတော့ အနည်းဆုံး ၉၀၀ ကျပ်မှ စတင်၍ သုံးဆောင်နိုင်ပြီး Combo Set (A) ကို ၂၉၀၀ ကျပ် သတ်မှတ်ပေးထားပြီး Combo Set (B) ကို ၃၉၀၀ ကျပ် သတ်မှတ်ထားပါတယ်။

 

ဆိုင်ဖွင့်ချိန်မှာ နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။

 

ဆိုင်လိပ်စာမှာ အမှတ် (၁၄)၊ မြေညီထပ်၊ လှည်းတန်းလမ်းမ၊ (၃) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာနှင့် မျက်နှာချင်းဆိုင်၊ ကမ္ဘောဇဘဏ်အနီး တွင် ဖွင့်လှစ်ထားပါတယ်။

 

ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၀၉-၉၇၇၇၃၁၃၃ သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:41
Rate this item
(1 Vote)