Restaurants



foodpanda ရောင်းချမည်ဟု မိခင်လုပ်ငန်း Delivery Hero ကြေညာချက် ထုတ်ပြန်

foodpanda ရောင်းချမည်ဟု မိခင်လုပ်ငန်း Delivery Hero ကြေညာချက် ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

Delivery Hero သည် ၎င်း၏ အာရှလုပ်ငန်းကဏ္ဍ အစိတ်အပိုင်း အချို့ကို ရောင်းချရန် ဆွေးနွေးနေကြောင်း ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၀) တွင် အတည်ပြုချက် ထုတ်ပြန်သည်။ အရောင်းအဝယ်အတွက် ဈေးနှုန်း ညှိနှိုင်းဆဲ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

 

 photo_2023-09-21_23-25-00.jpg

 

 

Wirtschaftswoche စီးပွားရေးမဂ္ဂဇင်းက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် သတင်းဖော်ပြခဲ့ရာ၌ စင်ကာပူ အခြေစိုက် Grab က ယူရို ၁ ဘီလျံသာသာ (ကန်ဒေါ်လာ ၁.၀၇ ဘီလီယံ) ပေးရန် ကမ်းလှမ်းထားသည်။

 

ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေစိုက် Delivery Hero သည် foodpanda အမှတ်တံဆိပ်ဖြင့် လုပ်ကိုင်လျက်ရှိသည့်  စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့မှ လုပ်ငန်းကဏ္ဍများကို ရောင်းချမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Delivery Hero သည် ကြီးထွားမှုကို ထိန်းသိမ်းထားရင်း အမြတ်အစွန်းရရှိရန် အာရုံစိုက် လုပ်ကိုင်ခဲ့ပါသည်။ ကိုဗစ်ကာလ အရှိန်ကောင်းခဲ့သည်မှာ ကိုဗစ်လွန်ကာလတွင် အရှိန်ပြန်ကျသွားသည်။

 

ယခုနှစ် ပထမ ၆ လတွင် အမြတ်ရခဲ့ကြောင်း လုပ်ငန်းစုက ပြောကြားခဲ့သော်လည်း ပမာဏကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။

၂၀၂၂ ခုနှစ် ပထမ ၆ လတွင် ယူရို ၃၂၃ သန်း အရှုံးပြခဲ့ပါသည်။

 

အမှုဆောင်အရာရှိချုပ် Niklas Oestberg က အာရှသည် ကုမ္ပဏီအဖို့ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းအများဆုံးရှိသည့် ဒေသဖြစ်ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Thursday, 21 September 2023 23:27
Rate this item
(0 votes)