Restaurants



ဖားအကောင်လိုက် ခေါက်ဆွဲပြုတ် စတင်ရောင်းချ

ဖားအကောင်လိုက် ခေါက်ဆွဲပြုတ် စတင်ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်ဝမ်အနောက်ပိုင်း Yunlin ခရိုင်ရှိ  Yuan Ramen စားသောက်ဆိုင်က Frog Frog Frog Ramen ခေါက်ဆွဲပြုတ် အသစ်ကို ၎င်း၏ Facebook စာမျက်နှာတွင် ပုံနှင့်တကွ တင်ပြခဲ့သည်။

 ဈေးနှုန်းမှာ ထိုင်ဝမ်ဒေါ်လာသစ် ၂၅၀(ကန်ဒေါ်လာ ၈.၁၅) ဖြစ်သည်။ ခေါက်ဆွဲပြုတ်အရည်မှာ ဆိုင်၏ ဂန္ထဝင်ငါးဟင်းချိုအရည်၊ ခေါက်ဆွဲ၊ ခုံးကောင်များပါဝင်ပြီး မလှီးမဖြတ် အရေခွံမခွာ ၂၀၀ ဂရမ် ဖါးတစ်ကောင်တို့ ပါဝင်သည်။ အပေါ်မှာ ကြက်သွန်မိတ် ဖြူးပေးထားသည်။

 

သတ်မှတ်ထားသည့် ရက်များတွင်သာ သတ်မှတ်ထားသည့် ပွဲရေ အရေအတွက်ဖြင့် ရရှိနိုင်မည်။ အနည်းဆုံး ၂ ပွဲမှ အများဆုံး ၆ ပွဲအထိသာ ချက်ပြုတ်မည်။ သို့ဖြစ်ရာ Frog Frog Frog Ramen ခေါက်ဆွဲပြုတ် စားလိုပါက ကြိုတင်မှာကြား စာရင်းပေးသွင်းထားရမည် ဖြစ်သည်။

 

အကယ်၍ မစားဘဲ ဓာတ်ပုံရိုက်ဖို့သက်သက် မှာကြားခြင်း ဖြစ်ပါက နောက်ထပ် ထိုင်ဝမ်ဒေါ်လာသစ် ၁၀၀ ထပ်ဆောင်းပြီး ပေးရမည်ဖြစ်ရာ စုစုပေါင်း ထိုင်ဝမ်ဒေါ်လာသစ် ၃၅၀ ကျသင့်မည်ဖြစ်သည်။

 

ထိုင်ဝမ်မှ ထိုင်ပေမြို့ရှိ Ramen Boy ခေါက်ဆွဲပြုတ်ဆိုင်သည် ခေါက်ဆွဲပြုတ်ကို ပင်လယ်ရေအောက် သတ္တဝါ အိုင်ဆိုပိုဒါ တစ်ကောင်နှင့်အတူ ရောင်းချသည့်အကြောင်း ဗီဒီယိုတင်ပြချက် လင့် 

https://www.foodindustrydirectory.com.mm/food-industry/restaurant/item/6263-ramen-boy.html

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 17 June 2023 07:47
Rate this item
(0 votes)