Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


McDonald's, Burger King, KFC တို့ရဲ့ တောင်ကိုရီးယားလုပ်ငန်းကဏ္ဍများ ဝယ်လက်ရှာမရ ဖြစ်နေ

McDonald's, Burger King, KFC တို့ရဲ့ တောင်ကိုရီးယားလုပ်ငန်းကဏ္ဍများ ဝယ်လက်ရှာမရ ဖြစ်နေ

တောင်ကိုရီးယားတွင် လုပ်ကိုင်လျက် ရှိတဲ့ McDonald's, Burger King နှင့်  KFC တို့ရဲ့ လုပ်ငန်းကဏ္ဍများအတွက် ပိုင်ရှင်အသစ် ရှာမရ ဖြစ်နေပါတယ်။ ငွေကြေးဈေးကွက်နှင့် ခုမှာခုရ စားသောက်ဆိုင်လုပ်ငန်းကဏ္ဍ နှစ်မျိုးစလုံးမှာ အခြေအနေများ ဆုတ်ယုတ်နေအတွက် ဝယ်လက်များ လက်ရှောင်ထားကြပါတယ်။ 

တောင်ကိုရီးယား ပြည်တွင်းရှိ စားသုံးသူများကို ကျန်းမာရေးကောင်းစေမယ့် အစားအသောက်များကို ရွေးချယ်စားသောက်ခြင်း ပိုများလာချိန်မှာ အမေရိကန်မှ ခုမှာခုရ စားသောက်ဆိုင်ခွဲများတွင် ပိုမြင့်မားတဲ့ ဈေးနှုန်းများဖြင့် ဝယ်စားကြဖို့ လက်တွန့်လာကြပါတယ်။ လက်ရှိ ဆုတ်ယုတ်နေတဲ့ အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေဦးမယ်လို့ ကျွမ်းကျင်သူများက ကြိုတင်ခန့်မှန်းထားကြပါတယ်။ 

တစ်ဘက်မှာ ရောင်အား ကျဆင်းနေချိန်မှာ အခြားတစ်ဘက်မှာ ထည့်သုံးရတဲ့ ဟင်းခတ်ပစ္စည်းများနှင့် လုပ်သားတို့အတွက် ကုန်ကျစရိတ်များ မြင့်တက်နေတဲ့အတွက် အရှုံးပေါ်မယ့် အရေး ရှိနေပါတယ်။ ခုမှာခုရ စားသောက်ဆိုင်ခွဲများအနေဖြင့် မြင့်တက်လာတဲ့ စရိတ်စကများ ကာမိအောင် ရောင်းဈေးတက်ဖို့ကလည်း ခက်ပါတယ်။ 
တောင်ကိုရီးယားမှ လုပ်ငန်းကဏ္ဍများ ရောင်းဖို့ ခက်ခဲနေတာဟာ ယခုနှစ်ထက် နောက်နှစ်မှာ ပိုဆိုးလာဖွယ် ရှိတာကြောင့် တောင်ကိုရီးယားမှ ခုမှခုရ အမြန်ရ 
စားသောက်ဆိုင်ခွဲလုပ်ငန်းများအနေဖြင့် သူတို့ရဲ့ လုပ်ငန်းကဏ္ဍများကို ရောင်းချနိုင်ရင် အကောင်းဆုံးပဲလို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ 

KFC Korea ကို ဝယ်ယူခဲ့တဲ့ KG Group ဟာ ယခုအခါမှာ နောင်တရနေပါတယ်။ KFC ရဲ့ တောင်ကိုရီးယား လုပ်ငန်းကဏ္ဍကို ဥရောပမှ CVC Capital Partners ထံမှ KG Group က ဝယ်ယူခဲ့ပြီး ကြက်ကြော်နှင့် ဟမ်ဘာဂါ ဆိုင်ခွဲများမှာ အကြီးအကျယ် အရှုံးပြခဲ့ပြီး ၂၀၂၀ မှာ အရင်းအနှီး ပြုတ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။  
ယခုနှစ်ဆန်းပိုင်းမှာ KFC Korea ကို ပြန်လည် ရောင်းချဖို့ ဝမ် ၁၀၀ ဘီလျံ (ကန်ဒေါ်လာ ၇၈ သန်း) ဖြင့် ဈေးခေါ်ထားပါတယ်။ 

McDonald's ရဲ့ အမေရိကန်ရှိ ရုံးချုပ်က ကိုရီးယား လုပ်ငန်းခွဲကို ရောင်းချဖို့ ဒုတိယအကြိမ်မြောက် ကြိုးပမ်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ပထမအကြိမ် ကြိုးပမ်းခဲ့ဖူးပါတယ်။ ဝယ်လက် ရှာမရဖြစ်ပြီး ရောင်းချဖို့ ကြိုးပမ်းတာကို ရပ်ထားလိုက်ရပါတယ်။ ကုမ္ပဏီစုကြီး Maeil Dairies and Carlyle Group နှင့်လည်းကောင်း၊ KG Group နှင့် NHN Entertainment တို့နင့်လည်းကောင်း တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးတဲ့ အဆင့်ရောက်ပြီးမှ အရောင်းအဝယ် ပွဲပျက်သွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ‌မှာ ရောင်းချစဉ်က Morgan Stanley ကို အလုပ်အပ်နှံခဲ့ပြီး ယခုအကြိမ်မှာ Mirae Asset Securities ထံ အလုပ်အပ်နှံ ထားပါတယ်။

McDonald's ရဲ့ တောင်ကိုရီးယားရှိ လုပ်ငန်းကကဏ္ဍက  ၂၀၁၉ မှာ ဝမ် ၄၄ ဘီလီယံ၊ ၂၀၂၀ မှာ ဝမ် ၄၈.၃ ဘီလီယံ၊ ၂၀၂၁ မှာ ဝမ် ၂၇.၇ ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။

Burger King ရဲ့ တောင်ကိုရီးယားလုပ်ငန်းကဏ္ဍကို လုပ်ကိုင်နေတဲ့ Affinity Equity Partners က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသက်သက်မျှသာ ဖြစ်တာကြောင့် အမြန်ဆုံး ရောင်းထုတ်လိုပါတယ်။ Affinity Equity Partners က ဟောင်ကောင်အခြေစိုက် Private Equity Fund ဖြစ်ပြီး Burger King ရဲ့ တောင်ကိုရီးယားလုပ်ငန်းကဏ္ဍကို ၂၀၁၆ မှာ ဝယ်ယူခဲ့ပါတယ်။ နောက်တစ်နှစ်မှာ ဂျပန်မှ လုပ်ငန်းခွဲကို ဝယ်ယူခဲ့ပါတယ်။ ယမန်နှစ်ကတည်းက အဆိုပါလုပ်ငန်းကဏ္ဍ ၂ ရပ်ကို ဝမ် ၁ ထရီလီယံဖြင့် ရောင်းချဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။ Goldman Sachs ထံ လုပ်ငန်းအပ်နှံထားပါတယ်။ 

McDonald's, Burger King, KFC တို့ရဲ့ တောင်ကိုရီးယား လုပ်ငန်းကဏ္ဍများ ဝယ်လက်ရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
#MyanmarIndustryGuide 
 Telegram Channel
https://t.me/Guid4U/McDonaldsBurgerKingKFC

https://t.me/Guid4U

Read times
Rate this item
(0 votes)