Restaurants



အလီဘာဘာ ထူထောင်သူ ဂျက်မား အသင့်စား စားသောက်ကုန် ကုမ္ပဏီအသစ် စတင်

အလီဘာဘာ ထူထောင်သူ ဂျက်မား အသင့်စား စားသောက်ကုန် ကုမ္ပဏီအသစ် စတင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Alibaba Group Holding တည်ထောင်သူ Jack Ma သည် ၂၀၂၀ ပြည့်နှစ်တွင် ကုမ္ပဏီဒါရုိက်တာဘုတ်အဖွဲ့မှ နုတ်ထွက်ပြီးနောက် ယခုနွေဦးရာသီအထိ နိုင်ငံရပ်ခြားမှာ နေထိုင်ခဲ့သည်။

 

ယခုအခါ မားက အသင့်စား အစားအစာ ထုပ်ပိုးစားသောက်ကုန် ရောင်းချမည့် ကုမ္ပဏီအသစ်တခုကို ထူထောင်လိုက်သည်။

 

 တရုတ်နိုင်ငံတွင် အရင်းအနှီး ယွမ် ၁၀ သန်း(ကန်ဒေါ်လာ ၁.၄၈သန်း) ဖြင့် ထူထောင်လိုက်ခြင်းဖြစ်ပြီး ချက်ပြုတ်ပြီးသား အသင့်စား စားစရာများကို ထုပ်ပိုးပြီး ရောင်းချမည် ဖြစ်သည်။

 

မားသည် အလီဘာဘာ ဒါရိုက်တာဘုတ်အဖွဲ့မှ နုတ်ထွက် ထားသော်လည်း ဩဇာညောင်းသည့် ပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိသည်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဂျက်မား ထူထောင်လိုက်သည့် ကုမ္ပဏီအသစ်၏ အမည်မှာ Hangzhou Majia Kitchen Food ဖြစ်ပြီး ထုပ်ပိုးထားသည့် အသင့်စား စားသောက်ကုန်အမျိုးမျိုးကို ရောင်းချခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ စိုက်ပျိုးထုတ်ကုန် လက်ကားရောင်းချခြင်း၊ နေ့စဉ် စားသုံးသည့် အစားအစာများကို ချက်ပြုတ်ထုပ်ပိုးပြီး အသင့်စား စားသောက်ကုန်အနေဖြင့် လက်ကား ရောင်းချခြင်း၊ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း၊ ဟိုတယ်စီမံခန့်ခွဲခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည် ဖြစ်သည်။

Hangzhou Majia Kitchen Food ကို  Hangzhou Dajingtou No. 22 Culture and Art က အပြည့်အဝ ပိုင်ဆိုင်သည်။

Hangzhou Dajingtou No. 22 Culture and Art တွင် ၉၉.၉% ကို ဂျက်မားက ပိုင်ဆိုင်သည်။

 

တရုတ်နိုင်ငံ၏ အသင့်စားအစားအစာဈေးကွက်တန်ဖိုးသည် ၂၀၂၆ ခုနှစ်တွင် ယွမ် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ) ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

 Source yicaiglobal


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 25 November 2023 12:09
Rate this item
(0 votes)