Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပွဲဝယ် တစ်ပွဲလက်ဆောင်ရမဲ့ Ayam Penyet, AP Myanmar ရဲ့ Big Promotion

ဒီအရန်ပန်းညက်ဆိုတဲ့အစားအသောက်က တော်တော်များများသိကြမှာပါ Ayam Penyet AP Myanmar ရဲ့မူရင်းဆိုင်ဖြစ်တဲ့ စင်္ကာပူမှာ ပိုစားဖူးကြမယ်ထင်ပါတယ်။

တကယ်တော့ သူရဲ့မူရင်းက အင်ဒိုနီးရှားကပါ။ အင်ဒိုစာတွေက လူတွေထင်သလို မဆလာတွေနဲ့မဟုတ်ဘဲ မြန်မာပါးစပ်နဲ့အတော်အဆင်ပြေ တယ်။ အချို့ဟင်းတွေကတော့ အုန်းနို့အရသာများတယ်။ ဒါပေမယ့် အရန်ပန်းညက် Ayam Penyet ကိုစားပြီးရင်တော့ မကြိုက်သူမရှိအောင် ကြိုက်ကြတာများတယ်။

 

Ayam Penyet Ap Myanmar ကိုတော့ Myanmar Culture Valley မှာသွားစားဖူးသူတိုင်း သိကြမှာပါ။ အခုနောက်ထပ်ဆိုင်အသစ်ကို Kantharyar Center ဆယ်လွှာ ကန်သာယာလမ်းနဲ့ ဦးအောင်မြတ်လမ်းထောင့် (ယခင်သိမ်ဖြူကားမောင်းဝင်း) မင်္ဂလာတောင်ညွန့်မှာ ထပ်ဖွင့်လိုက်ပါပြီ။

fried chicken with tomatoes
Ayam Penyet  ကြက်သားကြော်
ဆိုင်နာမည်ကတစ်ကယ်တော့ အင်ဒိုနီးရှား east java ရဲ့ နာမည်ကြီးဟင်းပွဲနာမည်ကိုပေးထားတာ။ ကိုယ်တွေ မြန်မာလိုဆို မုန့်ဟင်းခါးရောင်းပြီး မုန့်ဟင်းခါးနာမည် ပေးသလိုပေါ့။ သူကြက်သားအရသာက အခြားနဲ့မတူဘူး smash လုပ်ထားတာမို့ ပိုပြီးစားလို့ကောင်းတယ်။

 

သူကကြက်ကို ကြော်ပြီး smash လုပ်ထားတဲ့ကြက်သားကို သခွားသီး၊ ကန်စွန်းရွတ်ပြုတ်၊ ပဲပြားကြော်နဲ့ သူရဲ့ singature chilli paste နဲ့ serve လုပ်ပါတယ်။

 

ဒီဟင်းကအရသာရှိတာသူရဲ့ ငရုတ်သီးဆော့လ်ကြောင့်ပါပဲ။ အာပြဲလန်အောင်စပ်ပေမဲ့ အစပ်ကြိုက်သူဆို အမြဲထပ်မတောင်းရမနေနိုင်ဘူး။ ဘာလီမှာနေ့တိုင်းနီးပါးစားတယ် အဲလောက်ထိကြိုက်တာပါ။ ထမင်းလေးနဲ့ဆို သိပ်မြိန်တာပဲ။

 

အခုဒီ ကြက်သားကြော်ဟင်းပွဲကို ၁၃ ရက်နေ့ထိ တစ်ပွဲဝယ်တစ်ပွဲလက်ဆောင်တဲ့နော် အမြန်သွားစားကြပါ။

 

ငါးခူကြော် ဟင်းပွဲ
ကြက်သားနဲ့မစားချင်ရင် ငါးကြော်နဲ့စားလဲရတယ် ငါးခူကြော်ကြွပ်ရွရွလေးနဲ့ သူရဲ့ မူလလက်ဟောင်း ငရုတ်သီးဆော့နဲ့လဲလိုက်တယ်။

 49771504 1112133138966784 3998850372050354176 n

အင်ဒိုနီးရှားအမဲသားဟင်း
တကယ်လို့ အမဲသားကြိုက်တဲ့သူတွေဆို ဒီဟင်းလေးစားကြည့်သင့်တယ်။ သူက အမဲသားကို အင်ဒိုစတိုင်အတိုင်း အုန်းနို့လေးနဲ့ချက်ထားတာပေါ့။  အုန်းနို့အနှစ်အရသာနဲ့ အမဲသားနူးနူးညံ့ညံ့လေးစားရတာလဲ တမျိုးကောင်းသား၊ အရင်ကအမဲသားကြော်ပဲစားနေကြမို့ ဒါလေးပြောင်းစားခဲ့တယ်။

 

ကြက်သားအာလူးဟင်း
မစားရသေးခင်တော့ အရသာကိုမသိသေးတော့ မြန်မာစတိုင်နဲ့တောင် ခပ်ဆင်ဆင်လေး အုန်းနို့နဲ့ချက်ထားတော့ အရသာကစားနေကြနဲ့မတူ ကွဲထွက်နေတယ်။ စားလို့လည်းအရမ်းကောင်းပါတယ်။

နောက်ပြီး သူဆီမှာ မိသားစုနဲ့လာရင်စားလို့ရအောင် အစုံပါတဲ့ လင်ဗန်း set တွေလဲရှိတယ် ဈေးကတော့ အမျိုးမျိုးပေါ့။

 

အအေး
အအေးမျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။

 

ကဲ promotion က ဆိုင်နှစ်ဆိုင်လုံးမှာရတာနော်။ ပြီးတော့ Original ကြက်သားကြော်ဟင်းပွဲကိုပဲပေးထားပါတယ်။

 

ရွေတိဂုံ ဘုရား အနောက်ဘက်မုခ်၊ No - G31 , ပြည်သူရင်ပြင် Myanmar Culture Valley ၊  PH-09264449864
 

Kantharyar Center, K-1-10 Level 10 ကန်သာယာလမ်းနဲ့ ဦးအောင်မြတ်လမ်းထောင့် (ယခင် သိမ်ဖြူကားမောင်းကွင်းနေရာ) မင်္ဂလာတောင်ညွှန့်မြို့နယ်၊

Read times Last modified on Tuesday, 08 January 2019 15:59
Rate this item
(1 Vote)