Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်မြို့တွင် လက်ဖက်ရည်ဆိုင်များ အခင်းအကျင်းသစ်ဖြင့် ပြန်လည်ဖွင့်လှစ်

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် မတ်လ နှောင်းပိုင်းမှစတင်ကာ လက်ဖက်ရည်ဆိုင်နှင့်

စားသောက်ဆိုင်ကြီးများအပါအဝင် အခြားဈေးဆိုင်များကို ထုတ်ပိုး သယ်ဆောင်ခြင်းဖြင့်သာ ရောင်းချခွင့်ပြုထားခဲ့သည်။

ထိုသို့ ၂ လနီးပါးကြား ကန့်သတ်ချက်ပြုလုပ်အပြီး အစိုးရမှ ကန့်သတ်ချက်အချို့ကို ဖြေလျော့ပေးခဲ့သည့်နောက်တွင် လက်ဖက်ရည်ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်နေပြီကို တွေ့ရသည်။
COVID-19 ပိုးတွေ့လူနာမှာ ယနေ့အထိ တွေ့ရှိနေဆဲ အခြေအနေတွင်ပင် ရှိခြင်းကြောင်း ထိုသို့ ဆိုင်များပြန်လည်ဖွင့်လှစ်သည့် အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြသလို ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း ဖွင့်လှစ်မှုကို မျှော်လင့်နေသည့်သူများလည်း ရှိနေသည်။
ပြန်လည်ဖွင့်လှစ်လာသည့်ဆိုင်အချို့တွင် အခင်းအကျင်းသစ်ဖြင့် စားပွဲများကို ၅ ပေခန့်စီခြားထားကာ စားပွဲတစ်လုံးတွင် လူ ၂ဦးစာအတွက်သာ ခုံချထားပေးကြောင်းတွေ့ရပြီး မှန်များလည်း ကာရံထားလျက် ရှိသည်။
ဓာတ်ပုံ - ထက်ဝေ/ ဧရာဝတီ

 

ရန္ကုန္ၿမိဳ႕တြင္ လက္ဖက္ရည္ဆိုင္မ်ား အခင္းအက်င္းသစ္ျဖင့္ ျပန္လည္ဖြင့္လွစ္

ကမာၻ႔ကပ္ေရာဂါ COVID-19 ေၾကာင့္ မတ္လ ေႏွာင္းပိုင္းမွစတင္ကာ လက္ဖက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္ႀကီးမ်ားအပါအဝင္ အျခားေဈးဆိုင္မ်ားကို ထုတ္ပိုး သယ္ေဆာင္ျခင္းျဖင့္သာ ေရာင္းခ်ခြင့္ျပဳထားခဲ့သည္။
ထိုသို႔ ၂ လနီးပါးၾကား ကန႔္သတ္ခ်က္ျပဳလုပ္အၿပီး အစိုးရမွ ကန႔္သတ္ခ်က္အခ်ိဳ႕ကို ေျဖေလ်ာ့ေပးခဲ့သည့္ေနာက္တြင္ လက္ဖက္ရည္ဆိုင္တခ်ိဳ႕ ျပန္လည္ဖြင့္လွစ္ေနၿပီကို ေတြ႕ရသည္။
COVID-19 ပိုးေတြ႕လူနာမွာ ယေန႔အထိ ေတြ႕ရွိေနဆဲ အေျခအေနတြင္ပင္ ရွိျခင္းေၾကာင္း ထိုသို႔ ဆိုင္မ်ားျပန္လည္ဖြင့္လွစ္သည့္ အေျခအေနအေပၚ စိုးရိမ္ပူပန္မႈမ်ား ရွိေနၾကသလို က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားအတိုင္း ဖြင့္လွစ္မႈကို ေမွ်ာ္လင့္ေနသည့္သူမ်ားလည္း ရွိေနသည္။
ျပန္လည္ဖြင့္လွစ္လာသည့္ဆိုင္အခ်ိဳ႕တြင္ အခင္းအက်င္းသစ္ျဖင့္ စားပြဲမ်ားကို ၅ ေပခန႔္စီျခားထားကာ စားပြဲတစ္လုံးတြင္ လူ ၂ဦးစာအတြက္သာ ခုံခ်ထားေပးေၾကာင္းေတြ႕ရၿပီး မွန္မ်ားလည္း ကာရံထားလ်က္ ရွိသည္။
ဓာတ္ပုံ - ထက္ေဝ/ ဧရာဝတီ

Read times
Rate this item
(0 votes)