Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ဆိုင်များနှင့် စားစရာပို့အက်ပ်များအကြား ကော်မရှင်ကိစ္စ

coronavirus နှင့် သက်ဆိုင်သော ကန့်သတ်ချက်များကြောင့် စင်ကာပူရှိ စားသောက်ဆိုင်များသည်

အက်ပ် အသုံးပြုပြီး စားစရာပေးပို့သည့် လုပ်ငန်းများကို ယခင်ကထက် ပို၍ အားကိုးနေရသသည်။ တစ်နည်းဆိုသော် စားစရာပို့ အက်ပ်များကို အားကိုးပြီး ဝင်ငွေ ရှာနေကြရသည်။ သို့သော် ယင်းအက်ပ်များက တောင်းခံသည့် ရာခိုင်နှုန်းသည် မြင့်မားနေသဖြင့် စားစရာ ‌‌ရောင်းရသည့်အတွက် အမြတ်မကျန်တော့ဘဲ အရှုံးပေါ်ကာ ဆိုင်ပြုတ်မည့်အရေးကို စိုးရိမ်မှုများ တိုးပွားလာနေသည်။

"ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ လက်တွဲဖော်ပါတနာတွေပါလို့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝေါ်နေကြပေမဲ့ တကယ်တမ်းကျတော့ အဲဒီဟာရဲ့ အဓိပ္ပာယ်ကို တကယ်သိရဲ့လားဆိုတာ ကကျွန်တော်တို့ စဉ်းစားနေရတယ်" ဟု စားသောက်ဆိုင် ၆၀၀ ကျော်ပါသည့် ညွှန့်ပေါင်းအဖွဲ့က အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

စားစရာပေးပို့သည့် အင်တာနက် ပလက်ဖောင်းများသည် ကော်မရှင်ကို မှာကြားမှုတစ်ခုတိုင်းအတွက် များသောအားဖြင့် ၃၀ % ဝန်းကျင် ရယူနေသည်။ ထိုပမာဏသည် စားသောက်ဆိုင်များ ရရှိမည့်အမြတ်များ ပဲ့ပါသွားစေသည်။ စားသောက်ဆိုင်များသည် ပါးပါးလေးသာ အမြတ်ယူပြီး ရောင်းချပေးနေကြရာပေရာ အမြတ်မရသည့်အပြင် အရှုံးပေါ်နေစေသည်။

 

စားသောက်ဆိုင်ညွန့်ပေါင်းအဖွဲ့က ယင်းကော်မရှင်ကြေးများကို ကန့်ကွက်နေကြပြီး ဝန်ကြီးချုပ် လီရှန်လွန်းက ကြားဝင်ဆောင်ရွက်ပေးပြီး နှုန်းထားသက်သာအောင် လုပ်ပေးဖို့ အကူအညီ တောင်းခံထားသည်။

Coronavirus ဖြစ်ပွားသည့်အချိန်တွင် စားသောက်ဆိုင်အတော်များများသည် ဆိုင်ထိုင်စား ခွင့်မပြုသည့်အပြင် စားသုံးသူတို့ကို အိမ်မှာ တတ်နိုင်သရွေ့ နေခိုင်းသဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချသည်ကို အားကိုးကြရသည်။ ထိုအခါ စားစရာပို့ပေးသည့် အက်ပ်လုပ်ငန်းများကို အားကိုးကြရသည်။

စားသောက်ဆိုင်ပေါင်း တစ်သောင်းကျော်တို့သည် စားစရာများကို GrabFood ဖြင့် မှာကြားသူများထံ ပေးပို့ကြရသည်။ ယင်းသည် တက္ကဆီ အငှားအက်ပ်လုပ်ငန်း Grab မှ လုပ်ကိုင်နေသော လုပ်ငန်းဖြစ်သည်။

 

ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုများကို နှိမ်နင်းရေးကြိုးပမ်းမှုအနေဖြင့် စင်ကာပူသည် ဧပြီလတွင်စားသောက်ဆိုင်များတွင် ဝင်ရောက်စားသုံးခွင့်ကို ပိတ်ပင်ထားပြီးနောက် စားစရာပို့ အက်ပ်များ သုံးစွဲမှုသည် စားသုံးသူများအကြား ပိုများလာပြီး အက်ပ်နှင့် ချိတ်ဆက်လုပ်ကိုင်သည့် စားသောက်ဆိုင် အရေအတွက်လည်း ပိုများလာသည်။ အစားအစာဖြန့်ဝေရေးအက်ပ်များကို မှာယူမှုမှာ ၂၀% ခန့် တိုးတက်လာသဖြင့် ကိုဗစ်ကာလအတွင်း စီးပွားရေးလုပ်ငန်း အများအပြားတို့ ဆုတ်ယုတ်နေကြစဉ် စားစရာပို့အက်ပ်များ လူစည်းကားနေသည့် ပလက်ဖောင်းများ ဖြစ်လာကြသည်။ ထိုသို့ သုံးစွဲသူ တိုးလာသည်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြိုင်ဘက်များ ဖြစ်ကြသည့် Grab  နှင့် Foodpanda တို့သည် သူတို့၏ ယာဉ်များ တိုးချဲ့သုံးစွဲပြီး ယာဉ်မောင်းများ တိုးချဲ့သုံးစွဲခဲ့ကြသည်။

 

 

သို့သော် ပေးပို့အမှာစာများ တိုးလာသည်နှင့်အမျှ ကော်မရှင်ကြေးများအပေါ် မကျေနပ်မှုများဖြစ်ပေါ်လာသည်။ စားသောက်စရာများကို  ရောင်းချခြင်းမှ ရရှိသည် ဝင်ငွေထဲမှ ဖဲ့ပြီး အက်ပ် လုပ်ငန်းကို ပေးကြရသော်လည်း ဆိုင်မှာ စားသုံးသူအခြေကို ပိုမိုများပြားစေလိုသဖြင့် သည်းခံပြီး အက်ပ်လုပ်ငန်းကို သုံးစွဲကြသည်။ ကိုဗစ်မတိုင်ခင်က ဆိုင်မှာ ထိုင်စားသူများထံမှလည်း ဝင်ငွေ ရရှိနေပြီး အက်ပ်ဖြင့် မှာစားသည့် ပမာဏမှာလည်း အချိုးအစား မကြီးမားသဖြင့် မသိသာချေ။ ဆိုင်ထိုင်စားခြင်း ပိတ်ပင်ထားသောအခါ အက်ပ်ဖြင့် မှာစားသည်ကိုသာ ရောင်းချနေရသဖြင့် ကော်မရှင်ကြေးသည် ဆိုင်မှ ရမည့် အမြတ်ကို အရှုံးပြသည့် အဖြစ်သို့ ရောက်သွားသည်။

စားသောက်ဆိုင် ၉၀ ရာခိုင်နှုန်းနီးပါးသည် ပိတ်ပစ်ရတော့မည့် အရေး ရှိနေကြောင်းစားသောက်ဆိုင်ပိုင်ရှင်တဦး ကပြောကြားခဲ့သည်။  ပို့ဆောင်ရေးပလက်ဖောင်းများသည်စားသောက်ဆိုင်လုပ်ငန်း၏အခြေအနေကို အသိအမှတ်ပြုပြီး နာကျင်မှုကို သက်သာစေရန်အခွင့်အရေးများကို ကမ်းလှမ်းခဲ့သည်။ 

Grab သည်စားသောက်ဆိုင်များသို့ ပစ္စည်းနှင့် ပစ္စည်းကိရိယာများကို လက်ကားဈေးနှုန်းများဖြင့်ရောင်းချနေသည်။ ကုမ္ပဏီက ဆိုင်၏ ဘဏ္ဍာရေး အခြေအနေကို သိနေနိုင်ရန် အက်ပ်တစ်ခုပေးသုံးသည်။ 

စင်ကာပူရှိ  Foodpanda သည် သူနှင့် ပူးပေါင်းလုပ်ကိုင်သည့် စားသောက်ဆိုင်များကို စစချင် ပထမလအတွက် ကော်မရှင်ကြေး မယူချေ။ 

သို့သော် ထိုက်သင့်သလောက် ရယူခြင်း မပြုပါက ၎င်းတို့ထံတွင် လုပ်ကိုင်နေသော ယာဉ်မောင်းများ ဒုက္ခရောက်ကြလိမ့်မည်။

အဓိကကျသည်မှာ ယခင်က ဆိုင်မှာ လာစားကြသဖြင့် အိမ်သို့ ပို့ပေးရသည့် စရိတ် မရှိချေ၊ ယခု အိမ်တိုင်ရာရောက် ပေးပို့ရသည့်အတွက် စရိတ်တိုးသွားပြီး အက်ပ်လုပ်ငန်းအတွက် အကျိုးအမြတ်များကိုပါ စားသောက်ဆိုင်များက ပေးနေရခြင်း ဖြစ်သည်။ 

 

စားသောက်ဆိုင်များနှင့် စားစရာပို့ အက်ပ်လုပ်ငန်းများအကြား တင်းမာမှုသည် နောက်ထပ် စားစရာပို့ အက်ပ်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်နိုင်အောင် လမ်းသာနေစေသည်။ ဟောင်ကောင်မှ Lalamove သည် ကော်မရှင်ကို ၁၀% သာသာမျှသာ ကောက်ခံသည်ဖြစ်ရာ သက်သာသဖြင့် ၎င်းနှင့် လုပ်ကိုင်သည့် စားသောက်ဆိုင်များ ပိုများလာနေသည်။ စင်ကာပူတွင် ဧပြီတစ်လအတွင်းမှာ ယာဉ်မောင်း ၃၀၀၀ ကျော် ထပ်တိုးခဲ့ပြီး ယာဉ်မောင်း ၁၁ ၀၀၀ ဦးကျော် ခန်ံ့ထားပြီး လုပ်ကိုင်နေသည့် အခြေအနေသို့ ရောက်ရှိသည်၊ 

စားစရာ ပေးပို့သည့် အက်ပ်များသည် အခြားဈေးကွက်များတွင်လည်း ပွဲဆူသည်။ စန်ဖရန်စစ္စကို မြို့တွင် ကော်မရှင် ၁၅%ထက် ပိုမယူရန် ပြဌာန်းပေးထားသည်။ အရှေ့တောင် အာရှတွင် သက်ဆိုင်ရာအာဏာပိုင်တို့က ကြားဝင်ဆောင်ရွက်ပြီး ဖြေရှင်းပေးခြင်း မရှိသေးပေ။

Read times
Rate this item
(0 votes)