Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Lifestyle Hotel G ကို ရန်ကုန်မြို့တွင် ပထမဦးဆုံး ဖွင့်လှစ်

Hotel G Yangon ကို ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်တွင် စက်တင်ဘာလ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

 

ယင်းဟိုတယ်တွင် ရန်ကုန်မြို့၏ ခေတ်ပြိုင်ဒီဇိုင်း၊ ချက်ပြုတ်စားသောက်ပုံနှင့် သီချင်းဂီတအမျိုးအစားပုံစံကို လေ့လာချင်တဲ့ လူငယ်များအတွက်လည်း အထူး “staycation” ဈေးနှုန်းတစ်ခု သတ်မှတ်ပေးထားကြောင်း သိရပါတယ်။

 

ဟိုတယ်၏ အောက်ဆုံးထပ်တွင် နားနေသူ ဧည့်သည်များ အပန်းဖြေနားနိုင်ပြီး ကောင်းမွန်ပြည့်စုံသော အစားအသောက်များ သုံးဆောင်နိုင်ပြီး စွမ်းအင်ပြန်လည်ဖြည့်တင်းနိုင်သော အပြင်အဆင်၊ ၀န်ဆောင်မှု၊ အစားအသောက်နေရာ အဘက်ဘက်တွင် အကောင်းဆုံး ဖန်တီးထားသော Babett Eatery & Bar ကိုလည်း ဖွင့်လှစ်ထားပါတယ်။

 

Babett Eatery & Bar တွင် အနောက်တိုင်းစတိုင် မနက်စာအမျိုးမျိုး၊ အသားနှင့် ချိစ်အမျိုးမျိုးအပြင် Executive Chef ဖြစ်သူ Javier Ballesta ၏ နေ့စဉ်အထူးဟင်းလျာများကိုလည်း မနက်မှညအထိ သုံးဆောင်နိုင်ပါတယ်။

 

ဟိုတယ်ရှိ Babett Eatery & Bar တွင် ဧည့်သည်များ ကော်ဖီသောက်ရင်း အလုပ်လုပ်နိုင်သည့်အပြင် အခြားခရီးသွား မိတ်ဆွေများနှင့် စကားစမြည်ပြော မိတ်ဖွဲ့ခြင်းဖြင့် အတွေ့အကြုံများ မျှဝေနိုင်သည့် နေရာကောင်းလည်း ဖြစ်ပါတယ်။

 

ညပိုင်းတွင်လည်း DJ ပညာရှင်များမှ တီးခတ်ပေးပြီး ဧည့်သည်များမှ သီးချင်းတီးလုံးများကို နားဆင်ရင်းဖြင့် mixologists & bartenders များ၏ cocktail နှင့် ၀ိုင်များကို အရသာခံပြီး စိတ်အပန်းဖြေနိုင်ပါတယ်။

 

ယင်းအပြင် ဟိုတယ်တွင် အဆင့်မြင့်ကောင်းမွန်ပြည့်စုံသော နှစ်ယောက်အိပ်ခန်းတစ်ခန်း၊ နေ့စဉ်နံနက်စာကို Babett Eatery & Bar မှာ အခမဲ့သုံးဆောင်ခွင့်အပြင် စပါကလင်ဝိုင် တစ်ပုလင်းနှင့် ဟိုတယ်ကို ရောက်ရောက်ချင်း ဧည့်ခံပေးသွားမည့် “staycation” package ကိုလည်း စက်တင်ဘာလ (၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ တစ်ညလျှင် ဒေါ်လာ ၈၀ သတ်မှတ်ထားကြောင်း သိရပါတယ်။

 

Booking ကတော့ အခန်းအားလပ်မှုပေါ်မူတည်၍ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေညများတွင်သာ လက်ခံကြောင်း သိရပါတယ်။

 

Hotel G Yangon တွင် အဆင့်မြင့်နည်းပညာ၊ အလွန်မြန်ဆန်သော ဆက်သွယ်မှုစနစ်၊ ခေတ်မီပြီး အသစ်အဆန်းကို ကြိုက်နှစ်သက်သော ခရီးသွားများတောင့်တသည့် နောက်ဆုံးပေါ် ခေတ်မီစတိုင်တို့ဖြင့် ဆောက်လုပ်ထားသော အခန်းများအပြင် အဆင့်မြင့် စားသောက်ဆိုင်၊ ဆန်းသစ်ကွန့်မြူးထားသော နားနေသူ ဧည့်သည်အချင်းချင်းစကားပြောနိုင်သည့် နေရာများနှင့် ပစ္စည်းကိရိယာအစုံအလင်ရှိသော အားကစားခန်းမလည်း ပါရှိပါတယ်။

 

၀၁-၂၄၃၆၃၉

Read times Last modified on Tuesday, 18 September 2018 15:29
Rate this item
(1 Vote)