Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


လက်မှာ အညှီနံ့ စွဲကျန်ရစ်တာ ဘယ်လို ဖျောက်မလဲ

ငါးအစိမ်းကို ကိုင်ပြီးရင် လက်မှာ ငါးညှီနံ့ စွဲကျန်ရစ်တယ်။ 

ကြက်သွန်ဖြူ နွှာပြီးရင်လည်း အနံ့စွဲကျန် ခဲ့တယ်။

အလားတူပင် ကြက်သွန်နီကို ကိုင်တွယ်လှီးဖြတ်ပြီးရင် အနံ့စွဲကျန်ရစ်တယ်။

ဆပ်ပြာကိုင်ပြီး ရေနိုင်နိုင်နဲ့ ဆေးပေမဲ့လည်း အနံ့က အကုန် ကျွတ်မသွားဘူး။ လက်မှာ ကျန်နေတယ်။

ဆပ်ပြာအစား စတီးထည်တစ်ခုခုကို လက်နဲ့ကိုင်ပြီး ရေဖွင့်ချထားတဲ့ ဘုံဘိုင်အောက်မှာ ပွတ်ပေးရင် အနံ့ အမြန်ဆုံး ပျောက်ကင်းပါတယ်။ စတီးဇွန်း၊ စတီးခရင်း၊ စတီးဘေစင် စတဲ့ စတီးသားကို လက်နဲ့ ပွတ်ပြီး ဆေးဖို့ ဖြစ်ပါတယ်။ မျက်လှည့်ပြလိုက်သလိုမျိုး ၁၀ စက္ကန့်အကြာမှာ အနံ့ပျောက်သွားတယ်။

အဲဒီနည်းကို သုံးပြီး လက်ဆေးဖို့အတွက် ငါးပုံ စတီးထည်ကို မှော်ဆပ်ပြာလို့ အမည်တပ်ပြီး ရောင်းတယ်။ ငါးညှီနံ့ကို နိုင်တယ်။

စတီတုံးကို ဆပ်ပြာခဲပုံလုပ်ပြီး ရောင်းတာလည်း ရှိတယ်။ စတီးဆပ်ပြာဆိုပြီး အမည်တပ်ကြတယ်။

အဲဒီ စတီးဆပ်ပြာက တစ်ခါဝယ်ထားရင် အကြာကြီး သုံးလို့ရတယ်။ စတီးသားကို လက်နဲ့ပွတ်တာကြောင့် စတီးသားက ပွန်းစားမခံရဘူး။ အဲဒါကြောင်း အကြာကြီး ခံတာ ဖြစ်ပါတယ်။ ဆပ်ပြာလို ရေနဲ့အတူ ပါမသွားဘူး။

အနံ့ပျောက်ရတာကလည်း မှော်ဆန်နေတာ မဟုတ်ပါဘူး။ မျက်လှည့်လည်း မဟုတ်ပါဘူး။

အဲဒါ သိပ္ပံပါ။ 

ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငါးတို့မှ ထွက်နဲ့အနံ့ဟာစေးကပ်ကပ် ဆလဖာဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီ ဆလဖာကို စတီးထည်ရဲ့ သတ္တုသားက ဆွဲငင်ရယူပါတယ်။ ပြီးရင် စတီးသားမှာ ကပ်နေပါတော့တယ်။ အဲဒီလို ကူးပြောင်းသွားစေဖို့က လက်ကို စတီးသားနဲ့ ထိပေးလိုက်ရုံပါပဲ။

ဇွန်းနဲ့ ပွတ်တာထက် စတီးဘေစင်ကို ပွတ်တာက မျက်နှာပြင် ပိုကျယ်ကျယ်ရပါတယ်။ 

စတိုင်ကျကျ ဆေးချင်တယ်ဆိုရင်တော့ စတီးဆပ်ပြာတစ်တုံး ဝယ်သုံးလိုက်ပါ။

zawgyi

ငါးအစိမ္းကို ကိုင္ၿပီးရင္ လက္မွာ ငါးညႇီနံ႔ စြဲက်န္ရစ္တယ္။
ၾကက္သြန္ျဖဴ ႏႊာၿပီးရင္လည္း အနံ႔စြဲက်န္ ခဲ့တယ္။
အလားတူပင္ ၾကက္သြန္နီကို ကိုင္တြယ္လွီးျဖတ္ၿပီးရင္ အနံ႔စြဲက်န္ရစ္တယ္။
ဆပ္ျပာကိုင္ၿပီး ေရႏိုင္ႏိုင္နဲ႔ ေဆးေပမဲ့လည္း အနံ႔က အကုန္ ကြၽတ္မသြားဘူး။ လက္မွာ က်န္ေနတယ္။
ဆပ္ျပာအစား စတီးထည္တစ္ခုခုကို လက္နဲ႔ကိုင္ၿပီး ေရဖြင့္ခ်ထားတဲ့ ဘုံဘိုင္ေအာက္မွာ ပြတ္ေပးရင္ အနံ႔ အျမန္ဆုံး ေပ်ာက္ကင္းပါတယ္။ စတီးဇြန္း၊ စတီးခရင္း၊ စတီးေဘစင္ စတဲ့ စတီးသားကို လက္နဲ႔ ပြတ္ၿပီး ေဆးဖို႔ ျဖစ္ပါတယ္။ မ်က္လွည့္ျပလိုက္သလိုမ်ိဳး ၁၀ စကၠန႔္အၾကာမွာ အနံ႔ေပ်ာက္သြားတယ္။
အဲဒီနည္းကို သုံးၿပီး လက္ေဆးဖို႔အတြက္ ငါးပုံ စတီးထည္ကို ေမွာ္ဆပ္ျပာလို႔ အမည္တပ္ၿပီး ေရာင္းတယ္။ ငါးညႇီနံ႔ကို ႏိုင္တယ္။

စတီတုံးကို ဆပ္ျပာခဲပုံလုပ္ၿပီး ေရာင္းတာလည္း ရွိတယ္။ စတီးဆပ္ျပာဆိုၿပီး အမည္တပ္ၾကတယ္။


အဲဒီ စတီးဆပ္ျပာက တစ္ခါဝယ္ထားရင္ အၾကာႀကီး သုံးလို႔ရတယ္။ စတီးသားကို လက္နဲ႔ပြတ္တာေၾကာင့္ စတီးသားက ပြန္းစားမခံရဘူး။ အဲဒါေၾကာင္း အၾကာႀကီး ခံတာ ျဖစ္ပါတယ္။ ဆပ္ျပာလို ေရနဲ႔အတူ ပါမသြားဘူး။

အနံ႔ေပ်ာက္ရတာကလည္း ေမွာ္ဆန္ေနတာ မဟုတ္ပါဘူး။ မ်က္လွည့္လည္း မဟုတ္ပါဘူး။
အဲဒါ သိပၸံပါ။
ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴနဲ႔ ငါးတို႔မွ ထြက္နဲ႔အနံ႔ဟာေစးကပ္ကပ္ ဆလဖာဓာတ္တစ္မ်ိဳး ျဖစ္ပါတယ္။ အဲဒီ ဆလဖာကို စတီးထည္ရဲ႕ သတၱဳသားက ဆြဲငင္ရယူပါတယ္။ ၿပီးရင္ စတီးသားမွာ ကပ္ေနပါေတာ့တယ္။ အဲဒီလို ကူးေျပာင္းသြားေစဖို႔က လက္ကို စတီးသားနဲ႔ ထိေပးလိုက္႐ုံပါပဲ။
ဇြန္းနဲ႔ ပြတ္တာထက္ စတီးေဘစင္ကို ပြတ္တာက မ်က္ႏွာျပင္ ပိုက်ယ္က်ယ္ရပါတယ္။
စတိုင္က်က် ေဆးခ်င္တယ္ဆိုရင္ေတာ့ စတီးဆပ္ျပာတစ္တုံး ဝယ္သုံးလိုက္ပါ။

 

Read times
Rate this item
(0 votes)