Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ဆိုင်နှင့်လဘက်ရည်ဆိုင်များ တရားဝင်ပြန်ဖွင့်ခွင့်ပြုရန်အစိုးရထံတောင်းဆိုထား

ရန်ကုန်တိုင်းဒေသကြီး အတွင်းက စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်များ စီးပွားရေး လည်ပတ်စေရန် နဲ့ ယင်းနဲ့ ဆက်နွယ်နေတဲ့အလုပ်သမားတွေ အလုပ်အကိုင်ရရှိစေနိုင်ဖို့

တရားဝင်ဖွင့်လှစ်ခွင့်ပြန်ခွင့်ပြု ပေးရန် အစိုးရ ကို တောင်းဆိုထားတယ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းကပြောပါတယ်။
"တရားဝင်ဖွင့်ခွင့်မပေးသေးဘူး။ဘာလုပ်ရမှန်းကိုမသိသေးဘူး။ရန်ကုန်တိုင်းအစိုးရရဲ့ခွင့်ပြုမိန့်ကိုစောင့်နေကြတာ။တချို့ဖွင့်တဲ့ဆိုင်တွေကလည်းဖွင့်နေကြတာဘဲ။စည်းကမ်းချက်မထုတ်ပြန်ထား သတ်မှတ်ချက်မထုတ်ပြန်ထားဘဲ ဖွင့်တဲ့ဆိုင်ကဖွင့် ပိတ်တဲ့ဆိုင်ကပိတ်ဆိုတော့ စည်းကမ်းလိုက်နာပြီးပိတ်ထားတဲ့ဆိုင်တွေအတွက်မကောင်းဘူးပေါ့။ဒါကိုနိုင်ငံတော်အစိုးရအနေနဲ့စိစစ်ပြီး အမြန်ဆုံးလုပ်ပေးသင့်ပြီလို့ထင်ပါတယ်။စည်းကမ်းချက်နဲ့မညီဖွင့်တဲ့ဆိုင်တွေအနေနဲ့လည်း သူတို့အနေနဲ့အများကြီးနစ်နာနေပြီး ဆူညံဆူညံတွေဖြစ် လာပြောလာကြပြီ"လို့ဦးနေလင်းကပြောပါတယ်။
လက်ရှိအချိန်တွင် ရန်ကုန်အတွင်းရှိစားသောက်ဆိုင်၊ လဘက်ရည်ဆိုင်များသည် မြို့နယ်အုပ်ချုပ်ရေးမှူးများ၏အခြေအနေပေါ်မူတည်ကာ ဖွင့်လှစ်လျက်ရှိကြခြင်းဖြစ်ပါတယ်။
"တပြေးညီထဲသတ်မှတ်ပြီးအစိုးရကသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေ ကျန်းမာရေးကသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေလိုက်နာပြီးဖွင့်ကြမယ် စည်းကမ်းချက်တွေမလိုက်နာဘဲဖွင့်တဲ့ဆိုင်တွေကို အရေးယူပြီးပိတ်မယ်ဆို ကူးစက်မှုနှုန်းလည်းလျော့သွားကြမှာပါ"လို့၎င်းက ထပ်မံပြောဆိုပါတယ်။
COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာဆက်လက်လိုက်နာပြီး COVID-19 နှင့်အတူ ယှဉ်တွဲ၍ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ၂၂ ရက်တွင်ထုတ်ပြန်ကြေညာထားပါတယ်။
MyanmarLabourNews

Read times
Rate this item
(0 votes)