Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Budweiser ပထမဆုံးအရက်ကင်းဘီယာ Bud Zero စတင်ရောင်းချ

Budweiser သည် အမှတ်တံဆိပ်၏ ပထမဆုံးသော အရက်ကင်းဘီယာကို Bud Zero ဟု ခေါ်တွင်သည် ။

Bud Zero ထုတ်လုပ်ရန် Budweiser ပိုင်ရှင် Anheuser-Busch InBev သည် ထုပ်ပိုးဒီဇိုင်းများနှင့်အဖျော်ယမကာ၏ အရသာကို အထောက်အကူပြုသော လုပ်ငန်းရှင်နှင့် NBA ကစားသမားဟောင်း Dwayne Wade နှင့် ပူးပေါင်းခဲ့သည်။ 

Bud Zero သည် ကယ်လိုရီ ၅၀ သာရှိပြီး မူလ Budweiser ဘီယာနှင့် အရသာတူနေစဉ် သကြားဓာတ် လုံးဝမပါရှိသည့်အပြင် အရက်လည်း မပါချေ။

Budweiser ၏စျေးကွက်ရှာဖွေရေး Monica Rustgi မှ CNN Business သို့ပြောကြားရာတွင်“ ဒီနေရာကိုကျွန်တော်တို့ တကယ် တစ်မျိုးပြောင်းပစ်ချင်တယ်။ အရက်ကင်းဘီယာ ဖြစ်နေတာကြောင့်နဲ့တော့ သိက္ခာကျဖို့ မလိုပါဘူး။ ဘီယာဟာ လူတွေ နှစ်သက်ကြတဲ့အရာဖြစ်တယ်။ ဘီယာမှာ အရက်ပါနေတာကြောင့် ဘီယာ မသောက်ဘဲ နေမှာလား။ သောက်မှာလားဆိုတဲ့ နှစ်မျိုးတည်းသော ဆုံးဖြတ်ချက်အစား အရက်ပါလို့ ဘီယာ မသောက်ကြတဲ့သူတွေ သူတို့ ကြိုက်နှစ်သက်တဲ့ ဘီယာကို သောက်လို့ ရသွားစေမယ်"
သူက ဆက််လက်ပြောပြသည်။
"ဘီယာဆိုင် ထိုင်ပြီး ဘီယာသောက်ရင်း စကားပြောလို့ ရတယ်။ အရက်မူးတာ။ အရက်နာကျတာတွေ ရှိမှာ မဟုတ်ဘူး။ အထူးသဖြင့် ဘီယာဆိုင်ကို ကားတစ်စီးနဲ့ အတူလာသောက်ကြသူတွေထဲမှာ အိမ်အပြန်မှာ ကားမောင်းပေးရမယ့်သူအဖို့ ဘီယာမသောက်ဘဲ အငတ်ခံနေဖို့ မလိုတော့ဘူး။ မူးပြီး မောင်းပြန်ရတာ မရှိတော့ဘူး"

Bud Zero သည် တစ်ဖာလျှင် ၁၂ အောင်စ ၁၂ ဘူးပါ နှင့် တစ်ဖာလျှင် ၁၆ အောင်စ ၁၂ ဘူးပါ ၂မျိုးဖြင့် ဖြန့်ချိသည်။ သတ္တု ဘူးအပြင် ပုလင်းဖြင့်လည်း ထုတ်လုပ်သွားရန် အစီအစဉ် ရှိထားပြီး တစ်ဖာလျှင်
၁၂ အောင်စပုလင်း ၆ ပုလင်း ပါဝင်မည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် စတင်ရောင်းချမည်ဟု သိရသည်။

Read times
Rate this item
(0 votes)