Restaurants



ဗီယက်နမ် ကျောက်ပုစွန် ခေါက်ချိုးဈေးကျ

ဗီယက်နမ် ကျောက်ပုစွန် ခေါက်ချိုးဈေးကျ

 

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံသည် ဗီယက်နမ်ပုဇွန်များကို အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သည်။

ယခုအခါ ကြီးမားသော စျေးကွက် တရုတ်နိုင်ငံသို့ တင်ပို့မှု လျော့နည်းလာခြင်းကြောင့် ဗီယက်နမ် ကျောက်ပုစွန်များ ခေါက်ချိုးဈေးကျသည်။ တစ်ကီလိုဂရမ် ဒေါင် ၁.၃ သန်း (US$42) ဖြင့် ရောင်းချနေကြသည်။ လွန်ခဲ့သည့် နှစ်လက ရောင်းဈေး၏ ထက်ဝက်သာ ရှိသည့် ဈေးနှုန်း ဖြစ်သည်။

 

Khanh Hoa ပြည်နယ် အလယ်ပိုင်းရှိ ပုစွန်ဖမ်းသူများ၏ ပြောကြားချက်အရ စျေးနှုန်းများသည် နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသဖြင့် ပုစွန်ရောင်းချသူများသည် ၎င်းတို့၏ ပုစွန်များကို အရောင်းရပ်ထားရန် ဆုံးဖြတ်လိုက်ကြရသည်။

 

"လာမယ့်နှစ် အစောပိုင်းမှာ တရုတ်နှစ်သစ်ကူးချိန်ကျရင် စျေးနှုန်းတွေ တက်လာမယ်လို့ မျှော်လင့်နေပါတယ်"ဟု ပုစွန်ဈေးသည်တဦးက ပြောကြားသည်။

 

ဟိုချီမင်းစီးတီးရှိ ပင်လယ်စာဆိုင်များသည် ornate rock lobster ကျောက်ပုစွန်များကို တစ်ကီလိုဂရမ်လျှင် ဒေါင် ၁.၄-၁.၇ သန်းဖြင့် ဈေးချပြီး ရောင်းချနေသည်။

 

photo_2023-10-24_09-56-05.jpg

 painted spiny lobsters

 

 

photo_2023-10-24_09-56-09.jpg

ornate rock lobsters 

 

 

ကျောက်ပုစွန်ကုန်သည် Tuan က ပြည်တွင်းနှင့် ပြည်ပ ပင်လယ်စာ ဝယ်လိုအား ကျဆင်းသွားသည်ဟု ဆိုသည်။

"တရုတ်မှာ လက်ရှိ အဝယ်လိုက်တာ ဈေးသက်သာတဲ့ painted spiny lobster ကျောက်ပုစွန်မျိုးတွေပါ"ဟု ၎င်းက ပြောကြားသည်။

ဗီယက်နမ်သည် နှစ်လယ်ပိုင်းမှစပြီး တရုတ်ဈေးကွက်သို့ painted spiny lobster ကျောက်ပုစွန်များကို အဓိကထား တင်ပို့နေသည်။ ornate rock lobsters ကျောက်ပုစွန်များ တင်ပို့မှု နည်းပါးပါသည်။

ဩစတေးလျမှ တင်သွင်းသော ornate rock lobsters ကျောက်ပုစွန်များသည် ဗီယက်နမ်ထက် ဈေးသက်သာသဖြင့် ဗီယက်နမ်မှ ornate rock lobsters ကျောက်ပုစွန်များ ဈေးကွက်ထဲ မယှဉ်ပြိုင်နိုင်ပါ။

ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏ အဆိုအရ ဗီယက်နမ်သည် ပထမရှစ်လအတွင်း တရုတ်နိုင်ငံသို့ စုစုပေါင်း ဒေါ်လာ ၇၆ သန်းတန်ဖိုးရှိ ကျောက်ပုစွန်များကို တင်ပို့ခဲ့သည်။ ယမန်နှစ်ထက် ၄၂% လျော့ကျသည်။

 

တရုတ်သည် ဗီယက်နမ်မှ ကျောက်ပုစွန်များ တင်သွင်းမှု လျော့ကျသေည်လည်း ကနေဒါ၊ ဩစတြေးလျ၊ အမေရိကန်၊ နယူးဇီလန်၊ ကျူးဘား၊ အိန္ဒိယ၊ ဘရာဇီးနှင့် မက္ကဆီကိုတို့မှ ကျောက်ပုစွန်များကို ပိုမိုတင်သွင်းလျက်ရှိသည်။

 

 စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနသည် ဗီယက်နမ် ပုစွန် ထုတ်လုပ်မှုနှင့် တင်ပို့မှုကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် တစ်နှစ်လျှင် စုစုပေါင်း တန်ချိန် ၃၀၀၀ ထွက်ရှိကာ နှစ်စဉ် ပို့ကုန်တန်ဖိုး ဒေါ်လာ သန်း ၂၀၀ ရရှိရန် မျှော်မှန်းထားသည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 24 October 2023 09:59
Rate this item
(0 votes)