Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


နံနက်စာနဲ့ နေ့လယ်စာ ကောင်းကောင်းရတဲ့ Princess Irrawaddy

သင့်ရဲ့ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာတွေလုပ်ကိုင်နိုင်စေဖို့ နံနက်စာ၊ နေ့လယ်စာကောင်းကောင်းကို

လူတိုင်းစားသုံးဖို့ လိုအပ်ပါတယ်။ ထို့ကြောင့် နံနက်စာကောင်းကောင်းစားချင်သူတွေအတွက် Princess Irrawaddy ဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

 

pi 2

ယင်းဆိုင်က သုဝဏ ရေစက်မှတ်တိုင်အ

နီး ရေနံ့သာဈေးနဲ့ မျက်နှာချင်းဆိုင် သုဝဏ္ဏလမ်းမကြီးပေါ်မှာ ဖွင့်လှစ် ထားပါတယ်။ ယင်းအပြင် ရန်ကင်း ၁၂ လုံးတန်းတွင်လည်း ဆိုင်ခွဲရှိပါတယ်။

 pi 3

အဲဒီဆိုင်မှာ ရရှိနိုင်တဲ့ အစားအစာတွေကတော့ ဧရာဝတီမျှစ်ချဉ်ခေါက်ဆွဲ၊ မန္တလေးမုန့်တီ၊ အထမ်းမြီးရှည်၊ ရွှေတောင်ခေါက်ဆွ၊ ရှမ်းခေါက်ဆွဲ၊ မိုးညှင်းမြီးရှည်နဲ့ တခြားစားစရာတွေ ရနိုင်တဲ့အပြင် ဆိုင်တွင် အများဆုံး အစားများတာကတော့ ဧရာဝတီမျှစ်ချဉ်ခေါက်ဆွဲကို အစားများကြပါတယ်။

 pi 4

ယင်းဆိုင်တွင် အချိုမှုန့်၊ ကြက်သားမှုန့်၊ စားအုန်းဆီ တို့ကို သုံးစွဲမထားဘဲ ကိုယ်တိုင်ကြိတ်ထားတဲ့ ကုန်ကြမ်းတွေကိုသုံးပြီး ချက်ပြုတ်ရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ဈေးနှုန်းကတော့ ၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရှိပြီး နေရာလည်း ကျယ်ဝန်းသောကြောင့် စားသုံးသူတွေ အကြိုက်တွေ့ပြီး စိတ်ချမ်းသာစေမှာဖြစ်ပါတယ်။

 

ယင်းအပြင် ဆိုင်တွင် ကော်ဖီ၊ လက်ဖက်ရည်အပြင် ဒိန်ချဉ်လည်း ရပါတယ်။

 

ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

 

ဖုန်းနံပါတ်ကတော့ ၀၉-၇၃၀ ၈၂၀၈၈ ဖြစ်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 16:53
Rate this item
(1 Vote)