Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဘန်ကောက်တွင်စားသောက်ဆိုင်နှင့် ဈေးများလာမည့် မေလ ၁ ရက်နေ့တွင်ပြန်ဖွင့်ရန်ရှိ

ဘန်ကောက်တွင်စားသောက်ဆိုင်နှင့် ဈေးများလာမည့် မေလ ၁ ရက်နေ့တွင်ပြန်ဖွင့်ရန်ရှိ Google

ဘန်ကောက်တွင်စားသောက်ဆိုင်နှင့် ဈေးများလာမည့် မေလ ၁ ရက်နေ့တွင်ပြန်ဖွင့်ရန်ရှိ

စားသောက်ဆိုင်၊ ဈေး၊ အားကစားခန်းမ၊ အများပြည်သူပန်းခြံ၊ အလှပြင်ဆိုင်၊ တိရိစ္ဆာန်ဆေးခန်း၊ ကျန်းမာရေးဝန်ဆောင်မှု နှင့် golf course စသည့်နေရာ ၈ ခုတို့သည် လာမည့်မေလ ၁ရက်နေ့ (သောကြာနေ့)တွင် ဘန်ကောက်မြို့တွင်ပြန်လန်

ဖွင့်လှစ်သွားရန်ရှိကြောင်း သတင်းများကဖော်ပြခဲ့သည်။

 

ဘန်ကောက်မြို့အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သော Aswin Kwanmuang က “ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံမှုတစ်ခုလုပ် ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ အထက်ဖော်ပြပါ ၈ နေရာကို ဘန်ကောက်မြို့မှာ ပြန်လည်ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ဒါပေမယ့်

ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကိုတော့ တင်းကျပ်စွာလိုက်နာရပါမယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ social distancing ပါ ”လို့ပြောဆိုသွားခဲ့ပါတယ်။ ဘန်ကောက်မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့ မေလ ၁ ရက်နေ့မှာ

Lockdown လုပ်ဆောင်မှုကို ဖြေလျှော့ဖို့အစီအစဉ်ရှိတယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် ယခုလိုနောက်ထပ်သတင်း တစ်ခုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

 

စားသောက်ဆိုင်တွေအနေနဲ့ ထိုင်ခုံတစ်ခုနဲ့တစ်ခုအကွာအဝေးကို အနည်းဆုံး ၁.၅ မီတာ ခွါထားရမှာဖြစ်ပြီး အားကစား ခန်းမတွေအနေနဲ့လည်း တစ်ဦးချင်းကိုသာခွင့်ပြုကာ အဖွဲ့လိုက်လာရောက်လုပ်ဆောင်မှုတွေကို တားမြစ်ထားရမှာဖြစ်ပါ တယ်။

အလှပြင်ခန်းမတွေအနေနဲ့လည်း ၂ နာရီခြားတစ်ခါ ပိုးသတ်ဆေးဖြန်းရမှာဖြစ်ပြီး တိရိစ္ဆာန်ဆေးခန်းတွေကလည်း တစ်ကြိမ်မှာ တိရိစ္ဆာန်တစ်ကောင်ကိုသာ ကုသခွင့်ရှိမှာဖြစ်ပါတယ်။

Zawgyi


ဘန္ေကာက္တြင္စားေသာက္ဆိုင္ႏွင့္ ေစ်းမ်ားလာမည့္ ေမလ ၁ ရက္ေန႔တြင္ျပန္ဖြင့္ရန္ရွိ

စားေသာက္ဆိုင္၊ ေစ်း၊ အားကစားခန္းမ၊ အမ်ားျပည္သူပန္းျခံ၊ အလွျပင္ဆိုင္၊ တိရိစာၦန္ေဆးခန္း၊ က်န္းမာေရး၀န္ေဆာင္မႈ ႏွင့္ golf course စသည့္ေနရာ ၈ ခုတို႔သည္ လာမည့္ေမလ ၁ရက္ေန႔ (ေသာၾကာေန႔)တြင္ ဘန္ေကာက္ၿမိဳ႕တြင္ျပန္လန္ ဖြင့္လွစ္

သြားရန္ရွိေၾကာင္း သတင္းမ်ားကေဖာ္ျပခဲ့သည္။

 

ဘန္ေကာက္ၿမိဳ႕အစိုးရတာ၀န္ရွိသူတစ္ဦးျဖစ္ေသာ Aswin Kwanmuang က “ ဧၿပီလ ၂၈ ရက္ေန႔က ေတြ႕ဆံုမႈတစ္ခုလုပ္ ခဲ့ပါတယ္။ အဲဒီေတြ႕ဆံုမႈမွာ အထက္ေဖာ္ျပပါ ၈ ေနရာကို ဘန္ေကာက္ၿမိဳ႕မွာ ျပန္လည္ဖြင့္လွစ္သြားဖို႔ရွိပါတယ္။ ဒါေပမယ့္

က်န္းမာေရး၀န္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြကိုေတာ့ တင္းက်ပ္စြာလိုက္နာရပါမယ္။ အေရးႀကီးဆံုးတစ္ခ်က္ကေတာ့ social distancing ပါ ”လို႔ေျပာဆိုသြားခဲ့ပါတယ္။ ဘန္ေကာက္ၿမိဳ႕အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြအေနနဲ႔ ေမလ ၁ ရက္ေန႔မွာ

Lockdown လုပ္ေဆာင္မႈကို ေျဖေလွ်ာ့ဖို႔အစီအစဥ္ရွိတယ္လို႔ သတင္းထြက္ေပၚလာၿပီးေနာက္ ယခုလိုေနာက္ထပ္သတင္း တစ္ခုထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

 

စားေသာက္ဆိုင္ေတြအေနနဲ႔ ထိုင္ခံုတစ္ခုနဲ႔တစ္ခုအကြာအေ၀းကို အနည္းဆံုး ၁.၅ မီတာ ခြါထားရမွာျဖစ္ၿပီး အားကစား ခန္းမေတြအေနနဲ႔လည္း တစ္ဦးခ်င္းကိုသာခြင့္ျပဳကာ အဖဲြ႕လိုက္လာေရာက္လုပ္ေဆာင္မႈေတြကို တားျမစ္ထားရမွာျဖစ္ပါ တယ္။ အ

လွျပင္ခန္းမေတြအေနနဲ႔လည္း ၂ နာရီျခားတစ္ခါ ပိုးသတ္ေဆးျဖန္းရမွာျဖစ္ၿပီး တိရိစာၦန္ေဆးခန္းေတြကလည္း တစ္ႀကိမ္မွာ တိရိစာၦန္တစ္ေကာင္ကိုသာ ကုသခြင့္ရွိမွာျဖစ္ပါတယ္။

Read times
Rate this item
(0 votes)