Restaurants



မလေးရှားတွင် အစိုးရ သကြားဈေးနှုန်း ထိန်းချုပ်ထားသဖြင့် သကြားပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိ

မလေးရှားတွင် အစိုးရ သကြားဈေးနှုန်း ထိန်းချုပ်ထားသဖြင့် သကြားပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မလေးရှားနိုင်ငံ ဆာဘတ်ပြည်နယ်နှင့်  ဒေသအများအပြားတွင် သကြားပြတ်လပ်နေရခြင်းအတွက် အကြောင်းတချက်မှာ  နိုင်ငံတကာဈေးကွက်တွင် သကြားကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုနှင့် စားသုံးသူရေးရာဝန်ကြီး Datuk Armizan Mohd Ali က ပြောကြားခဲ့သည်။

 

 သကြား ပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန်အတွက် အစိုးရက သကြား တန်ချိန် ၅၅၇,၀၈၀ ကို တင်သွင်းရန် ကုမ္ပဏီ ၄၃ ခုအား သွင်းကုန်ပါမစ်များ ပေးထားကြောင်း၊ စားသုံးသူများအတွက် ပစ္စည်း မပြတ်မလပ် တည်ငြိမ်မှု ရရှိစေရန်အတွက် ဖြစ်ကြောင်း၊ သို့သော် ပြီးခဲ့သည့် ကြာသပတေးနေ့ (နိုဝင်ဘာ ၉ ရက်) အထိ ၂၂,၅၄၇ တန် ( ၄ ဒသမ ၀၅ ရာခိုင်နှုန်း)သာ တင်သွင်းခဲ့ကြောင်း Armizan က ပြောကြားသည်။

လက်ရှိတွင် သကြားကုန်ကြမ်း ကုန်ကျစရိတ်မှာ ၅၂ ရာခိုင်နှုန်း မြင့်တက်လာသည်။ သို့ဖြစ်ရာ ပြည်တွင်းမှ သန့်စင်ပြီး သကြားအသန့်အချော ထုတ်လုပ်သူများအဖို့ ကုန်ထုတ်လုပ်မှုစရိတ် တိုးလာသည်။ သို့သော် သကြားရောင်းဈေးကို အစိုးရက ထိန်းချုပ်ထားသဖြင့် အစိုးရ သတ်မှတ်ပေးထားသည့် ဈေးနှုန်းဖြင့်သာ ရောင်းချရသည်။ သို့ဖြစ်ရာ အရှုံးပေါ်သည်။

 

“ဆက်တိုက် ရှုံးနေတာကို လျော့နည်းအောင် ပြည်တွင်းထုတ်လုပ်သူများက ထုတ်လုပ်မှုကို လျှော့ချထားလိုက်ကြတယ်။ ဒီတော့ ပြည်တွင်းဈေးကွက်ထဲ သကြားအဝင်နည်းနေတယ်။ သူတို့က သတ်မှတ်ဈေးနှုန်းကို တိုးပေးဖို့ တင်ပြကြတယ်။ ဒါပေမဲ့ အစိုးရက ဆုံးဖြတ်ချက် ချမပေးသေးဘူး" ဟု Armizan က ပြောကြားသည်။

"ကျွန်တော်တို့  နိုင်ငံတကာသကြားဈေးနှုန်း ခန့်မှန်းချက်များကို လေ့လာပါတယ်။ မြင့်တက်လိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်" ဟု Armizan က ပြောကြားသည်။

"ကျွန်တော်တို့ ဖြေရှင်းပေးပုံက ပြည်တွင်း လိုအပါကို ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းပေးဖို့  ယခုနှစ် နှစ်ဆန်းပိုင်းကတည်းက သကြားအတွက် သွင်းကုန်ပါမစ်တွေ အတည်ပြုပေးထားပါတယ်။ ဒါပေမဲ့ တင်သွင်းတဲ့ ပမာဏက နည်းနေတယ်။ သူတို့ကလည်း ကမ္ဘာ့သကြားဈေးနှုန်း မြင့်နေတော့ သကြားတွေ တင်သွင်းပြီး ပြန်ရောင်းတဲ့အခါ အစိုးရ သတ်မှတ်ဈေးဖြင့် ရောင်းရတာဖြစ်လို့ တွက်ခြေမကိုက်ဘူး။ ဒီတော့ တင်သွင်းတာ လျော့နည်းနေပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

Armizan က သူသည် သကြားထောက်ပံ့မှု ပြတ်တောက်မှုနှင့် ပတ်သက်၍ တိုင်ကြားစာများ လက်ခံရရှိထားကြောင်း ပြောကြားသည်။ အထူးသဖြင့် သကြားဈေးနှုန်းကို တစ်ကီလိုဂရမ် ၂.၈၅ ရင်းဂစ် သတ်မှတ်ထားသည့် ဆာဘတ်အပါအဝင် ပြည်နယ်အချို့တွင် သကြားပြတ်လပ်နေသည်။ 

 

အဆိုပါပြဿနာကို ဖြေရှင်းရာတွင် ဈေးနှုန်းသာမက ဈေးကွက်ထဲ့သို့ သကြားပေးသွင်းသည့် ရေချိန်ကိုပါ ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်ဟု Armizan က ပြောကြားသည်။

 

“ဈေးနှုန်းချိုသာဖို့ ကျွန်တော်တို့က ထိန်းချုပ်ထားလို့ သကြားဈေးနှုန်း အနိမ့်မှာ တည်ငြိမ်နေပေမဲ့ လုံလုံလောက်လောက် မရရင် စားသုံးသူတွေအဖို့ ပြဿနာ ဖြစ်နေမှာပါ။ ဒါကြောင့် ဆီလျော်မှုရှိအောင် အဖက်ဖက်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တကယ်တော့ ပြဿနာ အရင်းခံက ကမ္ဘာ့သကြားဈေးနှုန်း မြင့်နေတာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

Source  Bernama


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 13 November 2023 20:52
Rate this item
(0 votes)