Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Burger King ရဲ့ လိုဂိုဒီဇိုင်းအသစ် ပြောင်းလဲမှု

Burger King သည် "စစ်မှန်သော၊အရသာရှိသော အစားအစာ"ဟု အဓိပ္ပာယ်ရသော အရောင်များကို အသုံးပြု၍ ၎င်း၏ လိုဂို၊အစားအစာထုပ်ပိုးမှုပုံစံ၊ ဝန်ထမ်းယူနီဖောင်းနှင့် စားသောက်ဆိုင်၏ဆိုင်းဘုတ်ကြော်ငြာများကို မှတ်မိလွယ်သော ဒီဇိုင်းအသစ်များဖြင့် ပြန်လည်ပြင်ဆင်ခဲ့ကြောင်းသိရသည်။

 

Burger King သည် ၎င်း၏ လိုဂိုသစ်ကို ၁၉၉၉ ခုနှစ်ကတည်းက အသုံးပြုခဲ့သော အပြာရောင်မျဉ်းကွေးအားဖယ်၍ ပြန်လည်ဆန်းသစ်ခဲ့သည်။ Burger King က သတင်းစာရှင်းလင်းပွဲ၌ “ လိုဂိုအသစ်ဟာဆိုရင် ၁၉၆၉ မှ ၁၉၉၉ထိ အသုံးပြုခဲ့တဲ့ လိုဂိုအဟောင်းပုံစံကို လုံး၀ပြောင်းလဲလိုက်တာမဟုတ်ဘဲ ဆင့်ကဲပြောင်းလဲမှု့ပုံစံဖြင့်သာ အနည်းငယ် ပြောင်းလဲလိုက်သောကြောင့် ဝယ်သူများလည်း မှတ်မိလွယ်ပါတယ်" ဟုပြောကြားခဲ့သည်။ စာလုံးပြင်ဆင်မှုတွင်လည်း "flame" ဟုခေါ်သော font styleကို အသုံးပြုထားသည်။

 

အသုံးပြုထားသော font သည် အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးသော အဓိပ္ပာယ်ဆောင်ပါသည်။ ၀န်ထမ်းများအတွက် ခေတ်မီသည့်အပြင် ပေါ့ပါးသည့် အ၀တ်အစားများကို စီစဉ်ပေးထားသည်။ အမြဲတမ်း၀န်ထမ်းများသည် Burger King ၏ ကြော်ငြာအသစ်များနှင့် အရောင်းမြှင့်တင်ရေးရုပ်ပုံများတွင် ပါ၀င်ရသည်။ အစားအသောက် ထုပ်ပိုးမှုပုံစံကိုလည်း စားချင်စဖွယ်ဖြစ်အောင်၊ အထူးသဖြင့် “ ကြွပ်ရွပြီး အရသာရှိသော" ပုံစံဖြစ်အောင် ဆန်းသစ်ထုပ်ပိုးလျက်ရှိသည်။

 

စက်တင်ဘာလတွင် Burger King သည် coronavirus ခေတ် နှင့် လိုက်လျောညီထွေမှု ရှိသော စားသောက်ဆိုင် ဒီဇိုင်းအသစ်များကို မိတ်ဆက်ခဲ့သည်။ ဖောက်သည်များသည် ကြော်ငြာအသစ်များ၊ ဆိုင်းဘုတ်များနှင့် ထုပ်ပိုးမှုပုံစံတို့တွင် ပြောင်းလဲထားသော ဒီဇိုင်းအသစ်များကို တွေ့မြင်ရလိမ့်မည်။ သို့သော် ပြောင်းလဲထားသော ဒီဇိုင်းအသစ်မျာကို Burger King ၏ ၁၉,၀၀၀ နီးပါးရှိသော ကမ္ဘာတစ်ဝှမ်းရှိ ဆိုင်ခွဲများတွင် ဒီဇိုင်းအသစ် ပြန်လည်ပြုပြင်မွမ်းမံခြင်းသည် နှစ်ပေါင်းများစွာကြာဦးမည်။

 

“လက်ရှိအခြေအနေကိုကြည့်ပြီး ပြောင်းလဲလိုက်သော ဒီဇိုင်းအသစ်ဟာ နွေးထွေးပြီး ရင်းနှီးကျွမ်း၀င်မှု ရှိတယ်လို့ ခံစားရပါတယ်” ဟု ကမ္ဘာ့အမှတ်တံဆိပ်ကုမ္ပဏီ Siegel + Gale မှ အလုပ်အမှုဆောင် ဒါရိုက်တာက CNN Business ကိုပြောကြားခဲ့သည်။ သူက ပြောင်းလဲလိုက်သော လိုဂိုဒီဇိုင်းအသစ်သည် "ကမ္ဘာပေါ်ရှိမည်သည့်နေရာတွင်မဆို ချက်ချင်းမှတ်မိနိုင်ပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

 

ပြောင်းလဲလိုက်သော ဒီဇိုင်းအသစ်သည် Burger King တွင် ညစာစားသူများ၏ စိတ်ဝင်စားမှုကို ပြန်လည်ဆွဲဆောင်ပေးလိမ့်မည်။ Quick Service Restaurant တွေသည် covid ရောဂါဖြစ်ပွားစဉ်အတွင်း ရောင်းအားများကျဆင်းခဲ့သည်။ သို့သော် Burger King ၏ပြိုင်ဘက်ဖြစ်သော McDonald's (MCD) and Wendy's (WEN) တို့က Burger King ထက် ရောင်းအားကောင်းခဲ့သည်။ Burger King ၏ ပြောင်းလဲမည့်အစီအစဉ်၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုမှာ ၁ဒေါ်လာတန် မီနူးအသစ် နှင့်အတူ ပြီးခဲ့သောလက ပြောင်းလဲခဲ့သော ဒီဇိုင်းအသစ်ဖန်တီးမှုများတွင် တန်ဖိုးရှိသော အချက်အလက်များ ထပ်ပေါင်းထည့်မည့် အစီအစဉ်ဖြစ်သည်။

 

Ref - edition.cnn.com

Read times Last modified on Tuesday, 12 January 2021 10:35
Rate this item
(0 votes)