Restaurants



တံထွေးပေကျံအောင် လုပ်ခဲ့သည့် ယောက်ျားလေးကို ဆူရှီဆိုင်ခွဲများ လုပ်ငန်းက တရားစွဲ

တံထွေးပေကျံအောင် လုပ်ခဲ့သည့် ယောက်ျားလေးကို ဆူရှီဆိုင်ခွဲများ လုပ်ငန်းက တရားစွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကွန်ဗေယာခါးပတ်ဖြင့် စားပွဲထိုးသည့် ဆူရှီဆိုင်ခွဲများလုပ်ငန်း Akindo Sushiro Co  က ၎င်း၏ ဆိုင်ခွဲတစ်ခုတွင် ယောက်ျားလေး တစ်ဦးက တံထွေးပေကျံအောင် ပြုသည့် ဗီဒီယိုကို အွန်လိုင်းမှာ တင်လိုက်ပြီး ပျံ့နှံ့သွားခဲ့ရာ ဆူရှီဆိုင်ခွဲများသို့ လာရောက်စားသောက်သူ လျော့နည်းသွားသည့်အတွက် နစ်နာကြေး ယန်း ၆၇ သန်း ရလိုမှုဖြင့် ၎င်းယောက်ျားလေးကို အိုစာကာတရားရုံးတွင် တရားစွဲဆိုထားသည်။

 

 ထိုဖြစ်ရပ်ကြောင့် မိခင်ကုမ္ပဏီ ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ပြီး ရှယ်ယာစုစုပေါင်းတန်ဖိုး ယန်း ၁၆ ဘီလီယံကျော် တန်ဖိုးကျသွားသည်။

Akindo Sushiro သည် ဆိုင်ပေါင်း ၆၀၀ ကျော်တွင် ပလတ်စတစ် အကာအရံများ အပါအဝင် စီမံဆောင်ရွက်ခဲ့ရသည့်အတွက် ယန်း သန်း ၉၀ ကုန်ကျသည်။

ယောက်ျားလေးသည် တံထွေးပေကျံအောင် လုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး နောင်တရကြောင်း ပြောကြားသည်။ တရားခံရှေ့နေတို့က ၄၅ စက္ကန့်ကြာ ၎င်းဗီဒီယိုသည် ၎င်း၏သူငယ်ချင်းများကြားတွင်သာ မျှဝေရန်ဖြစ်ပြီး အွန်လိုင်းတွင် ပျံ့နှံ့စေရန် ဗီဒီယိုဖန်တီးသည့် ရည်ရွယ်ချက် မရှိကြောင်း၊  သူ့လုပ်ရပ်များနှင့် ဖောက်သည်များ လျော့ကျခြင်းတို့အကြား ခိုင်မာသည့် ကြောင်းကျိုး ဆက်နွှယ်မှု မရှိကြောင်း၊ ပြိုင်ဘက် ဆူရှီဆိုင်များကြားတွင် ပြင်းထန်သောပြိုင်ဆိုင်မှုကြောင့် ဖြစ်ကြောင်း တင်ပြသည်။

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Monday, 12 June 2023 20:08
Rate this item
(0 votes)