Restaurants



ပိုလျှံဝိုင် ယူရို သန်း ၂၀၀ ပြင်သစ်အစိုးရ ဝယ်ယူမည်

ပိုလျှံဝိုင် ယူရို သန်း ၂၀၀ ပြင်သစ်အစိုးရ ဝယ်ယူမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

လူငယ်လူရွယ်များ အရက်သောက်သုံးမှု နည်းလာသည့် သောက်သုံးမှုဓလေ့ အပြောင်းအလဲကြောင့်  ပြင်သစ်အစိုးရသည် ဝိုင်ဈေးကွက်ထဲ ပိုလျှံနေသောဝိုင်များကို ဖျက်ဆီးရန်အတွက် ဒေါ်လာ ၂၁၆ သန်း သုံးစွဲသွားမည်ဖြစ်သည်။

 

ပြင်သစ်ဝိုင်လုပ်ငန်းကဏ္ဍကို ထောက်ကူသည့်အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။

ပိုလျှံနေသောဝိုင်များကို လက်သန့်ဆေး၊ ရေမွှေုး၊သန့်ရှင်းရေးသုံးပစ္စည်းများတွင် အသုံးပြုကြသည့် လုပ်ငန်းသုံးအရက်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

 

ပြင်သစ်၏ ဝိုင်လုပ်ငန်းသည်  သောက်သုံးမှုအလေ့အထများ ပြောင်းလဲလာပြီး ဝိုင်နီသောက်သုံးသူနည်းပါးသွားသည်။ 

 

ပြင်သစ်အစိုးရသည် ရုန်းကန်နေရသော ဝိုင်လုပ်ငန်းကဏ္ဍကို ထောက်ကူရန် ပိုလျှံနေသောဝိုင်များကို ဖျက်ဆီးရန်အတွက် ယူရိုသန်း ၂၀၀ (ကန် ဒေါ်လာ ၂၁၆ သန်းခန့်) သုံးစွဲရန် စီစဉ်နေသည်။

 

ပြင်သစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီး Marc Fesneau က အစိုးရသည် ပိုလျှံစပျစ်ဝိုင်များကို ဝယ်ယူရန်အတွက် အီးယူက ပေးအပ်ထားသည့် ကနဦးရန်ပုံငွေ ယူရို သန်း ၁၆၀ တွင် ထပ်ဆောင်း ဖြည့်ထည့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

COVID ၏ သက်ရောက်မှုများနှင့် လူနေမှုစရိတ် ကြီးမြင့်မှုသည် ပြင်သစ်နိုင်ငံ၏ ဝိုင်လုပ်ငန်း မပြေလည်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

 ဥရောပတစ်ဝှမ်းတွင် ဝိုင်သောက်သုံးမှုများ လျော့ကျသွားခဲ့သည်။

 

 အစားအသောက်နှင့် အဖျော်ယမကာဈေးနှုန်းများ မြင့်တက်စေသည့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့်  စားသုံးသူများ ဝိုင်ပုလင်းများကို လျှော့ဝယ်ကြသည်။ 

 ဝိုင်ထုတ်လုပ်မှုမှာ ယခင်အတိုင်း အခြေမပျက် ဆက်ရှိနေသဖြင့် ထုတ်လုပ်မှုက ဝယ်နိုင်စွမ်းထက် ပိုများနေပြီး ဈေးကွက်ထဲ ဝိုင်ပိုလျှံမှု ဖြစ်ပေါ်နေစေသည်။

 ဥရောပကော်မရှင်က  ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ဝိုင်သောက်သုံးမှုသည် 

 • အီတလီတွင် ၇%၊ 

 • စပိန်တွင် ၁၀%၊ 

 • ဂျာမနီတွင် ၂၂%၊ 

 • ပေါ်တူဂီတွင် ၃၄% နှင့် 

 • ပြင်သစ်တွင် ၂၂% 

  ကျဆင်းသွားခဲ့သည်။

 

အဖျော်ယမကာ သောက်သုံးမှုတွင် မျိုးဆက်သစ်Generation Z တို့သည် အရက်မပါသော ဘီယာ၊ ဝိုင် တို့ကို သောက်သုံးကြသည်။ 

Source businessinsider 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 02 September 2023 21:07
Rate this item
(1 Vote)