Restaurants



Heineken ရုရှားလုပ်ငန်းကဏ္ဍကို ၁ ဒေါ်လာဖြင့် ရောင်းချပြီး ရုရှားမှ ထွက်ခွာရေး အပြီးသတ်

Heineken ရုရှားလုပ်ငန်းကဏ္ဍကို ၁ ဒေါ်လာဖြင့် ရောင်းချပြီး ရုရှားမှ ထွက်ခွာရေး အပြီးသတ်


To Get Instant Update 
https://t.me/Guid4U
JOIN THE CHANNEL 


Heineken သည် ရုရှားမှ လုပ်ငန်းကဏ္ဍကို  ၁ ယူရို ၁ (၁ ကန်ဒေါ်လာ) ဖြင့် စတိသဘောဖြင့်ရောင်းချပြီးနောက် ရုရှားနိုင်ငံမှ ထွက်ခွာရေး အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာသည်။

ဒတ်ခ်ျ ဘီယာလုပ်ငန်း Heineken က ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် Heineken ၏ ရုရှားမှ လုပ်ငန်းကဏ္ဍကို ရုရှားထုတ်လုပ်သူ Arnest Group သို့ ရောင်းချရန် လိုအပ်သော ခွင့်ပြုချက် ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လတွင် စတင်ခဲ့သော ထွက်ခွာရေး လုပ်ငန်းစဉ်ကို အပြီးသတ်ခဲ့ပါသည်ဟု ဖော်ပြထားသည်။

မတ်လတွင် Heineken က ၎င်း၏ ရုရှားမှ လုပ်ငန်းကဏ္ဍကို ပြည်သူပိုင်သိမ်းခြင်းမှ ရှောင်ရှားရန်အတွက် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး နိုင်ငံမှ အမြန်ဆုံးထွက်ခွာရန် အတွက်လည်း တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Heineken ၏ CEO ဖြစ်သူ Dolf van den Brink က "လတ်တလော ဖြစ်ပေါ်တဲ့အဖြစ်အပျက်များက ရုရှားနိုင်ငံမှ ထွက်ခွာရန် ကြီးမားသော ကုန်ထုတ်လုပ်ငန်း ကုမ္ပဏီများ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ပြသနေပါတယ်" ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီး ပိုကြာခဲ့ပေမဲ့ ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကျောင်းကို စိတ်ချစေပြီး တာဝန်သိသိနဲ့ တိုင်းပြည်ကနေ ထွက်သွားခွင့် ရပါတယ်" ဟု ၎င်းက ပြောကြားသည်။

လူသုံးကုန်ပစ္စည်းများအတွက် သတ္တုထုပ်ပိုးပစ္စည်းများ၊ အလှကုန်၊ အိမ်သုံးပစ္စည်းများ ထုတ်လုပ်သည့်  Arnest Group သည် Heineken ၏ ရုရှားလုပ်ငန်းကဏ္ဍကို ဝယ်ယူခဲ့ရာ၌  ရုရှားရှိ Heineken ၏ ဝန်ထမ်း ၁,၈၀၀ အားလုံးကို လာမည့်သုံးနှစ်အတွက် အလုပ်အကိုင် အာမခံချက် ပေးမည်ဖြစ်ကြောင်း အရောင်းအဝယ် စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုခဲ့ကြသည်။ 

Heineken သည် စုစုပေါင်း ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၃ သန်း) ဆုံးရှုံးသွားခဲ့သည်။

Source cnn

To Get Instant Update 
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 26 August 2023 08:13
Rate this item
(1 Vote)