Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Jollibee Dunkin’ ကော်ဖီလုပ်ငန်း မှန်းချက် မကိုက်သဖြင့် တရုတ်နိုင်ငံတွင် ရုပ်သိမ်း

Jollibee  Dunkin’  ကော်ဖီလုပ်ငန်း မှန်းချက် မကိုက်သဖြင့် တရုတ်နိုင်ငံတွင် ရုပ်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖိလစ်ပိုင် အမြန်ရ အစားအစာ လုပ်ငန်းစု Jollibee Foods က ဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်ရန်  ရုန်းကန်နေခဲ့ရပြီးနောက် တရုတ်နိုင်ငံတွင် ၎င်း၏ Dunkin ကော်ဖီလုပ်ငန်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

.

၎င်း၏ စီးပွားဖက် Jasmine Asset Holdings နှင့် အမေရိကန်နိုင်ငံ အခြေစိုက် Dunkin' Donuts Franchising တို့သည် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော franchise သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ကြောင်း Jollibee မှ ပြောကြားခဲ့သည်။

၎င်းတို့၏ မူလအစီအစဉ်မှာ ပေကျင်း၊ ဟောင်ကောင်နှင့် မကာအို အပါအဝင် တရုတ်နိုင်ငံတစ်လွှားတွင် နှစ်ပေါင်း ၂၀ ကာလအတွင်း ဆိုင်ခွဲများ ခုရေ ၁,၄၀၀ ကျော် ဖွင့်လှစ်ရန် ရည်မှန်းထားသည်။ လက်တွေ့တွင် ၇ နှစ် ကြာပြီးချိန်တွင် ပေကျင်းမြို့ တစ်မြို့တည်းမှာသာ ဆိုင်များ ဖွင့်လှစ်နိုင်ပြီး ဆိုင်အရေအတွက် ၇ ခုမျှသာ ရှိသည်။ ၎င်း ၇ ဆိုင်ကို ပိတ်သိမ်းတော့မည် ဖြစ်သည်။

 .

Jollibee ၏ အဓိက ဈေးကွက်မှာ ဖိလစ်ပိုင်နှင့် မြောက်အမေရိက ဖြစ်သည်။ တရုတ်ဈေးကွက်ကို အောင်မြင်ခဲ့လျှင်  ကမ္ဘာ့ အမြန်ရ အစားအစာ စားသောက်ဆိုင်ကဏ္ဍတွင် ကမ္ဘာ့အကြီးဆုံး ထိပ်တန်း လုပ်ငန်းစု (၅) ခုစာရင်းတွင် Jollibee  ပါဝင်နိုင်မည် ဖြစ်သည်။ Jollibee သည် ၂၀၂၂ အောက်တိုဘာလတွင် အဆင့် (၁၁) ရရှိခဲ့သည်။

 .

ဖိလစ်ပိုင်မှ Jollibee သည် brand တစ်ဒါဇင်ကျော်ဖြင့် နိုင်ငံပေါင်း ၃၀ ကျော်တွင် အမြန်ရ စားသောက်ဆိုင်များ ဖွင့်လှစ်ထားသည်။

.

ယခင်ကလည်း တရုတ်ပြည်တွင် Jollibee အရေးနိမ့်ခဲ့ဖူးသည်။ ဟော့ပေါ့နှင့် အမဲသားခေါက်ဆွဲ စားသောက်ဆိုင်များ ပိတ်သိမ်းခဲ့ရသည်။

တရုတ်ပြည်တွင် Jollibee ၏ စားသောက်ဆိုင် လုပ်ငန်းများ ကျန်ရှိနေသေးသည်။ ထိုင်ဝမ်အစားအစာများ‌ ရနိုင်ပြီး နာမည်ကြီး လူကြိုက်များသည့် မှာကြားမှ ဖျော်ပေးသော လတ်ဆတ်ပဲနို့ ရနိုင်သော Yonghe King စားသောက်ဆိုင် လုပ်ငန်း၊ ဆန်ပြုတ်နှင့်တကွ ပူပူလောင်လောင် အစားအစာများ ရောင်းချသည့် Hong Zhuang Yuan စားသောက်ဆိုင် လုပ်ငန်းတို့ လုပ်ကိုင်လျက်ရှိပြီး Yonghe King စားသောက်ဆိုင်ခွဲ ၄၁၈ ဆိုင်၊ Hong Zhuang Yuan စားသောက်ဆိုင်ခွဲ ၅၅ ဆိုင် ဖွင့်လှစ်ထားသည်။

dim sum အဓိကထား ရောင်းချသည့် Tim Ho Wan စားသောက်ဆိုင်ခွဲ ခုရေ ၁၀၀ ကို တရုတ်ပြည်တွင် ၅ နှစ်အတွင်း ဖွင့်လှစ်ရန် Jollibee စီစဉ်ဆောင်ရွက်နေသည်။

Jollibee သည် Dunkin’ ဆိုင်ခွဲများ စွန့်လွှတ်လိုက်ရပြီ ဖြစ်သော်လည်း ကော်ဖီဆိုင်ကဏ္ဍတွင် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ 

အမေရိကန်အခြေစိုက် Coffee Bean & Tea Leaf တွင် ရှယ်ယာ ၈၀% ပိုင်ဆိုင်ထားပါသည်။

Source FMT

Read times
Rate this item
(0 votes)