Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာဖလားဘောလုံးပွဲ ဘီယာစည်းကမ်း တင်းကျပ်

ကမ္ဘာဖလားဘောလုံးပွဲ ဘီယာစည်းကမ်း တင်းကျပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကွင်းများအတွင်း ဘီယာ ရောင်းချခြင်း ခွင့်ပြုရန် ကာတာက သဘောတူထားခဲ့ရာမှ ပွဲစဖို့ ၂ ရက်အလိုမှာ အားကစားကွင်းများအတွင်း ‌ဘီယာရောင်းချခြင်းကို တားမြစ်ပိတ်ပင်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

.

ကာတာနိုင်ငံရှိ ကမ္ဘာ့ဖလားဘောလုံးကွင်းများတွင် အရက်ဘီယာရောင်းချခြင်းမပြုတော့ကြောင်း New York Times နှင့် The Associated Press သတင်းများမှာ ဖော်ပြထားပါတယ်။ 

မူလအပေးအယူမှာ  အားကစားကွင်းအတွင်းဘီယာကို ဂိမ်းမကစားမီနှင့် ပွဲအပြီးတွင်သာ ရောင်းချရန် ခွင့်ပြုထားပြီး ယခုစည်းကမ်းအသစ်မှာ လုံးဝမရောင်းရလို့ ပြဋ္ဌာန်းလိုက်ပါတယ်။

.

ဂငယ်ကွေ့ ကွေ့လိုက်တဲ့ ဘီယာစည်းကမ်း အပြောင်းအလဲဟာ Fédération Internationale de Football Association FIFA အဖို့ မျက်နှာပျက်စရာ ဖြစ်ရပါတယ်။

.

ကာတာ ကမ္ဘာဖလားဘောလုံးပွဲမှာ Budweiser က ဘီယာရောင်းခွင့်ရဖို့ စပွန်ဆာ ယူထားပါတယ်။ Budweiser ဟာ FIFA ရဲ့  အရှည်ကြာဆုံး စပွန်ဆာဖြစ်တဲ့အပြင် အကြီးမားဆုံး စပွန်ဆာလည်း ဖြစ်ပါတယ်။ Budweiser က ၁၉၈၆ ကမ္ဘာ့ဖလားပွဲမှစလို့ ယခုအထိ စပွန်ဆာ အမြဲယူခဲ့ပါတယ်။

.

ကာတာတွင် အရက်ကို တရားမဝင်ယာမကာအဖြစ် ပြဋ္ဌာန်းထားခြင်းမရှိပါ။ လူအများ သွားလာနေကြတဲ့ နေရာတွေမှာ အရက်သောက်ခြင်းကို ခွင့်မပြုပါ။ လူမြင်ကွင်းတွင် အရက်မူးခြင်းသည် ရာဇ၀တ်မှု ကျူးလွန်ရာ မြောက်ပါတယ်။ 

ကမ္ဘာ့ဖလားဘောပွဲ ကျင်းပနေစဉ်ကာလအတွင်း ဘီယာကို Fan Festival ရှိတဲ့နေရာမှာ သောက်နိုင်ပါတယ်။ ဒါပေမဲ့ ည ၇ နာရီနောက်ပိုင်းမှ သောက်ခွင့် ပေးထားပါတယ်။

Source usatoday

Read times Last modified on Friday, 18 November 2022 19:45
Rate this item
(0 votes)