Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


GrabKitchen ကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

Grab သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော GrabKitchen ကို

ရန်ကုန်မြို့ အရှေ့အလယ်ပိုင်း၊ တာမွေမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှစတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။ စုပေါင်းစားဖိုဆောင်တစ်ခုပုံစံ ဖန်တီးထားသည့် GrabKitchen ဆိုင်ခန်းနေရာတွင် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအတွက် Grab အက်ပလီကေးရှင်းမှမှာယူသည့် အစားအသောက် အမှာစာများကို ပြင်ဆင်ချက်ပြုတ်ပေးနိုင်ရန် နေရာတစ်ခု ထားရှိသွားမည်ဟုလည်းဆို၏။

ရန်ကုန်မြို့၏ ပထမဦးဆုံးသော GrabKitchen ကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် စားသောက်ဆိုင်များ အားလုံး ပါဆယ်အော်ဒါဖြင့်သာ ရောင်းချရမည်ဟု တာဝန်ရှိသူများမှ ညွှန်ကြားချက် ထုတ်ပြန်ထားချိန်နှင့် လာမည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် (၁၀) ရက်အတွင်း စားသောက်ဆိုင်အားလုံးနီးပါး ပိတ်ထားမည်အချိန်တို့အမီ စတင် စမ်းသပ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ အချိန်ကာလများတွင် ရန်ကုန်မြို့နေ ပြည်သူများမှာ မိမိတို့ နှစ်သက်သည့် အစားအစာများကို ပြတ်လပ်မှုမရှိစေဘဲ Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood မှတစ်ဆင့် မှာယူနိုင်မည်ဖြစ်သည်။ GrabKitchen ရှိ နာမည်ကျော် စားသောက်ဆိုင်အမျိုးမျိုးမှ အစားအသောက်များကို အမှာအော်ဒါတစ်ခုတည်းတွင် စုပေါင်းမှာယူနိုင်သွားနိုင်မည်လည်းဖြစ်သည်။
အစားအသောက် အော်ဒါများကို လက်ခံ ရောင်းချပေးမည့် မိတ်ဖက် စားသောက်ဆိုင်များမှာ -

● Lotteria - ကြက်ကြော်မျိုးစုံ

● Titu’s Indian Bistro - ဒန်ပေါက်၊ Tikka ဟင်းလျာများနှင့် မဆလာလက်ဖက်ရည်များ

● Ya Kun Kaya Toast - ထမင်းနှင့် ကြက်သားဟင်း အစုံလိုက်

● Tea Live - နာမည်ကျော် Bubble Tea နှင့် Milk Tea များ

● Heineken ၊ Tiger ၊ ABC နှင့် Bawdar - Thirst quenching ဘီယာများ

● Best Choice Kyae-Oh & BBQ - ဝက်နံရိုးမီးတောက်

● Mala Spice - စားသုံးသူအကြိုက် စားချင့်စဖွယ် မာလာရှမ်းကော

● Cozy Bar & Restaurant
GrabFood အသုံးပြုသူများ အဆင်ပြေလွယ်ကူစေရန် GrabKitchen စားသောက်ဆိုင် အမျိုးမျိုးမှ အော်ဒါများကို တစ်ကြိမ်တည်းစုစည်း မှာယူနိုင်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း အော်ဒါတစ်ခုလျှင် အနည်းဆုံး ငွေကျပ် (၁၀,၀၀၀) ဖိုး ဝယ်ယူသူများမှာ ပရိုမိုကုဒ် 'GRABKITCHEN' ကို အသုံးပြု၍ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်မည် ဖြစ်ပါသည်။

GrabKitchen တွင် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များနှင့် အစားအသောက်ပို့ဆောင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်နှင့် ဘက်တီးရီးယား ပိုးသတ်ပေးသည့် တစ်ရှုးအစိုများ အသုံးပြုရန် တိုက်တွန်းခြင်းတို့ အပါအဝင် အစားအသောက် သန့်ရှင်းမှုနှင့် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်များကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် GrabKitchen တွင် GrabFood အော်ဒါများ လာရောက်ယူဆောင်ရာတွင်လည်း Social distancing ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အစားအသောက် အော်ဒါများ ပြင်ဆင်နေချိန်တွင် မိတ်ဖက် အစားအသောက် ပို့ဆောင်သူများမှာ တစ်ဦးနှင့်တစ်ဦး ပေများစွာ ခွာ၍ နေရာယူစောင့်ဆိုင်းရမည် ဖြစ်ပါသည်။

ရန်ကုန်မြို့၏ ပထမဦးဆုံးသော GrabKitchen သည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မဒါနလမ်းပေါ်ရှိ Super Container Park တွင် တည်ရှိပါသည်။ ဆိုင်ခန်းနေရာကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပနှင့် မင်္ဂလာတောင်ညွှန့် စသည့် ရန်ကုန်မြို့ရှိ မြို့နယ် (၄) နေရာတွင် GrabFood ဝန်ဆောင်မှု ရယူနိုင်သည့် ဧရိယာများကို တိုးချဲ့လိုက်ပြီ ဖြစ်ပါသည်။

Read times
Rate this item
(0 votes)