Restaurants



ဗီယက်နမ် ပြည်တွင်းကော်ဖီဆိုင်လုပ်ငန်းများ ပြည်ပလုပ်ငန်းကြီးများကို ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်

ဗီယက်နမ် ပြည်တွင်းကော်ဖီဆိုင်လုပ်ငန်းများ ပြည်ပလုပ်ငန်းကြီးများကို ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗီယက်နမ် ပြည်တွင်းအဖျော်ယမကာ ထုတ်လုပ်သူများကို ပြည်တွင်းဈေးကွက်မှာ နိုင်ငံခြားကုမ္ပဏီကြီးများက အနိုင်ယူကြလိမ့်ဟု ထင်ကြေးပေးခဲ့ကြပါသည်။ လက်တွေ့တွင် ပြည်တွင်းအဖျော်ယမက ထုတ်လုပ်သူများသည် ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်နိုင်ကြသည်။ ကောင်းမွန်စွာ ရပ်တည်နိုင်ကြသည်။

.

၂၀၂၃ ခုနှစ်တွင် Starbucks သည် ဗီယက်နမ်နိုင်ငံတွင် ၎င်း၏ တစ်ရာပြည့်ဆိုင်ကို ဖွင့်လှစ်ခြင်းဖြင့် ၎င်း၏ ၁၀ နှစ်ကြာ လည်ပတ်မှုကို အထိမ်းအမှတ် ပြုခဲ့သည်။  ဗီယက်နမ်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့်ဆိုင်ကို Starbucks New World အဖြစ်ဖြင့် ပြန်လည်ဖွင့်လှစ်သည်။

 အမေရိကန်အခြေစိုက် Starbucks ကော်ဖီဆိုင်ခွဲများလုပ်ငန်းသည် ဗီယက်နမ်တွင် သတိထား၍ ဒေသအလိုက် ဆီလျော်သည့် လုပ်နည်းကိုင်ဟန်များကို လုပ်ကိုင်သည်။

ယနေ့အချိန်အထိ အရှေ့တောင်အာရှ၏ အကြီးဆုံး ကော်ဖီဈေးကွက်ဖြစ်သည့် ဗီယက်နမ်တွင် Starbucks ဖွင့်လှစ်ထားသော ကော်ဖီဆိုင်အရေအတွက်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာဟု ဆိုနိုင်ပါသည်။ ဒေသတွင်းရှိ သေးငယ်သော ဈေးကွက်တစ်ခုဖြစ်သည့် စင်ကာပူတွင် Starbucks ဆိုင်ပေါင်း ၁၅၀ နီးပါးရှိသည်။

ဆယ်စုနှစ်တစ်ခုကြာ လည်ပတ်ပြီးနောက်တွင် Starbucks သည် ဗီယက်နမ်တွင် စီးပွားရေးလုပ်သည့်အခါ အမြတ်အစွန်းရနိုင်ခြေအကြောင်းကို ပြောဆိုရန် ငြင်းဆိုနေဆဲဖြစ်သည်။

.

The Coffee House နှင့် Phuc Long Coffee  ကဲ့သို့သော အခြားသော ကော်ဖီဆိုင်များသည် လူငယ်ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်။

.

ဗီယက်နမ်ဈေးကွက်တွင် ကော်ဖီစေ့များ၏ သဘာဝအရသာကို အဓိကထားပြီး နှပ်ထားသော "တတိယလှိုင်းကော်ဖီ" ကဲ့သို့သော နိုင်ငံတကာရေစီးကြောင်းများ ရောက်ရှိလာသော်လည်း ဗီယက်နမ်အမှတ်တံဆိပ် Highlands Coffee၊ Trung Nguyen Legend၊ Ca Phe Cong နှင့် Gemini ကော်ဖီတို့သည် လူကြိုက်များဆဲဖြစ်သဖြင့် Starbucks ကဲ့သို့သော နာမည်ကြီး အမှတ်တံဆိပ်များ အပါအဝင် နိုင်ငံခြား အမှတ်တံဆိပ်များသည် ၎င်းတို့၏ လုပ်ငန်းကို ချဲ့ထွင်ရန် ခက်ခဲ‌နေစေသည်။

.

မကြာသေးမီက တစ်ချိန်က နာမည်ကြီး အမှတ်တံဆိပ် လုပ်ငန်းများသည် ဗီယက်နမ် အမှတ်တံဆိပ် အကြီးစားလုပ်ငန်းများ၏ လက်ထဲသို့ ရောက်ရှိခဲ့ပြီး ကြီးထွားလာခဲ့သည်။ သို့ဖြစ်ရာ ပြည်တွင်းနှင့် ပြည်ပ အမှတ်တံဆိပ်များကြား ပိုမိုညီမျှသော ယှဉ်ပြိုင်နိုင်မှုကို  ဖြစ်ပေါ်စေသည်။

.

၂၀၂၁-၂၀၂၃ ခုနှစ်တွင် Masan သည် Phuc Long ရှယ်ယာ ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ရန် ဒေါ်လာသန်း ရာနှင့်ချီ သုံးစွဲခဲ့သည်။

.

Masan ကျင့်သုံးသည့် မဟာဗျူဟာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ယှဉ်ပြိုင်ရန်အတွက် M&A (merge and acquisition) (ပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်း) ကို လုပ်ဆောင်ပြီး  ကြီးမားသောရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖြစ်သည်။

Masan ၏ စီအီးအို  Danny Le က လုပ်ငန်းစုသည် ဈေးကွက်အတွင်း အားကောင်းသော ဗီယက်နမ်အမှတ်တံဆိပ်များကို သိမ်းပိုက်ကာ ကမ္ဘာဈေးကွက်ထဲသို့  ဗီယက်နမ်အမှတ်တံဆိပ်များ ယူဆောင်လာရန် စဉ်းစားထားကြောင်း ပြောကြားခဲ့သည်။

ကော်ဖီ-လက်ဖက်ရည်ကဏ္ဍတွင် Phuc Long သည် Starbucks ကဲ့သို့ ခိုင်မာသောအမှတ်တံဆိပ်တစ်ခုဟု ဆိုနိုင်ပါသည်။

.

ဗီယက်နမ်အမှတ်တံဆိပ်များသည် ပြုပြင်ပြီးသားကော်ဖီကဏ္ဍတွင်လည်း ၎င်းတို့၏ အနေအထားများကို ခိုင်မြဲစေနိုင်ကြပါသည်။

.

၂၀၂၁ ခုနှစ်တွင် ဘီလျံနာ Nguyen Dang Quang ပိုင်ဆိုင်သော Masan က  ဗီယက်နမ်မှာ စျေးကွက်ဝေစုအကြီးဆုံး အသင့်ဖျော်ကော်ဖီ အမှတ်တံဆိပ် ပိုင်ရှင် Vinacafe Bien Hoa (VCF) ၏ ရှယ်ယာများကို ဝယ်ယူခဲ့ပြီး VCF ကို ထိန်းချုပ်ထားသည့် အနေအထားကို ရယူခဲ့သည်။

VCF ရှယ်ယာများ ပိုင်ဆိုင်ထားသည့် အခြားလုပ်ငန်းများကို ရှယ်ယာအနည်းစု ပိုင်ဆိုင်သူများ ဖြစ်သွားစေသည်။ ၎င်းတို့မှာ 

Hongkong GaoLing Fund သည် ၂၃%၊ 

FTIF – Templeton Frontier Markets Fund ၁.၆%၊

 Barca Global Master Fund, L.P ၁.၅% 

 တို့ ဖြစ်ပါသည်။

 

VCF ကို ရလိုက်သည့်အတွက် Masan သည် ဗီယက်နမ် ပြုပြင်ပြီးသားကော်ဖီကဏ္ဍတွင် ပြည်ပလုပ်ငန်းစုများကို ယှဉ်ပြိုင်နိုင်စွမ်း ရရှိသွားသည်။ VCF သည်လည်း ကြီးထွားနှုန်း သန်မာသွာပါးသည်။ 

Source vnexpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 22 June 2023 09:05
Rate this item
(0 votes)