Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီကို အေးဆေးသောက်လို့ရတဲ့နေရာ Craft Cafe

စာရေးသူ မြို့ထဲကိုရောက်ဖြစ်တိုင်း ဖြတ်သွားနေကျနေရာလေးမှာရှိတဲ့ ဒီဆိုင်လေးကို သတိထားမိခဲ့တာ အတော်လေးကြာခဲ့ပါပြီ။

 

ဆိုင်အပြင်အဆင်လေးနဲ့ ပုံစံလေးက သဘောကျစရာကောင်းပါတယ်။ ဆိုင်ကိုရောက်တာနဲ့ မင်္ဂလာပါနှုတ်ဆက်ပြီး ဖော်ဖော်ရွေရွေရှိတဲ့ဝန်ထမ်းတွေရဲ့ ဆက်ဆံရေး ပြေပြစ်မှုက မဖြစ်မနေအမှတ်ပေးရမယ့် အချက်တစ်ခုပဲဖြစ်ပါတယ်။

 

ဒီဆိုင်မှာရှိတဲ့ အစားအသောက်တွေရဲ့ အရသာနဲ့ ဆိုင်အနေအထားကိုတော့ နိုင်ငံခြားသားတွေက အတော်ကလေးကြိုက်နှစ်သက်ကြပါတယ်။


ဆိုင်ကောင်တာရောက်ပြီဆိုရင်တော့ ရွေးချယ်စရာ အများကြီးရှိတဲ့ Gourmet Coffee & Tea Beverage Menu မျိုးစုံ ရှိတာကတော့ဆိုင်ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

 

ယင်း ကော်ဖီဆိုင်မှာ အပေါ်ထပ်နဲ့ အောက်ထပ် နှစ်နေရာရှိပြီး မိမိစိတ်ကြိုက် လူရှင်းတဲ့နေရာကို ရွေးထိုင်နိုင်ပါတယ်။

 

ဆိုင်ထဲတွင်တော့ ဆူညံမှုသိပ်မရှိပဲ တိတ်ဆိတ်တဲ့အတွက် အေးအေးဆေးဆေး ကော်ဖီသောက်ရင်း အလုပ် လုပ်လိုသူတိုင်းအတွက်မဖြစ်မနေ သွားကြည့်သင့်တယ်လို့ပြောချင်ပါတယ်။

 

ဆိုင်ထဲတွင် Free Wifi လည်းဖွင့်ပေးထားတဲ့အတွက် အဆင်ပြေမှုရှိမှာ ဖြစ်ပါတယ်။

 

ပေါ့ပေါ့ပါးပါးပဲ စားချင်တဲ့သူတွေအတွက်လည်း ကော်ဖီ၊ Milk Shake ၊ အအေးမျိုးစုံရှိတယ်။ ဗိုက်ပြည့်အောင်စားမယ့်သူတွေအတွက်လည်း ဘာဂါ၊ ကြက်ကြော်တွေလည်းရပါတယ်။

 

Read More >>>>> မိသားစု (သို့) သူငယ်ချင်းများနှင့် သွားစားနိုင်တဲ့ Little Korea BBQ ကိုရီးယားအကင်ဆိုင်

နောက်တစ်ခုကတော့ ချစ်သူစုံတွဲတွေသွားမယ်ဆိုရင်လည်း ဆိုင်က တိတ်ဆိတ်တဲ့အတွက် နှစ်ဦးစကားပြောသံကို ဘယ်သူမှမကြားနိုင်ပါဘူး။

 

 

ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေး အရသာခံ သောက်ချင်တယ်ဆိုရင်တော့ Craft Cafeကို သွားရောက်ဖို့ Myanmar Food Industry Directory မှ လမ်းညွှန်ပေးလိုက်ပါတယ်။

 

အမှတ် ၃၃၊ န၀ဒေးနှင့် ဗိုလ်ရာညွန့်လမ်းထောင့်၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့ နယ်၊ ရန်ကုန်မြို့ ။

 

ဖုန်း - ၀၉-၉၆၀၆၀၈၃၃၃

 

Read times Last modified on Tuesday, 18 September 2018 11:54
Rate this item
(4 votes)