Restaurants



ဘီယာ၊ အရက်နှင့် မြည်းဖို့ KFC ကြက်ကြော်အသစ်

ဘီယာ၊ အရက်နှင့် မြည်းဖို့ KFC ကြက်ကြော်အသစ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဘီယာ၊ အရက် သောက်သည့်အခါ အမြည်းအဖြစ် စားသုံးဖို့ အလွန်လိုက်ဖက်သည့် ကြက်ကြော် အသစ်တမျိုးကို KFC Japan က Ninniku Crispy အမည်ဖြင့် စတင်ရောင်းချသည်။

ninniku သည် ကြက်သွန်ဖြူကို ဆိုလိုသည်။

 

photo_2023-11-30_08-15-57.jpg

 

KFC ၏ Crispy ကြက်ကြော်ကို အခြေခံထားပြီး ကြက်သွန်ဖြူ ပိုများများ သုံးထားသည်။ ထို့အပြင် ကြက်သွန်ဖြူ အရသာရှိသည့် ဆီအရည်ပျစ်ဖြင့် သုတ်လိမ်းပေးထားသည်။

ကြက်သွန်ဖြူအရသာ ပေးအပ်သော်လည်း ကြက်သွန်ဖြူ အစိမ်းကို စားသည့် အရသာနှင့် မတူအောင် ဖန်တီးထားသဖြင့် အရက်ယာမကာနှင့် အလွန်လိုက်ဖက်သောအရသာဟု KFC က ပြောကြားသည်။

 

photo_2023-11-30_08-15-36.jpg

Source: PR Times 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 30 November 2023 08:20
Rate this item
(0 votes)