Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဘီယာအများဆုံး သောက်သုံးသည့် နိုင်ငံများ

ဘီယာအများဆုံး သောက်သုံးသည့် နိုင်ငံများ

နှစ်ရာပေါင်းများစွာကတည်းက ဘီယာကို သောက်သုံးလာခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းအစားဆုံး ယမကာတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ 

ကမ္ဘာတစ်ဝှမ်း ဘီယာသောက်သုံးမှုသည် ၂၀၂၀ ပြည့်နှစ်တွင်   ကီလိုလီတာ ၁၇၇ သန်းကို ကျော်လွန်သွားခဲ့ပါတယ်။

 တစ်ကမ္ဘာလုံးတွင် ဘီယာသောက်သုံးနေကြတာမှာ  နေရာပေါ်မူတည်၍ ပမာဏမှာ များစွာကွဲပြားပါတယ်။ 

 ဘယ်နိုင်ငံတွေက ဘီယာအများဆုံးသောက်သလဲဆိုတာ ပုံမှာ ဖော်ပြပေးထားပါတယ် 

 

beerdrink_most.jpg

 

 

ဂျပန်အခြေစိုက်ယမကာလုပ်ငန်း Kirin Holdings ထုတ်ပြန်တဲ့ အချက်အလက်များကို သုံးစွဲထားပါတယ်။ Kirin သည် ၁၈၇၅ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝှမ်းရှိ ဘီယာသောက်သုံးမှုကို မှတ်တမ်းမှတ်ရာများ ထားရှိပါတယ်။

 

နိုင်ငံအလိုက် ဘီယာ သောက်သုံးမှုကို ကြည့််ရင် တရုတ်နိုင်ငံက အများဆုံး ဖြစ်ပါတယ်။  ၂၀၂၀ ပြည့်နှစ်တွင် ဘီယာသောက်သုံးမှု ကီလိုလီတာ ၃၆ သန်းအထိ ရှိလာပါတယ်။ ၎င်းဘီယာပမာဏက အိုလံပစ်အားကစားပွဲ ရေကူးကန်အရွယ်အစားရှိတဲ့ ရေကူးကန် စုစုပေါင်း ၁၄,၀၀၀ ကန်ကို အပြည့်ဖြည့်လို့ ရပါတယ်။ ဆိုလိုချင်တာက ဘီယာအမြှုပ်မပါ အရည်ချည်း အပြည့်ဖြည့်လို့ ရပါတယ်။ ကမ္ဘာတစ်လွှား ဘီယာသောက်သုံးမှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံနီးပါးနှင့် ညီမျှပါတယ်။  

ဘီယာသာက်သုံးမှု အများဆုံး ၂၅ နိုင်ငံစာရင်းကို ဖော်ပြအပ်ပါတယ်။ 

 

 

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၈% ခန့်ရှိပါတယ်။ 

 

လူဦးရေ  များပြားလှတာဟာ နိုင်ငံအဆင့်မှာ ဘီယာသောက်သုံးမှု မြင့်မားတယ်လို့ တိုက်ရိုက်ယူဆလို့ မရပါဘူး။ အဲဒီ လူဦးရေမှာ ဘီယာသောက်သုံးတဲ့ဓလေ့ ရှိဖို့ လိုတဲ့အပြင် ဘီယာသောက်ဖို့အတွက် ငွေသုံးနိုင်တဲ့ လူဦးရေ ဖြစ်ဖို့လည်း လိုပါတယ်။

  

 

 သာဓကအားဖြင့် ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေအများဆုံးရှိတဲ့ အိန္ဒိယနိုင်ငံဟာ ဘီယာသောက်သုံးမှုစာရင်းတွင် အဆင့် ၂၃ တွင်‌ေရာက်ရှိနေပါတယ်။

 

အမေရိကန်နိုင်ငံက ဒုတိယနေရာမှာ ရှိနေပါတယ်။ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာမှာ တစ်နိုင်ငံလုံးအနေဖြင့်  ဘီယာ ကီလိုလီတာ ၂၄ သန်းကျော် သောက်သုံးခဲ့ပါတယ်။

 

အမေရိကန်တွေဟာ ဘီယာအများကြီးသောက်ကြတဲ့အပြင် သူတို့က ဘီယာချက်တာမှာလည်း အများကြီးချက်ကြပါတယ်။

 

ဘီယာ အများဆူံ ထုတ်လုပ်တာ တရုတ်နိုင်ငံဖြစ်ပြီး ဘီယာ ဒုတိယ အများဆုံး ထုတ်လုပ်တာ အမေရိကန်နိုင်ငံ ဖြစ်ပါတယ်။ ဘီယာ အသောက်များသလို ဘီယာချက်တာလည်း များပြားတဲ့ နှစ်နိုင်ငံ ဖြစ်ပါတယ်။ 

 

ဘီယာသောက်သုံးမှု ပမာဏများကို နိုင်ငံအလိုက် ကြည့်ရှုပြီးတဲ့အခါ တစ်ဦးချင်းအရ ဘီယာ သောက်သုံးမှု ပမာဏကို ကြည့်မယ်ဆိုရင် ချက်သမ္မတနိုင်ငံသည် တစ်ဦးချင်း ဘီယာသောက်သုံးမှုမှာ ပထမ‌နေရာ ရောက်ရှိနေတာ ‌ေတွ့ရပါတယ်။

 

beer.jpg

 

 

ဘီယာနှင့် ပတ်သက်လာရင် ချက်သမ္မတနိုင်ငံသည် စျေးမကြီးသော ဘီယာများ ရရှိနိုင်တာအတွက် လူသိများပါတယ်။ အချို့သော ခရီးသွားလုပ်ငန်း ဝဘ်ဆိုက်များက နိုင်ငံရဲ့ အချို့နေရာများတွင် ဘီယာက ရေသန့်ဘူးထက် ဈေးသက်သာတယ်လို့ ဆိုကြပါတယ်။ 

ဘီယာသောက်သုံးမှုအကြောင်း ပြောရင် အပြည်ပြည်ဆိုင်ရာ ဘီယာနေ့ International Beer Day ကို ထည့်ပြောမှ ပြည့်စုံပါလိမ့်မယ်။

နိုင်ငံအများအပြားမှာ ဘီယာက ယဉ်ကျေးမှုနှင့် ထဲထဲဝင်ဝင် ပတ်သက်နှီးနွှယ်နေပါတယ်။ အချို့နေရာတွေမှာ ဘီယာမရှိဘဲ ဘီယာနည်းတူ ဖြစ်တဲ့ ခေါင်ရည်ကို သောက်သုံးကြတာ ရိုးရာဓလေ့ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ထုံးတမ်းထဲမှာ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒီတော့ ဘီယာအတွက် ရက်တစ်ရက် သတ်မှတ်ပေးထားကြပါတယ်။ 

 

နှစ်စဉ်နှစ်တိုင်း ဩဂုတ်ရဲ့ ပထမဆုံး သောကြာနေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘီယာနေ့ International Beer Day ဖြစ်ပြီး ၎င်းနေ့ရက်မှာ မြို့ကြီး စုစုပေါင်း ၂၀၀ ကျော်မှာ ဘီယာပွဲတော်များ ကျင်းပကြပါတယ်။ 

Source Kirin Holdings

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Saturday, 10 September 2022 12:01
Rate this item
(0 votes)