Restaurants



တောင်ကိုးရီးယား ခေါက်ဆွဲထုပ် ဈေးနှုန်းလျှော့ချရန် အစိုးရ တောင်းဆို

တောင်ကိုးရီးယား ခေါက်ဆွဲထုပ် ဈေးနှုန်းလျှော့ချရန် အစိုးရ တောင်းဆို

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မကြာသေးမီက တောင်ကိုရီးယားအစိုးရကကုန်ကြမ်းကုန်ကျစရိတ်များ ကျဆင်းနေချိန်တွင် ဈေးနှုန်းလျှော့ချရန် တောင်းဆိုခဲ့သည်။

တောင်ကိုးရီးယား ခေါက်ဆွဲထုပ် လုပ်ငန်းရှင်များသည် ၎င်းတို့၏ ခေါက်ဆွဲထုပ်များ၏ ဈေးနှုန်းများကို ချိန်ညှိရန် ခက်ခဲနေကြောင်း ပြောကြားခဲ့ကြသည်။

..

"အမှုန့်ကြိတ်တဲ့ ကုမ္ပဏီတွေမှာ လအတန်ကြာတဲ့အထိ ဈေးမြင့်နေတုန်းက ဝယ်ထားတဲ့ ကုန်ကြမ်းတွေ ကျန်နေသေးတယ်။ ဂျုံနှင့် တခြားအဓိကကျတဲ့ ကုန်ကြမ်းတွေ လတ်တလောမှာ ဈေးကျနေပေမဲ့ ခေါက်ဆွဲထုပ် ဈေးနှုန်းကို ချက်ချင်း လျှော့ချပြီး ချိန်ညှိပေးဖို့ ခက်ခဲနေစေပါတယ်" ဟု ခေါက်ဆွဲထုပ် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

သို့သော်ငြားလည်း ကုမ္ပဏီသည် ခေါက်ဆွဲထုပ်များ၏ ဈေးနှုန်းများကို လျှော့ချရန် ဖြစ်နိုင်သည့် နည်းလမ်းများကို ပြန်လည်သုံးသပ်မည်ဟု ၎င်းက ပြောကြားသည်။

.

ပြည်တွင်း ခေါက်ဆွဲထုပ် ထုတ်လုပ်သူ အခြား ကိုယ်စားလှယ်တစ်ဦးကလည်း လက်ရှိတွင် ဈေးလျှော့ရန် ခက်ခဲကြောင်း သဘောတူညီခဲ့သည်။

“ထည့်သွင်း စဉ်းစားရမယ့်အချက်တွေ အများကြီးရှိတယ်။ လုပ်သားစရိတ်နှင့် ထောက်ပံ့ပို့ဆောင်ရေးစရိတ်စတဲ့ အခြားကုန်ကျစရိတ်တွေ လတ်တလောမှာ သိသိသာသာ မြင့်တက်လာတယ်" ဟု ၎င်းက ပြောကြားသည်။ 

.

တောင်ကိုးရီးယား အစိုးရက မကြာသေးမီက ပြည်တွင်းမှ အသင့်ပြုတ်စား ခေါက်ဆွဲထုပ် ထုတ်လုပ်သူများကို နိုင်ငံတကာ ဂျုံဈေးများ ဈေးကျနေသဖြင့်   ခေါက်ဆွဲထုပ် ဈေးနှုန်းများ လျှော့ချရန် တောင်းဆိုခဲ့သည်။

.

“ခေါက်ဆွဲ ကုမ္ပဏီတွေက မနှစ်က စက်တင်ဘာလနဲ့ အောက်တိုဘာလကြားမှာ သူတို့ရဲ့ ဈေးနှုန်း‌တွေက သိသိသာသာ တက်လာတယ်၊ ဒါပေမဲ့ နိုင်ငံတကာ ဂျုံဈေးက အဲဒီတုန်းကထက် ၅၀ ရာခိုင်နှုန်းလောက် နိမ့်နေတယ်"ဟု ဘဏ္ဍာရေးဝန်ကြီး Choo Kyung-ho က ပြောသည်။

“ဂျုံဈေးကျဆင်းတဲ့အလျောက် ကုမ္ပဏီတွေက သူတို့ရဲ့ ခေါက်ဆွဲထုပ် ဈေးနှုန်းတွေကို လျှော့ချမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရက ဈေးနှုန်းတွေ သတ်မှတ်ပေးပြီး ထိန်းချုပ်ဖို့အတွက် ကုန်ကျစရိတ်တွေကို တစ်ခုချင်း စိစစ်ဖို့ မဖြစ်နိုင်ဘူး။ စားသုံးသူအဖွဲ့တွေကလည်း ခေါက်ဆွဲထုပ်ကုမ္ပဏီတွေအပေါ် ဈေးလျှော့ချဖို့ ဖိအားပေးကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

.

၂၀၂၂ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ကိုရီးယား ခေါက်ဆွဲထုပ် ထုတ်လုပ်သူ အများအပြားသည် ခေါက်ဆွဲထုပ်များ၏ ဈေးနှုန်းများကို မြှင့်တင်ခဲ့ကြသည်။

.

ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် ခေါက်ဆွဲထုပ်ထုတ်လုပ်သူ Nongshim သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏ ခေါက်ဆွဲထုပ်များ၏ စျေးနှုန်းကို ပျမ်းမျှ ၁၁.၃ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။

နောက်တစ်လ အကြာတွင် Paldo နှင့် Ottogi ကဲ့သို့သော အခြားသော ခေါက်ဆွဲထုပ် လုပ်ငန်းကြီးများသည်လည်း ၎င်းတို့၏ ခေါက်ဆွဲထုပ်  ဈေးနှုန်းများကို မြှင့်တင်ခဲ့ကြသည်။ Paldoက ပျမ်းမျှ ၉.၈ ရာခိုင်နှုန်းနှင့် Ottogi က ပျမ်းမျှ ၁၁ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။

.

ခေါက်ဆွဲထုပ်ထုတ်လုပ်သူ Samyang Food သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ၎င်း၏စျေးနှုန်းများကို ပျမ်းမျှ ၉.၈ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။

.

ပြီးခဲ့သည့် တစ်နှစ်တာတွင် ခေါက်ဆွဲထုပ်များ ပျမ်းမျှ ၂၃.၁% ဈေးတက်ခဲ့သည်။ ၁၄ နှစ်တာတွင် အများဆုံး ဈေးတက်ခြင်း ဖြစ်သည်။

.

ဂျုံမှုန့်နှင့် ဟင်းရွက်ဆီကဲ့သို့သော အဓိကတင်သွင်းကုန်ကြမ်းများ၏ ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ယေဘုယျအားဖြင့် ခေါက်ဆွဲထုပ်များ ဈေးနှုန်းတက်ခြင်းဖြစ်သည်။

.

သို့သော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဂျုံအပါအဝင် ခေါက်ဆွဲထုပ် ပြုလုပ်ရန် လိုအပ်သော အဓိကပါဝင်ပစ္စည်းများ၏ နိုင်ငံတကာစျေးနှုန်းများသည် မကြာသေးမီက ကျဆင်းသွားခဲ့သည်။

Korea Agro-Fisheries & Food Trade Corporation ၏ အဆိုအရ ဂျုံမှုန့်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့် နိုင်ငံတကာ ဂျုံစျေးနှုန်းသည် ဇွန်လတွင် ၃၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်တန်လျှင် ကန်ဒေါ်လာ ၂၃၁ ဝန်းကျင်သို့ ကျဆင်းခဲ့သည်။ ပြောင်းဈေးနှုန်းသည် ၂၉၈ ဒေါ်လာမှ ၂၃၉ ဒေါ်လာအထိ ၁၉.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ခေါက်ဆွဲထုပ်တွင် အဓိကပါဝင်ပစ္စည်းဖြစ်သည့် ပဲပုပ်ပဲဈေးနှုန်းသည်လည်း ၁၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါသည်။

Source koreaherald

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 21 June 2023 21:31
Rate this item
(0 votes)