Restaurants



ကုန်ဈေးနှုန်းကြောင့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ရောင်းအား စံချိန်တင်မြင့်တက်

ကုန်ဈေးနှုန်းကြောင့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ရောင်းအား စံချိန်တင်မြင့်တက်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ကမ္ဘာ့ အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ဝယ်လိုအားသည် ယမန်နှစ်က စားသုံးမှု ပွဲပေါင်း ၁၂၁.၂ ဘီလီယံအထိ ရှိလာခဲ့သည်။ ၇ နှစ်ဆက်တိုက် ၁ နှစ်ထက် ၁ နှစ် မြင့်တက်လာခဲ့ရာမှ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိလာသည်။

 

ကမ္ဘာ့ အသင့်ပြုတ်စား ခေါက်ဆွဲခြောက် အသင်း World Instant Noodles Association အဆိုအရ ပွဲ အရေအတွက်သည် ၂၀၂၂ ခုနှစ်တွင်၂၀၂၁ ခုနှစ်ထက် ၂.၆% နီးပါးမြင့်တက်လာသည်။ နိုင်ငံ စီးပွားရေး ၅၆ ခုတွင် ဈေးကွက်သို့ ပေးပို့သည့် ပမာဏအပေါ် အခြေခံထားသည့် အချက်အလက် ဖြစ်ပါသည်။

 

 

photo_2023-09-25_08-07-44.jpg

 

 

ဟောင်ကောင်အပါအဝင်ဖြစ်သော တရုတ်နိုင်ငံသည် ယမန်နှစ်က ထိပ်တန်းခေါက်ဆွဲခြောက်ဈေးကွက်ဖြစ်ခဲ့သည်။ တရုတ်ပြီးလျှင် အိန္ဒိယ၊ ဗီယက်နမ်၊ ဂျပန်တို့ ဖော်ပြထားသည့် အစဉ်အတိုင်း ရှိနေသည်။ 

၂၀၂၀ ပြည့်နှစ်တွင် ကပ်ရောဂါကြောင့် လူများ အပြင်မထွက်ကြရချိန်တွင် ကမ္ဘာ့ဝယ်လိုအား ၉.၅% တက်လာခဲ့သည်။ ၂၀၂၁ တွင် ၁.၄% မြင့်တက်ခဲ့သည်။ 

ယမန်နှစ်က ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံအများအပြားတွင် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်သည်။ ထိုအခါ စားသုံးသူတို့သည် ဈေးတန်သည့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ စားသုံးကြသည်။

 

အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ဝယ်လိုအား ကြီးထွားနှုန်း အမြန်ဆုံးမှာ မက္ကဆီကိုနိုင်ငံ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်ထက် ၁၇.၂% မြင့်တက်သည်။ ယမန်နှစ်က ၂၀၂၁ ခုနှစ်ထက် ၁၁ % မြင့်တက်ခဲ့သည်။

 

 

photo_2023-09-25_08-07-54.jpg

 

 

အိမ်နီးနားချင်းနိုင်ငံဖြစ်သော အမေရိကန်တွင် ၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်ထက် ၁.၄% လျော့နည်းခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ၃.၄ % မြင့်တက်ခဲ့သည်။

 

အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်သည် အာရှတစ်ခွင်တွင် ရေပန်းစားသည်။

ခေါက်ဆွဲပါသည့် စွပ်ပြုတ်ဟင်းလျာများသည် အစားအသောက်ဓလေ့တွင် နေရာခိုင်ခိုင်မာမာ ရထားသည်။

မက္ကဆီကိုနှင့် အမေရိကန်တို့တွင် ခေါက်ဆွဲပြုတ် စားသည့်ဓလေ့ ထွန်းကားလာသည်။ ယခင်က မရှိခဲ့ဖူးသော ဓလေ့ ဖြစ်သည်။

 

 “အရင်က ခေါက်ဆွဲခြောက် စား‌ေလ့စားထ မရှိတဲ့ လူလတ်တန်းစား စားသုံးသူတွေဟာ ကုန်ဈေးနှုန်း မြင့်မားလာတာကြောင့် သူတို့ရဲ့နေ့စဉ်စားစရာတွေမှာ ခေါက်ဆွဲခြောက် ပြုတ်စားတာကို ထည့်သွင်းလာကြပါတယ်” ဟု အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် လုပ်ငန်းကြီး Nissin Foods မှ ပြောကြားသည်။ 

 

ဂျပန်မှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်လုပ်ငန်းကြီး  Nissin Foods Holdings Co.  သည် မြန်မာမှ ဂျုံစက်လုပ်ငန်းကြီး Lluvia Ltd နှင့် ဖက်စပ်လုပ်ငန်း Sar Taw Kal Nissin Co. သည် ဝါးလား အမည်အမှတ်တံဆိပ်ဖြင့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ ထုတ်လုပ်ပါသည်။

 

photo_2023-09-25_08-14-14.jpg

 

 

 

ဂျပန်နိုင်ငံ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် လုပ်ငန်းကဏ္ဍတွင် ဦးဆောင်လုပ်ငန်းများ ဖြစ်သည့် Nissin Foods နှင့် Toyo Suisan တို့သည် ၂၀၁၃ မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်တွင် ပင်လယ်ရပ်ခြား လုပ်ငန်းကဏ္ဍများထံမှ အမြတ်အစွန်းများ မြိုးမြိုးမြက်မြက် ရရှိခဲ့ကြသည်။ 

Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 25 September 2023 08:23
Rate this item
(0 votes)