Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Heineken အပါအဝင် ဘီယာအမျိုးမျိုး ရောင်းအားကျ

ကမ္ဘာ့ဒုတိယအကြီးဆုံး ဘီယာကုမ္ပဏီကြီးဖြစ်သည့် Heineken သည် မတ်လတွင် ဘီယာရောင်းချမှု ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

COVID-19 ရောဂါကူးစက်ခြင်းကြောင့် ကမ္ဘာအနှံ့ရှိ အရက်ဆိုင်များနှင့် စားသောက်ဆိုင်များကိုပိတ်ထားရသဖြင့် ဒေသအားလုံးတွင် သိသိသာသာကျဆင်းခဲ့သည်။

Heineken, Tiger နှင့် Sol ဘီယာနှင့် Strongbow cider တို့၏ ဘီယာထုတ်လုပ်မှုက ပထမသုံးလပတ်တွင် ဘီယာပမာဏ ၂% လျော့နည်းမည်ဟု ခန့်မှန်းထားပြီး ပန်းသီးအရက်နှင့် အချိုရည်များအပါအဝင် ယမကာအားလုံး၏ စုစုပေါင်းရောင်းအားပမာဏ ၄% ကျဆင်းသွားသည်။

ဒုတိယသုံးလပတ်မှာ ပိုမိုဆိုးရွားသွားလိမ့်မည်။ lockdown shutdown များ ဖယ်ရှာပေးပြီးသည့် နောက်တွင် စီးပွားရေးအပေါ်သက်ရောက်မှုသည် ဒုတိယနှစ်ဝက်တွင် ဆက်ရှိနေဦးမည်ဟု ခန့်မှန်းထားကြသည်။

 





Read times
Rate this item
(0 votes)