Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Fisherman’s Wharf Hot pot Grand Opening Ceremony

Fisherman’s Wharf Hot pot ဆိုင်ကို မတ်လ ၇ ရက်နေ့တွင် အမှတ်(၂)၊ စမ်းချောင်းကျောင်းလမ်း၊ ပြည်လမ်းအနီး၊ (၇)ရပ်ကွက်၊ ၈ မိုင်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Fisherman’s Wharf Hot pot ကို ၂၀၀၅ ခုနှစ် ယူနန်ပြည်နယ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုအခါ “Chinese Fish Cooking Masters” တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်းချခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ပထမဆုံး Franchise အဖြစ် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

 

Fisherman’s Wharf Hot pot ဆိုင်မှာ စားသုံးသူတွေ အဆင်ြေ

hotpot1

ပစေမည့်အပြင် ကြိုက်နှစ်သက်မယ့် ဟင်းလျာအမျိုးအစားတွေကိုလည်း ခွဲခြားထားပါတယ်။

 

ဒီဆိုင်လေးမှာဆိုရင် ရိုးရာအစပ်ပြင်း ဆန်းသစ်အရသာ၊ အချဉ်၊ အစပ် အရသာ၊ မာလာအစပ် အရသာ၊ စီရွှမ်းအမွှေး အစပ်အရသာနဲ့ ထူးကဲတဲ့ စွပ်ပြုတ်အရသာ ဆိုပြီး ငါးမျိုး ရရှိနိုင်ပါတယ်။

 

ယင်းအပြင် စားသုံးသူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပြီး ချက်ပြုတ်ထားပါတယ်။

 

Fisherman’s Wharf က ယူနန်ပြည်နယ်မှာ ထူးခြားကောင်းမွန်တဲ့ အမှတ်တံဆိပ်အဖြစ် ရပ်တည်နေပြီး Baoshan, Pu’ er, Ruili နဲ့ အခြားအဆင့်မြင့်လုပ်ငန်းတွေမှာ “Consumer Satisfied Unit “ ဆုနဲ့အတူ IS0- 900- QS (Quaility Standard) ကိုလည်း ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:21
Rate this item
(1 Vote)