Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Paradise Bakery Cake & Coffee

ဒူးရင်းသီးကို ဒီအတိုင်းစားရတာ ရိုးအီသွားသူများအတွက် ဒူးရင်းသီးမီးဖုတ်လေး၊ ဒူးရင်းသီးကိတ်မုန့်မျိုးစုံလေးတွေ

စားချင်ရင်တော့ Paradise Bakery Cake & Coffee ဆိုင်တွင် ဒူးရင်းသီးကို ပုံစံအမျိုးမျိုးနဲ့ ကိတ်လုပ်ထားတဲ့ ဆိုင်လေးဖြစ်ပါတယ်။

 

ဒူးရင်းသီး အနံ့နဲ့တင် ရီဝေသွားမယ့် ချိုအီမွှေးနေတဲ့ ဒူးရင်းသီးအကိတ်အမွှာကြီးတွေကို အရသာရော၊ အနံ့ပါ ပြင်းပြင်းရှရှနဲ့ အမွှာလိုက်မီးဖုတ်ပြီး အုန်းနို့လေးဆမ်း၊ ကောက်ညှင်းလေးနဲ့ ပါးစပ်ဖျားထဲ အီစိမ့်ရူးသွပ်သွားအောင် စားလို့ရမယ့် ဒူးရင်းသီးမီးဖုတ်ပါရနိုင်တဲ့ ကိတ်မုန့်ဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

 dorium

dorian

ဆိုင်တွင် ဒူးရင်းသီးမီးဖုတ်၊ ဒူးရင်း Cheese Cake ၊ ဒူးရင်း Pillow ၊ ဒူးရင်း Bag ၊ ဒူးရင်း ဖျော်ရည် ဒူးရင်းနဲ့ပတ်သက်တဲ့ ကိတ်မျိုးစုံကိုလည်း ၀ယ်ယူသုံးဆောင်နိုင်ပါတယ်။ အခြားကိတ်တွေကတော့ Rainbow Crepe Cake၊ Chocolate Cake တို့ကိုလည်း ရပါတယ်။ နောက်ထပ် Soda ၊ Coffee ၊ Juice နဲ့ ထိုင်းစားစရာခေါက်ဆွဲပြုတ်တို့လည်း ရပါတယ်။

 

ဒူးရင်းသီးမီးဖုတ်ကတစ်ပွဲ ၅၀၀၀ ကျပ်ဖြစ်ပြီး တစ်ပွဲမှာရင်တော့ အမွှော ၃ မွှာပါပါတယ်။ ဒူးရင်းသီး Pillow လေးက ၁၅၀၀ ကျပ်၊ ဒူးရင်းသီး Crepe က တစ်စိတ် ၃၀၀၀ကျပ် ဒူးရင်းပူတင်းလို ပွဲကြီးလည်းတွေလည်း ရနိုင်ပါတယ်။ ဒူးရင်းသီးမီးဖုတ်စားချင်တယ်ဆိုရင်တော့ ဆိုင်ကို ကြိုတင်ဖုန်းဆက်ဖို့ မမေ့နဲ့နော်။

 

အမှတ် ၁၆၊ မြေညီထပ်၊ သရဖီလမ်း၊ အလုံမြို့နယ်မှာရှိပါတယ်။

 

09772797821, 0977279812

Read times Last modified on Tuesday, 18 September 2018 14:07
Rate this item
(2 votes)