Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


လူအများ သီးခြားထိုင်ရေး အတွက် ဂျာမန် စားသောက်ဆိုင်က ထွင်ထားတဲ့ ဦးထုတ်

ဒီတစ်ခါမှာတော့ ဂျာမဏီနိုင်ငံရှိစားသောက်ဆိုင်လေးတစ်ဆိုင်က စားသုံးသူ မိဘပြည်သူများ ကိုဗစ်ရောဂါပိုးကူးမှာ ဆိုးရိမ်စရာ မရှိပဲအေးဆေးစွာ စားသောက်နိုင်ရန် ဦးထုတ်တစ်မျိုး ကို တီထွင်ခဲ့ပါတယ် သူ့ဆိုင်လာ စားသောက်တဲ့ လူတွေ အနေနဲ့ အဆိုပါ ဦးထုတ်ကို စားသောက်နေစဉ် အတွင်းဦးခေါင်းတွင်ဝတ်ထားရပါမယ်တဲ့။

 

ထိုထူးဆန်းတဲ့ ဦးထုတ်ကိုတော့ ထိုဆိုင်မှ ရေကူးကန် အတွင်း အသုံးပြု ဖော့ချောင်းများ နှင့် ပုံဖော်ထားတယ်သိရပြီး လူ အချင်းချင်း အကွာ အဝေး တစ်ခုမှာ ရှိစေရန် ရည်ရွယ်တယ် သိရပါတယ်။အစား အစာ များ ကို လဲ အဝတ်စ အပါး ဖြင့် အုပ်ထားတယ်သိရပါတယ်။

 

ဦးထုတ်မှာ ရေကူးကန် သုံးဖော့ ချောင်း သုံးခုကို အခွံမာ အမာသား မှာ ကပ်ထားပြီး လူတွေ ကို အကွာအဝေး တစ်ခု က နေနိုင်အောင်လုပ်ထားတာပါ။အနီ ၊ အပြာ ၊ အဝါ ရောင်စုံရှိပါတယ်။လူတစ်ဦးကို တစ်လုံး ပေးပြီး သင် ပြန်ပါ က ၎င်းတို့ ဆိုင်မှ ပိုးသတ်ဆေး ပြန် ဖြန်းထားပါတယ်။

 

ထို ခေါင်းလေးစေမည့် ဦးထုတ်ကြီးတွေဆောင်းခိုင်းပြီး ပေးဝင်ပေမည့် ထိုဆိုင်မှာ လူစည်ပါတယ် အဘယ်ကြောင့်ဆို အခုချိန်မှာ လူတွေမှာ အစားအသောက် စားဖို့အရေး ရွေးချယ်စရာ ဆိုင်မရှိပါဘူး တကယ်တန်း လူတွေက အပြင် မထွက်ရတဲ့ Feeling ခံစားနေရတာရယ် ဆိုင်တိုင်းပိတ်ထားတာမို့ သူတို့မှာ အခြားစားသောက်စရာ ဆိုင်မရှိပါဘူး တချို့ ကျ သူတို့ လုံ ခြုံရေး အတွက် ဝတ်ဆင်ကြတယ်သိရပါတယ်။

 

Instagram မှ Model များဆို အဆိုပါ ဆိုင်ကို တကူးတကသွားရောက် စားသောက်ကာ အဆိုပါ ဦးထုတ် နှင့် ဓာတ်ပုံရိုက်တယ် သိရပါတယ်။၎င်း ဆိုင်မှာ စွဝီယင် မြို့ ရှိ Cafe & Konditorei Rothe စားသောက်ဆိုင်ဖြစ်ပြီး ကိုဗစ် မဖြစ်ပွားခင် ကာလ တွေတုန်းက လူလာ အများ ဆုံး စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ခဲ့တာပါ။

 

ပြီးခဲ့တဲ့ မေ လ ၁၁ ရက် ထဲက Lockdown ကိုဖြေလျော့တဲ့ အခါမှာ ဂျာမန် အစိုးရက အစားအသောက်များကို ပုံမှန် အတိုင်း ပြန်လည် ရောင်းချပေးရမယ်ဆိုတာ မို့ ၎င်းတို့ ဆိုင်ပြန်ဖွင့်ခဲ့ချင်းပါအခုလဲ ဆိုင်ပြန်ဖွင့်တဲ့ အခါမှာ လူတွေက ထို ဦးထုတ်များကို ဆောင်းပြီး လာထိုင်ကြတယ်သိရပါတယ်။

 

ကျောင်းတွေလဲ ပြန်ဖွင့်ပြီ ဖြစ်ပြီးကျောင်းသား ၊ ကျောင်းသူများ စာသင်ကျောင်း အပြန် အဆိုပါ ဦးထုတ် ကြီးများဆောင်းကာ ကျောင်းစာ တွေကို အဆိုပါ စားသောက်ဆိုင်မှာ သက်တောင့်သက်သာ မုန့်လေး စားလိုက်စာလုပ်လိုက်နဲ့ အတော်လေး အသား ကျနေပုံပါ။

 

၎င်း Cafe & Konditorei Rothe စားသောက်ဆိုင်မှာအသား ကိုတော့ ပစ္စည်း ပျက်လက်မှာ ဆိုးလို့ အသားနဲ့ အစားအစာ တွေကို နေ့စဉ် ပမာဏ အနည်းငယ်သာ မှာလို့ ရပါတယ်။အခြားကော်ဖီ အမျိုးမျိုးနဲ့ သရေဆာ များကို လိုသလို မှာလို့ရပါတယ်။ထိုဆိုင်၏ Menu ထဲတွင် ဈေးနှုန်း ဒေါ်လာ ၅ ကျပ်က စတင်ပြီး ဒေါ်လာ ၆၀ လောက်ထိ အစားအစာ များပါဝင်ပါသတဲ့။

 

လူအများ သီးခြားထိုင်ရေး အတွက်  ဂျာမန် စားသောက်ဆိုင်က ထွင်ထားတဲ့ ဦးထုတ်

 

<<< Zawgyi >>>

 


-------------------------------------------------------------------------------------------------------

 


 


 


 


 


 


 


 


 

လူအများ သီးခြားထိုင်ရေး အတွက်  ဂျာမန် စားသောက်ဆိုင်က ထွင်ထားတဲ့ ဦးထုတ်

 

Ref ; Daily Mail 

Read times Last modified on Monday, 18 May 2020 12:03
Rate this item
(0 votes)