Restaurants



အနံ့ အရသာ ထူးကဲတဲ့ ဒူရင်းကင်

အနံ့ အရသာ ထူးကဲတဲ့ ဒူရင်းကင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကုန်းမြင့်ဒေသရှိ ဒပ်လပ်ခရိုင်တွင် ဒေသခံများသည် ဒူးရင်းကို အရသာရှိသော ဟင်းလျာများအဖြစ် အမျိုးမျိုး လုပ်စားကြပါတယ်။ 

အလွန်ရေပန်းစားတဲ့ နည်းတစ်နည်းကတော့ ဒူရင်းကင် ဖြစ်ပါတယ်။

ဒူရင်းသီးအမှည့်ကို အလုံးလိုက် မီးဖိုပေါ်မှာ ကင်ပါတယ်။ ၁၅ မိနစ်လောက်ကြတဲ့အခါ အခွံကွဲသွားပါတယ်။ အထဲမှ ဒူရင်းအသား ပူပူ ချိုချိုကို ထုတ်ယူပြီး စားကြပါတယ်။

ကင်လိုက်တဲ့အခါ အခွံက မည်းသွားပေမဲ့ အတွင်းမှာတော့ အရောင်မပြောင်းပါဘူး။

 

အသက် ၂၇ နှစ်အရွယ်ဖြစ်သူ Nguyen Ha My က ခြံထွက် ဒူရင်းသီးကို ကင်စားလေ့ရှိပါတယ်။

သူမရဲ့ ခြံမှာ ဒူရင်းအပြင် မင်းကွတ်သီး၊ ပိန္နဲသီး၊ ထောပတ်သီး၊ သကြားသီးတို့လည်း ရှိပါတယ်။

ဒူရင်းသီး မှည့်ကို My က ကင်စားလေ့ရှိပါတယ်။

 

photo_2023-03-08_10-04-52.jpg

 

"မှည့်ပြီး ကြွေကျတဲ့ ဒူရင်းသီးက အရသာ တကယ်ကောင်းတယ်" လို့ My က ပြောပါတယ်။ "ကင်လိုက်တဲ့အခါ အချိုက ပိုချိုသွားတယ်။ အသား အရသာက ကန်စွန်းဉကင် အရသာမျိုး ရတယ်။ဒါဟာ တကယ်ကို စွဲမက်စရာပါပဲ" လို့ သူမက ပြောပါတယ်။

ဒူးရင်းသီးကို ကင်ပြီး စားတာဟာ ထူးဆန်းသောနည်းလမ်းတစ်ခုဟု ထင်ရသော်လည်း အနံ့အရသာ တကယ်ကောင်းတာမို့ တစ်ခါစားဖူးပြီးရင် စွဲမက်သွားပါတယ်။

My က သစ်ကိုင်းခြောက်တွေကို ထင်းအဖြစ် မီးဖိုပြီး ဒူရင်းသီး ကင်ပါတယ်။

 

photo_2023-03-08_10-04-45.jpg

 

ကင်နေစဉ်မှာ အကျက်ညီအောင် ဒူရင်းသီးကို မကြာမကြာ လှည့်ပေးရပါတယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာတဲ့အခါ အခွံကွဲသွားပါတယ်။

လက်ဖြင့် အကွဲနေရာများမှာ ခွဲလိုက်ရုံပါဘဲ။ ဓါးမလိုပါဘူး။ အနံ့က ဆွဲဆောင်မှု အပြည့်ရှိပါတယ်။

 

တချို့ကတော့ အသားကို အရင်ထုတ်ယူပြီး ခဲပတ်ဖြင့် လုံအောင် ခပ်ပွပွ ထုပ်ပြီး ကင်ပါတယ်။ ၆  မိနစ်မှ ၁၀ မိနစ်အထိ ကင်ကြပါတယ်။

 

ဒပ်လပ်မှာ ဒူရင်းသီး ပေါ်ချိန်က ဩဂုတ်လနှင့် စက်တင်ဘာလ ဖြစ်ပါတယ်။ 

ဗီယက်နမ်မှာ ဒူရင်းသီးကို တစ်နှစ်ပတ်လုံး ရနိုင်ပါတယ်။ 

စက်တင်ဘာမှ နိုဝင်ဘာအထိ အလယ်ပိုင်း ကုန်းမြင့်ဒေသမှာ ရနိုင်ပါတယ်။ မတ်မှ မေအထိ မဲခေါင် မြစ်ဝကျွန်းပေါ်မှာ ရနိုင်ပါတယ်။ မေလမှ ဇွန်လအထိ အရှေ့တောင်ပိုင်းရှိ ပြည်နယ်များမှာ ရနိုင်ပါတယ်။

Source VNEXPRESS 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Wednesday, 08 March 2023 10:09
Rate this item
(0 votes)