Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာမုန့်စုံစုံလင်လင်ရတဲ့နေရာများ

မြန်မာ့ရိုးရာမုန့်တွေက တစ်ခါတစ်လေမှာ လုပ်စားရတာ ကောင်းပါတယ်။ ဒါပေမယ့် တချို့ မုန့်တွေက လက်ဝင်ပါတယ်။

အခု Myanmar Food Industry Directory တွင် ဖော်ပြပေးလိုက်ပါတယ်။

 

တင့်တင့်

တင့်တင့် မြန်မာမုန့်တွေကို ရန်ကင်းမြို့ နယ်၊ ကြားမှတ်တိုင်မရောက်ခင်နားမှာ အစုံအလင်ရပါတယ်။ ဈေးကတော့ လမ်းဘေးမှာ ရောင်းတာထက်စာရင် နည်းနည်းတော့ ဈေးပိုကြီးပါတယ်။

 

Ocean Super Center
Ocean Super Center အတွင်းမှာရှိတဲ့ အစားအသောက်တန်းတွေမှာ မြန်မာမုန့်အတော်များများကိုလည်း ရနိုင်ပါတယ်။ တချို့ နေရာတွေမှာ မရနိုင်တဲ့ မုန့်တွေကိုလည်း ရရှိနိုင်ပါတယ်။

 

ရတနာဈေး မြန်မာမုန့်ဆိုင်

ရတနာဈေးထဲမှာရောင်းတဲ့ မြန်မာမုန့်အစုံအလင်ကို ရတနာလမ်း၊ တောင်ဥက္ကလာပမြို့ နယ်မှာ ရရှိနိုင်ပါတယ်။ နည်းနည်းတော့ အလှမ်းဝေးပါတယ်။

 

ရန်ကင်း မိုးကောင်းထိပ်

ရန်ကင်း မိုးကောင်းထိပ်က ကားမှတ်တိုင်နား လမ်းဘေးမှာ ရောင်းတဲ့ မြန်မာမုန့်ဆိုင်လေးကို တွေ့မြင်နိုင်ပါတယ်။ ထမနဲကိုလည်း တစ်နှစ်ပတ်လုံး ရနိုင်ပါတယ်။

 

Yankin City Mart
Yankin City Mart အတွင်းမှာရှိတဲ့ အစားအသောက်တန်းတွေမှာလည်း  မြန်မာမုန့်အတော်များများကိုလည်း ရနိုင်ပါတယ်။ တချို့ နေရာတွေမှာ မရနိုင်တဲ့ မုန့်တွေကိုလည်း ရရှိနိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)