Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Jollibee က တိုင်ဝမ် bubble tea ဆိုင်လုပ်ငန်း Milkshop ရှယ်ယာများ ဝယ်ယူ

Jollibee က တိုင်ဝမ် bubble tea ဆိုင်လုပ်ငန်း Milkshop ရှယ်ယာများ ဝယ်ယူလိုက်ပြီး ကမ္ဘာအနှံ့ခြေဆန့်မယ့် ရည်ရွယ်ချက်အတွက် ရှေ့သို့ခြေလှမ်းကြဲကြဲ လှမ်းလိုက်ပါတယ်။

ဖိလစ်ပိုင်မှ အမြန်ကြက်ကြော်ဆိုင်ခွဲများလုပ်ငန်း Jollibee Foods Corporation (JFC) က တိုင်ဝမ်ကုမ္ပဏီ Milkshop International Co Ltd ရဲ့ အစုရှယ်ယာ ၅၁ % ကို အမေရိကန်ဒေါ်လာ ၁၂.၈ သန်းဖြင့် ဝယ်ယူပါတယ်။

Jollibee ရဲ့ လက်ထဲမှာ စားသောက်ဆိုင်လုပ်ငန်းတွေလည်း ပိုင်ဆိုင်ထားပြီး ဟောင်ကောင်မှ dim sum ဆိုင်ခွဲများလုပ်ငန်း Tim Ho Wan ၊ တရုတ်နိုင်ငံရှိ Dunkin’ Donuts ဆိုင်ခွဲများ ပါဝင်ပါတယ်။ ယခု Milkshop မှာ ရှယ်ယာအများစု ပိုင်ဆိုင်အောင် ဝယ်ယူပြီး bubble tea ဆိုင်လုပ်ငန်းခွဲများ ကဏ္ဍကို ခြေချလိုက်တာ ဖြစ်ပါတယ်။

Jollibee က ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင်လုပ်ငန်းစု ဖြစ်ရမည် ဆိုတဲ့ ရည်မှန်းချက် ပြည့်မီဖို့ တိုးချဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

JFC ရဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့ Jollibee Worldwide Pte Ltd အနေဖြင့် Milkshop ရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁၂.၈ သန်းဖြင့် ဝယ်ယူပြီးတဲ့အခါမှာ Milkshop ရဲ့ နာမည်ကြီး bubble tea brand ဖြစ်တဲ့ Milksha ကိုပါ ရရှိမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အစုရှယ်ယာ ၄၈% ကို Milkshop ထူထောင်သူတစ်ဦးက ပိုင်ဆိုင်ပါတယ်။

 

unnamed_11.png


Bubble tea ကို တိုင်ဝမ်မှာ ၁၉၈၇ ခုနှစ်မှာ စတင်ရောင်းချခဲ့ပြီး အခြားနိုင်ငံများသို့ပါ ရောက်ရှိပြီး လူကြိုက်များပါတယ်။ ယခုအခါ ကမ္ဘာ့ Bubble tea ကဏ္ဍစီးပွားရေးအဖြစ်သို့ ရောက်ရှိနေပါပြီ။

Milkshop မှာ ဆိုင်ပေါင်း ၂၅၀ ကျော် ရှိပြီး တိုင်ဝမ်မှာ ၂၃၁ ဆိုင် ဖွင့်လှစ်ထားပါတယ်။ ကျန်တဲ့ဆိုင်တွေက စင်ကာပူ၊ မဲလ်ဘုံး ဩစတေးလျ ၊ ဗန်ကူးဗား ကနေဒါ ၊ ဟောင်ကောင် တို့မှာ ဖွင့်လှစ်ထားပါတယ်။ ကိုဗစ်ကာလမှာ ရောင်းအား ပိုကောင်းခဲ့ပြီး ရောင်းအားပမာဏ အမေရိကန်ဒေါ်လာ ၇၄.၇ သန်း ရှိပါတယ်။
Milksha ရဲ့ စားသောက်စရာတွေကို ဖိလစ်ပိုင်မှာ ရောင်းချမှာ ဖြစ်ပြီး JFC ပိုင်ဆိုင်တဲ့ တရုတ်စားသောက်ဆိုင်လုပ်ငန်း Chowking ရဲ့ ဆိုင်တွေမှာ ရောင်းချမှာ ဖြစ်ပါတယ်။ Chowking က ကမ္ဘာတစ်လွှား ၆၀၈ ဆိုင် ဖွင့်လှစ်ထားပါတယ်။

JFC အနေဖြင့် စားသောက်စရာ လုပ်ငန်းများ၊ စားသောက်ဆိုင်ခွဲ လုပ်ငန်းများ ဝယ်ယူခြင်းနဲ့အတူ ပိုင်ဆိုင်တဲ့ brand တွေကိုလည်း တိုးချဲ့ပါတယ်။
ဖိလစ်ပိုင် မနီလာအခြေစိုက် JFC မှာ brands ၁၇ ခု ရရှိထားပြီးပြီ ဖြစ်ပါတယ်။ ၎င်း brands များဖြင့် နိုင်ငံ ၁၇ ခုမှာ ဆိုင်ပေါင်း ၅, ၈၅၃ ဆိုင် ဖွင့်လှစ်ထားပါတယ်။ ဖိလစ်ပိုင်မှာ ၃,၂၀၃ ဆိုင် ဖွင့်လှစ်ထားပါတယ်။
JFC က ပြန်ရောင်းထုတ်လိုက်တာတွေလည်း ရှိပါတယ်။ တိုင်ဝမ် စားသောက်ဆိုင်ခွဲလုပ်ငန်း Lao Dong ၊ တရုတ်ပြည်မှ လက်ဖက်ရည်ဆိုင် လုပ်ငန်း Chun Shui Tang တို့ကို ပြန်ရောင်းထုတ်ခဲ့ပါတယ်။

 

 

Read times Last modified on Wednesday, 01 December 2021 10:38
Rate this item
(0 votes)